မြန်မာ့အခေါက်ရွှေဈေး တစ်ကျပ်သား ကျပ် ၁ဝ သိန်းနီးပါးအထိ မြင့်တက်လာ


ရန်ကုန် စက်တင်ဘာ ၁၃

မြန်မာ့အခေါက်ရွှေဈေး တစ်ကျပ်သား လျှင် ငွေကျပ် ၁ဝ သိန်းနီးပါးအထိ မြင့်တက်လာခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ရုံးမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်း ရှင်များအသင်းမှ ပြန်ကြားရေးမှူး ဦးအေးချိုက ''ဒီကနေ့ ရွှေဈေးနှုန်းက နံနက် ၁ဝ နာရီခွဲ အဖွင့်မှာ ကမ္ဘာ့ရွှေ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၂ဝ၅ ဒေါ်လာရှိပြီး မြန်မာ့အခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ် ၉၉၂၅ဝဝ နဲ့ စဖွင့်ပြီး အရောင်းအဝယ်ပြုကြပါ တယ်။ နေ့လယ်ပိုင်း ၂ နာရီခွဲလောက် မှာ ကမ္ဘာ့ရွှေဈေးက တစ်ဒေါ်လာ တက်လာခဲ့လို့ မြန်မာ့ရွှေဈေးက ငွေကျပ် ၉၉၆၅ဝဝ အထိ ဖြစ်သွားပါတယ်။ အဲဒါ ရွှေလောကရဲ့ အမြင့်ဆုံးစံချိန်တစ်ခု ပါပဲ။ ညနေ ၄ နာရီ ဈေးကွက်ပိတ်ချိန် မှာတော့ ကမ္ဘာ့ရွှေဈေးက ၁၂ဝ၅ ဒေါ်လာ ပြန်ဖြစ်ပြီး မြန်မာ့ရွှေဈေးကွက်မှာတော့ ငွေကျပ် ၉၉၅၅ဝဝ နဲ့ ပိတ်သွားခဲ့ပါ တယ်'' ဟု ပြောသည်။

ယခုလများအတွင်း မြန်မာ့ရွှေဈေး ငွေကျပ်ဆယ်သိန်း ကျော်လာနိုင်ခြင်း ရှိ မရှိ မေးမြန်းမှုအပေါ် ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ''ဒီကနေ့ မြန်မာ့ရွှေဈေးတက်နေတာက ဒေါ်လာ ဈေး မာလာလို့(တက်လာလို့)၊ အခြား ဈေးကွက်တွေမှာလည်း ဈေးတက်လာ ခဲ့ပါတယ်။ နောက် နိုင်ငံရေးအရ လည်းပါတယ်။ မကြာခင် တရုတ်အစိုးရ ခေါင်းဆောင်နဲ့ အမေရိကန်အစိုးရ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံဖို့လည်း ရှိတယ်။ အဲဒီအဖြေပေါ်မှာ ကြည့်ရဦး မှာပါ'' ဟု ပြောသည်။

သို့သော် လမ်းမတော်မြို့နယ်၊ လသာမြို့နယ်အတွင်းရှိ အချို့သော ရွှေဆိုင်ကြီးများတွင် လူများစည်ကား နေမှုကိုမြင်မိ၍ မေးကြည့်ရာ ''ရွှေဈေး တက်လာတဲ့အတွက် ရွှေဆိုင်တွေ အရောင်းအဝယ်မကောင်းဘူး။ လက်ရှိ အနေအထားမှာ ဆိုင်ရောင်းအားထက် ဝယ်ပြီးသား ပြန်သွင်းသူများတာ ကြောင့် စည်ကားနေတာ ဖြစ်နိုင်ပါ တယ်''ဟု ဦးအေးချိုက သုံးသပ် ပြောကြားသည်။
လက်ရှိအနေအထားတွင် ရွှေဆိုင် ကြီးများ အရောင်းအဝယ်မကောင်းသည့် အတွက် ရွှေဘုံသာလမ်းတစ်လျှောက် အရောင်းအဝယ်ပြုလုပ်သူများ လုပ်ငန်း အလွန်အေးလျက်ရှိပြီး ¤င်းတို့၏ ပြောကြားမှုမှာ ''ဒီကနေ့ပဲ ရွှေဈေးက ငွေကျပ် ၉၉၆၅ဝဝ အထိ တက်သွားတယ်။ ကျပ်ဆယ်သိန်းပြည့်ဖို့ ကျပ် ၃၅ဝဝ ပဲ လိုတော့တာ။ မနက်ဖြန် (ယနေ့) ကျပ် ၁ဝ သိန်း ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူ အာမခံရဲမှာလဲ'' ဟု ကြားသိရသည်။

ရွှေလုပ်ငန်းရှင်တစ်ဦးက ''အမှန် တော့ ကျွန်တော်တို့က ရွှေဈေးအမြင့် ကြီးတက်တာ မကြိုက်ဘူး၊ ကျတာပဲ ကြိုက်တယ်။ ဥပမာ တစ်ကျပ်သားကို ကျပ် ၁ဝ သိန်း ဖြစ်တာထက် ကျပ် ငါးသိန်းဖြစ်သွားရင် လူတစ်ယောက်က ရွှေနှစ်ကျပ်သားဝယ်လို့ရတာပေါ့။ အဲဒါကို ကျွန်တော်တို့က ပိုကြိုက်တယ်'' ဟု ပြောသည်။

ယခုလက်ရှိ အနေအထား၌ ဒေါ်လာဈေးမှာ အမြင့်ဆုံးဖြစ်နေ၍ မြန်မာ့ရွှေဈေးမှာလည်း အချိန်အမြင့် ဆုံးဖြစ်နေကြောင်းနှင့် ဈေးပြန်အေးလာ နိုင်သည့် အခြေအနေတစ်ခု ပြန်ဖြစ်လာ နိုင်ကြောင်း သိရသည်။

တင်ဝင်းလေး(ကြည့်မြင်တိုင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

COMMENTS

Name

art,1,article,1344,cartoon variety,22,crime,70,culture,1,documentary,9,Entertainment,9,health,36,history,2,international,8575,interview,223,knowledge,9,Live,8,LocalNews,17549,news,2842,opinion,781,photos,203,poem,117,satires,39,song,12,speech,12,sports,193,statement,59,technic,59,translate,34,video,1073,voice,76,
ltr
item
dawnmanhon: မြန်မာ့အခေါက်ရွှေဈေး တစ်ကျပ်သား ကျပ် ၁ဝ သိန်းနီးပါးအထိ မြင့်တက်လာ
မြန်မာ့အခေါက်ရွှေဈေး တစ်ကျပ်သား ကျပ် ၁ဝ သိန်းနီးပါးအထိ မြင့်တက်လာ
https://3.bp.blogspot.com/--kOv70gvDmc/W5smH_Khg8I/AAAAAAAB9_0/BMWYzznGBxw0VcWITi7ue7FGRC3DSMT0ACLcBGAs/s400/8.jpg
https://3.bp.blogspot.com/--kOv70gvDmc/W5smH_Khg8I/AAAAAAAB9_0/BMWYzznGBxw0VcWITi7ue7FGRC3DSMT0ACLcBGAs/s72-c/8.jpg
dawnmanhon
http://www.dawnmanhon.com/2018/09/blog-post_368.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/09/blog-post_368.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy