“မခံစားနိုင်လွန်းတဲ့အတွက် တကိုယ်တော်ထွက်ရပြီ အမေ” လို့ဆိုတဲ့ ရုပ်ရှင်မင်းသားကြီး ကျော်သူ

ရန်ကုန်၊ အောက်တိုဘာလ ၄ ။ ။ စက်ရုံများအား ပြည်သူပိုင်သိမ်းခဲ့စဉ်ကာလက ဦးကျော်သူ၏ ဘိုးဘွားပိုင် “ ခေတ် အကြိုက်” နိုင်လွန်စက်ရုံဝင်းကြီးမှာလည်း အသိမ်းခံခဲ့ပြီး အဆိုပါ စက်ရုံမြေနေရာပြန်လည်ရရှိရေးအတွက် ဦးကျော်သူက စက်ရုံရှေ့တွင် တကိုယ်တော် ဓာတ်ပုံရိုက်ကာ ဆန္ဒဖော်ထုတ်သည့် အသွင်ကိုပြုလုပ်ခဲ့သည်။

အောက်တိုဘာလ ၄ ရက်နေ့၊ နံနက် ၆ နာရီခန့်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်၊ ၆ ရပ်ကွက်ရှိ ယခင်က “ခေတ် အကြိုက်” နိုင်လွန်စက် ရုံဝင်းကြီး၊ လက်ရှိချိန်ထိ ပြည်သူပိုင်သိမ်းဆည်းထားသည့် စက်ရုံရှေ့တွင် ဦးကျော်သူက “ သက်ရှိထင်ရှားမူလ ပိုင်ရှင်ကို ပြန်ပေးပါ”ဆိုသည့် စာတန်းပါဆိုင်းပုဒ်အား ကိုင်ဆောင်၍ ဘိုးဘွားပိုင်မြေပြန်လည်ရရှိရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

“မခံစားနိုင်လွန်းလို့ သားကိုယ်တိုင် မရမ်းကုန်းမြို့နယ်မှာ တစ်ကိုယ်တော်ထွက်ရပြီ အမေ။ ငယ်ငယ်တုန်းက အိမ်နီးချင်း နိုင်ငံတွေကမှာယူနေရတဲ့နိုင်လွန်ဇာကွက် ဒီဇိုင်းမျိုးစုံယက်လုပ်နေတဲ့ ဖေဖေတို့ပိုင်တဲ့" ခေတ် အကြိုက်နိုင်လွန်စက်" ရုံဝင်းကြီးထဲကို လိုက်သွားပြီး အလုပ်သမားတစ်ရာကျော်ရှိတဲ့အထဲ ဆော့ကစားကြတဲ့ ပုံရိပ်တွေကတစ်ဆင့် ပြည်သူပိုင်သိမ်းခံရ။ အဖိုး၊ အဖေ၊ ဦးလေးတို့ကို မတရားထောင်ချခံခဲ့ရ။ စစ်အစိုးရ လက်ထဲရောက်ချိန်မှာ ကျွန်တော်အိမ်ထောင်ကျပြီးနောက် ဒီစက်ရုံဝင်းနဲ့ကပ်လျက် မြေနေရာမှာ အိမ်ဆောက် နေထိုင်ရတော့ စက်ရုံကြီးကို အလွမ်းပြေနေ့စဉ်ငေးမောကြည့်ခဲ့ရ။ စစ်အစိုးရအချိန်ကာလမှာ ပြည်သူပိုင်ပစ္စည်း စက်ရုံများပြန်လည်၍ ပိုင်ရှင်များကိုပေးအပ်နေပြီဆိုတော့ အဖေနဲ့ဦးလေး၊အဒေါ်တို့က ကျွန်တော့်ကို စက်မှု ဝန်ကြီးထံသွားရန် တာဝန်ပေး၍ ဝန်ကြီးဦးအောင်သောင်းထံသွားတွေ့ခဲ့။ အခြားသူကို ပေးလိုက်ပြီ ဟုတာ ဝန်မဲ့စကားဖြင့်သာ နိဂုံးချုပ်ခဲ့ရ”ဟု ဆိုကာ ဦးကျော်သူက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် အောက်တို ဘာလ ၄ ရက်နေ့ရက်စွဲဖြင့် ရေးသားထားသည်။

လက်ရှိ အစိုးရလက်ထက်တွင်လည်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မတရားအသိမ်းခံရသည့် မြေများ၊ စက်ရုံ များအား တရားနည်းလမ်းကျကျ အမြန်ဆောင်ရွက်ပေးနေသည်ဟုဆိုသဖြင့် ဦးကျော်သူအနေဖြင့် အဆိုပါ ဘိုးဘွားပိုင် စက်ရုံမြေကိစ္စနှင့်ပတ်သက်ပြီး အမြန်စာတင်ခဲ့ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်တွင် ရေးသား ထားသည်။

“သမ္မတကြီး၊ အမေစုနှင့် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်အဖွဲ့နှင့် ဝန်ကြီးချုပ်အပြင် သက်ဆိုင်ရာဌာနများ သို့ စာတင်ခဲ့သည်မှာ လေးကြိမ်မျှရှိခဲ့ပါပြီ။ ဒီကြားထဲ စက်ရုံမှာ အပင်များခုတ်ပစ်နေ၍ စည်ပင်ကိုအကြောင်း ကြား။ သို့သော် စည်ပင်က လာစစ်တဲ့အချိန်မှာသစ်ပင်တစ်ပင်မျှမရှိတော့။ နောက် စက်ရုံရှိ အဆောက်အဦ ကြီးများ (ရုပ်ရှင်ရုံနှစ်ရုံစာခန့် ကျယ်ဝင်းသော အဆောက်အဦး) များကို စတင်ဖြိုဖျက်နေပြီကို သိရှိရ၍ စည်ပင် မှတစ်ဆင့် ထပ်မံတားမြစ်။ ခေတ္တရပ်သွား။ ယခုမူ စည်ပင်ကထပ်မံသွားကြည့်ချိန်တွင် ကွင်းပြောင်ပြောင် အရိပ်အာဝါသ ကင်းမဲ့ခဲ့ရပြီဖြစ်တော့သည်။ ဝသုနြေ္ဒမြေစောင့်နတ်မင်းကြီးကိုတိုင်တည်သစ္စာဆိုလျက် (ကျော်သူ)”ဟု ဆိုကာ ဦးကျော်သူက ရေးသားထားသည်။

ဦးကျော်သူက ဆန္ဒပြခဲ့ခြင်းလုံးဝမဟုတ်ဘဲ ဖေ့ဘုတ်စ်တင်ရန်အတွက် ဓာတ်ပုံလာရိုက်ခြင်းသာဖြစ်ပြီး ၎င်း၏ ဘိုးဘွားလက်ထက်က ပိုင်ဆိုင်ခဲ့သော စက်ရုံမြေအား ပြန်လည်ရရှိရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း မရမ်း ကုန်းမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက မဇ္ဈိမသို့ပြောသည်။

“ အခုနက ကျွန်တော်သက်ဆိုင်ရာတွေကို ဆက်မေးကြည့်လိုက်တယ်။ ဆန္ဒပြတဲ့သဘောမဟုတ်ပါဘူးတဲ့။ မနက်ခင်းလာပြီးတော့မှ အဲ့ဒီလို ၆ နာရီ မနက်စောစောလေးမှာပေါ့နော်။ စက်ရုံရှေ့မှာ သူ့ဘာသာ ဓာတ်ပုံ ရိုက်ပြီးတော့ ဖေ့ဘုတ်စ်တင်လိုက်တာ အဲ့ဒီသဘောပဲ။ ကြွေးကြော်တာတို့၊ ထိုင်ပြီး ဆန္ဒပြတာတို့ အဲ့ဒီ သ ဘောတွေ လုံးဝမဟုတ်ပါဘူးဗျ။ ရိုးရိုးတန်းတန်းပါပဲ။ သူဖေ့ဘုတ်စ်တင်ဖို့ လာပြီး ဓာတ်ပုံရိုက်ပြီး တင်လိုက်တာ။ သူတို့ဘိုးဘွားပိုင်ဟာ ပြန်ရဖို့ပေါ့။ သူတို့ ဘိုးဘွားတွေလက်ထက်က ရှိထားတာတွေပေါ့နော်”ဟု ဦးရန်ရှင်းက ပြောသည်။

အဆိုပါ “ သက်ရှိထင်ရှားမူလ ပိုင်ရှင်ကို ပြန်ပေးပါ”ဆိုသည့် စာတန်းပါဆိုင်းပုဒ်အားကိုင်ဆောင်ကာ ဓာတ်ပုံ ရိုက်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ဦးကျော်သူအား မဇ္ဈိမက ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။
http://www.mizzimaburmese.com/article/43781

COMMENTS

Name

art,1,article,1344,cartoon variety,22,crime,68,culture,1,documentary,9,Entertainment,9,health,35,history,2,international,8454,interview,223,knowledge,9,Live,8,LocalNews,17357,news,2842,opinion,780,photos,203,poem,117,satires,39,song,12,speech,12,sports,193,statement,59,technic,59,translate,34,video,1073,voice,76,
ltr
item
dawnmanhon: “မခံစားနိုင်လွန်းတဲ့အတွက် တကိုယ်တော်ထွက်ရပြီ အမေ” လို့ဆိုတဲ့ ရုပ်ရှင်မင်းသားကြီး ကျော်သူ
“မခံစားနိုင်လွန်းတဲ့အတွက် တကိုယ်တော်ထွက်ရပြီ အမေ” လို့ဆိုတဲ့ ရုပ်ရှင်မင်းသားကြီး ကျော်သူ
https://4.bp.blogspot.com/-CsddKPFVqAY/W7YyGcen9sI/AAAAAAAAfS4/Xh86AbObXM8j0MenuWCB-Avta1mXozKsgCLcBGAs/s640/Q1.jpg
https://4.bp.blogspot.com/-CsddKPFVqAY/W7YyGcen9sI/AAAAAAAAfS4/Xh86AbObXM8j0MenuWCB-Avta1mXozKsgCLcBGAs/s72-c/Q1.jpg
dawnmanhon
http://www.dawnmanhon.com/2018/10/blog-post_42.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/10/blog-post_42.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy