![]() |
Photo: STRINGER / AFP |
ဖိလစ်ပိုင်ရဲတပ်ဖွဲ့အဆိုအရ ဒါဟာ ဖိလစ်ပိုင်အစိုးရနဲ့ ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားတဲ့ မိုရို အမျိုးသား လွတ်မြောက်ရေးတပ်ဦးရဲ့ အကူအညီနဲ့ လွတ်လာတာဖြစ်တယ်လို့ ဆိုပါတယ်။
ပြန်လွတ်လာသူတွေကို တနင်္ဂနွေနေ့က ဖိလစ်ပိုင်နိုင်ငံ တောင်ဘက် ဇင်ဘွာဂါမြို့မှာ အင်ဒိုနီးရှားသံအမတ်ကြီးထံကို လွှဲပြောင်းပေးလိုက်ပါတယ်။
အခုလို ပင်လယ်ပြင်မှာ ဓါးမြတိုက်ပြီး လူတွေကို ပြန်ပေးဆွဲနေတာတွေကို အဘူဆာရပ်အဖွဲ့က အဓိက လုပ်ဆောင်နေတာဖြစ်တယ်လို့ဆိုပါတယ်။ ဒီအဖွဲ့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ နာမည်ပျက်စာရင်းမှာ လည်းပါဝင်နေပါတယ်။
ပြီးခဲ့တဲ့လကစပြီး ပင်လယ်ပြင်မှာ ဖိလစ်ပိုင်၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက ကင်းလှည့်တာတွေ တိုးမြှင့်ဆောင်ရွက်နေပါတယ်။
RFA Burmese
https://www.facebook.com/pg/rfaburmese
COMMENTS