ရခိုင်ပြည်နယ်အရေး စုံစမ်းရေး ကော်မရှင်မှာ လုပ်ပိုင်ခွင့် အပြည့်ရှိသလား

ရခိုင်ပြည်နယ်တွင်း ဖြစ်ပေါ် ခဲ့တာတွေဟာ လူ့ပယောဂကြောင့် ပေါ်ပေါက်ခဲ့ရတဲ့ ဘေးဆိုးတွေ ဖြစ်တယ်။
ရခိုင်ပြည်နယ်ထဲက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် စုံစမ်းဖို့ မြန်မာနိုင်ငံတွင်း ဖွဲ့စည်းပေးထားတဲ့ ကော်မရှင်ကို လုပ်ပိုင်ခွင့် အပြည့်ပေးပါ ဆိုပြီး အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေက မြန်မာအစိုးရကို တိုက်တွန်းခဲ့တယ်လို့ စင်္ကာပူက ထုတ်ဖော် ပြောဆို လာပါတယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်လာကြတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ ဝန်ကြီးတွေဟာ သီးခြား တွေ့ဆုံမှု ပြုလုပ်ကြရင်းသား အခုလို တိုက်တွန်းတာ ဖြစ်တယ် ဆိုပြီး စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှနန်က ပါလီမန်တွင်း ပြောကြား လာတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်တွင်း ဖြစ်ပေါ် ခဲ့တာတွေဟာ လူ့ပယောဂကြောင့် ပေါ်ပေါက်ခဲ့ရတဲ့ ဘေးဆိုးတွေ ဖြစ်တယ်လို့လည်း မစ္စတာ ဘာလာခရစ်ရှနန်က ဆိုပါတယ်။

ရိုဟင်ဂျာတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ အတွက် တာဝန်ရှိသူတွေကို အပြစ်ပေး အရေးယူနိုင်ဖို့ လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းမှုတွေ ပြုလုပ်ဖို့ ဖိအားပေး တောင်းဆိုတာတွေ ရှိလာချိန်မှာ ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေး အဖွဲ့ကိုတော့ မြန်မာ အစိုးရက ပြည်ဝင်ခွင့် မပေးခဲ့ပေမယ့် စုံစမ်းရေး ကော်မရှင် တစ်ရပ်ကိုတော့ ဖွဲ့စည်း ပေးထားတာ ဖြစ်ပါတယ်။

အဲဒီ ကော်မရှင်ကို ဖိလစ်ပိုင် နိုင်ငံခြားရေး ဒုဝန်ကြီးဟောင်း မစ္စ ရိုဆာရီယို မယ်နာလိုကို ဦးဆောင် စေပြီး ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ မြန်မာအစိုးရက ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ရိုဆာရီယို မယ်နာလိုနဲ့ ဒေါက်တာအောင်ထွန်းသက်
ကော်မရှင်ထဲ ဂျပန် ဝါရင့် သံတမန် တစ်ဦးဖြစ်တဲ့ ကင်ဇို အိုရှီးမားကိုလည်း ထည့်သွင်းထားပြီး ကျန် အဖွဲ့ဝင် နှစ်ယောက်ကတော့ အခြေခံဥပဒေ ခုံရုံး ဥက္ကဋ္ဌဟောင်း ဦးမြသိန်းနဲ့ ယူနီဆက်ဖ် ကုလသမဂ္ဂ အဖွဲ့အစည်းမှာ ထိပ်တန်းတာဝန် ယူခဲ့ဖူးတဲ့ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်တို့လည်း ပါဝင်ပါတယ်။

သူတို့ စုံစမ်းရေး ကော်မရှင် အနေနဲ့ လုပ်ပိုင်ခွင့် အပြည့် အစိုးရက ပေးထားပြီးသား ဖြစ်တယ်လို့ ဒေါက်တာ အောင်ထွန်းသက်က ဘီဘီစီကို ပြောပါတယ်။

ကျုးလွန်မှုတွေအတွက် တာဝန်ရှိသူတွေဟာ အစိုးရ စစ်တပ် ဖြစ်တယ် ဆိုတဲ့ စွပ်စွဲမှုတွေ ရှိနေတဲ့ အတွက် စစ်တပ်နဲ့ ပတ်သက်ရင်ရော ကော်မရှင် အနေနဲ့ စုံစမ်း နိုင်ခွင့် ရှိသလား ဆိုတဲ့ ဘီဘီစီရဲ့ အမေးကိုတော့ ကော်မရှင်မှာ လုပ်ပိုင်ခွင့် အပြည့်ရှိသလို၊ သူတို့လည်း အကူအညီ အပြည့်အဝ ပေးမယ်လို့ ပြောထားပြီးသား ဖြစ်တယ် ဆိုပြီး တုံ့ပြန် ဖြေဆို သွားပါတယ်။

စုံစမ်းမှုတွေ စတင်နေပြီလို့ ဆိုပေမယ့် ဘယ်နေရာ ဘယ်ဒေသတွေမှာ ဘယ်လို ပုံစံမျိုးနဲ့ စုံစမ်းမှုတွေ လုပ်နေလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ကုလသမဂ္ဂ အထွေထွေ ညီလာခံကို လာတက်ကြတဲ့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေ တွေ့ဆုံကြစဉ် ရခိုင်ပြည်နယ်တွင်း ဖြစ်ပေါ် ခဲ့တယ်ဆိုတဲ့ အကြမ်းဖက် ဖြစ်ရပ်တွေ အပေါ် အင်မတန် စိုးရိမ်စိတ်တွေ ရှိနေတဲ့အကြောင်း မြန်မာ ကိုယ်စားလှယ်ကို အသိပေးခဲ့တယ်လို့ စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီးက ဆိုပါတယ်။

ရခိုင်ပြည်နယ် အကျပ်အတည်းနဲ့ ပတ်သက်ပြီး အပြစ်မဲ့သူတွေ၊ ထိခိုက် ခံစားရသူတွေ အတွက် မှန်ကန်သင့်မြတ်တဲ့ အတိုင်း မြန်မာ အစိုးရ အနေနဲ့ လုပ်ဆောင်ဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။
မဟာသီယာကလည်း ဒေါ်အောင်ဆန်းစုကြည် အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်
တကယ်လို့ အနာကို ကျက်အောင် မကုဘူးဆိုရင် အရှေ့တောင်အာရှ ဒေသတွင်းတင်မက တခြား နေရာတွေကိုပါ အကြမ်းဖက်ဝါဒ ပြန့်နှံ့ သွားနိုင်တဲ့ အန္တရာယ် ရှိနေတယ်လို့လည်း မစ္စတာ ဘာလာ ခရစ်ရှနန်က ပြောပါတယ်။

မလေးရှားရဲ့ တကျော့ပြန် ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်ဒ်ကလည်း သူ လတ်တလော ပေးခဲ့တဲ့ အင်တာဗျုး တစ်ခု အတွင်းမှာ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုင်တွယ်ပုံ အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်တာတွေ ပြုလုပ်ခဲ့ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တက်ရောက် စကားပြောခဲ့တဲ့ မြန်မာအစိုးရ ကိုယ်စားလှယ် ဦးကျော်တင့်ဆွေကတော့ မြန်မာ့အရေး စုံစမ်းဖို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ အခွင့် မရှိဘူးလို့ ထပ်လောင်း ပယ်ချ ခဲ့သလို ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ရိုဟင်ဂျာ လက်နက်ကိုင် အာဆာအဖွဲ့ မှာ တာဝန်ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

BBC Burmese
https://www.bbc.com

COMMENTS

Name

art,1,article,1344,cartoon variety,22,crime,70,culture,1,documentary,9,Entertainment,9,health,36,history,2,international,8672,interview,224,knowledge,9,Live,8,LocalNews,17710,news,2842,opinion,781,photos,203,poem,117,satires,39,song,12,speech,12,sports,194,statement,59,technic,59,translate,34,video,1074,voice,76,
ltr
item
dawnmanhon: ရခိုင်ပြည်နယ်အရေး စုံစမ်းရေး ကော်မရှင်မှာ လုပ်ပိုင်ခွင့် အပြည့်ရှိသလား
ရခိုင်ပြည်နယ်အရေး စုံစမ်းရေး ကော်မရှင်မှာ လုပ်ပိုင်ခွင့် အပြည့်ရှိသလား
https://3.bp.blogspot.com/-1d6F21F8Z8E/W7OHcpRtkvI/AAAAAAAB_kc/IwTk2xIFfFYFe8z3Yqu0nfcaszclM53SACLcBGAs/s400/12.jpg
https://3.bp.blogspot.com/-1d6F21F8Z8E/W7OHcpRtkvI/AAAAAAAB_kc/IwTk2xIFfFYFe8z3Yqu0nfcaszclM53SACLcBGAs/s72-c/12.jpg
dawnmanhon
http://www.dawnmanhon.com/2018/10/blog-post_34.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/10/blog-post_34.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy