NLD အစိုးရအနေဖြင့် တပ်မတော်အပေါ် ရှုမြင်ပုံပြောင်းလဲပြီး ညွန့်ပေါင်းအစိုးရအနေဖြင့် ဆက်ဆံပါက ပြုပြင်ပြောင်းလဲရေး ပိုမိုမြန်ဆန်မည်ဟု ဦးရဲထွဋ်ပြော

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရအနေဖြင့် တပ်မတော်အပေါ် ရှုမြင်ပုံပြောင်းလဲပြီး ညွှန့်ပေါင်းအစိုးရအနေဖြင့် တစ်နည်အားဖြင့် လုပ်ဖေါ်ကိုင်ဖက် အနေဖြင့် ရှုမြင် စဉ်းစားမည် ဆိုပါက ပြုပြင်ပြောင်းလဲရေးမှာ ပိုမိုမြန်ဆန်မည်ဟု ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က သုံးသပ်ပြောကြားသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဗဟန်မြို့နယ်က ယုဇနတာဝါတွင် ရှိသည့် ပြည်သူ့ပါတီ ရုံးချုပ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် လာသော ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်အား The Ladies News က ယခင် ပြည်ခိုင်ဖြိုးအစိုးရနှင့် တပ်မတော်ဆက်ဆံရေး၊ ယခု NLD အစိုးရနှင့် တပ်မတော် ဆက်ဆံရေး မည်သို့သော ကွာဟချက်များ ရှိပါသလဲဆိုသည်ကို မေးမြန်းရာတွင် ၄င်းက ယင်းသို့ဖြေကြားခဲ့ခြင်း ဖြစ်သည်။

`အဓိကကတော့ ကျွန်တော့်အမြင် ပြောရရင်လေ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီအနေနဲ့က တပ်မတော်အပေါ်မှာ ရှုမြင်ပုံပြောင်းရမယ်လို့ မြင်တယ်။ တပ်မတော် ၂၅ ရာခိုင်နှုန်း ပါခြင်းသည် ဒီမိုကရေစီစံနဲ့ မညီဘူးဆိုတာ ဘာမှအငြင်းပွားစရာ မရှိဘူး။ သို့သော် လက်ရှိနေရာမှာ ဒီ ၂၅ ရာခိုင်နှုန်းက အရှိတရားပဲ။ ဒါကြီးကို မရှိသင့်ဘူးဆိုပြီး ရန်ဖြစ်နေမယ့်အစား သူ့ကို ညွှန့်ပေါင်းအစိုးရ အဖွဲ့ဝင်တစ်ခုအနေနဲ့ မြင်လိုက်မယ်။ အမတ်နေရာ ၂၅ ရာခိုင်နှုန်းရထားတယ်။ ၀န်ကြီးနေရာ သုံးနေရာ ခွဲပေးထားတဲ့ ညွှန့်ပေါင်းအစိုးရ အဖွဲ့ဝင် တစ်နည်းအားဖြင့် လုပ်ဖေါ်ကိုင်ဖက် အနေနဲ့ မြင်ပြီးတော့ စဉ်းစားရင် ပိုလွယ်လိမ့်မယ်ထင်တယ်` ဟု ဦးရဲထွဋ်က ပြောကြားသည်။

လွှတ်တော်ထဲ၌ ရှိသော တပ်မတော်သား ၂၅ ရာခိုင်နှုန်းအား ဖယ်ရမည်ဟု ပြောနေမည်ဆိုပါက အခြေခံလိုအပ်ချက်ဖြစ်သည့် ယုံကြည်မှု တည်ဆောက်ရန် ခက်ခဲဖြစ်မည်ဟုလည်း ၄င်းက ဆိုသည်။

`ဒါကြောင့်မို့လို့ မြင်ပုံကိုက လုပ်ဖေါ်ကိုင်ဖက် အနေနဲ့မြင်လိုက်၊ ညွန့်ပေါင်းအစိုးရအနေနဲ့ မြင်လိုက်၊ အဖွဲ့ဝင်ပေါ့နော်။ အများစုနိုင်တာတော့ NLD ။ တပ်က ၂၅ ရာခိုင်နှုန်းပါတယ်။ ဒါတွေကို ညွှန့်ပေါင်း အစိုးရအဖွဲ့အနေနဲ့ ဆက်ဆံမယ်၊ စည်းရုံးမယ်ဆိုရင်တော့ ပိုပြီးတော့မြန်မယ်လို့ ကျွန်တော်ထင်တယ်` ဟု ဦးရဲထွဋ်က သုံးသပ်ပြောကြားသည်။

NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် ကမူ တပ်မတော်သား ၂၅ ရာခိုင်နှုန်းသည် ညွှန့်ပေါင်းဖွဲ့စရာမလိုဘဲ ဖွဲ့စည်းပုံ၏ ပြဋ္ဌာန်းအရ အလိုအလျောက် ပါဝင်ပြီးသား ဖြစ်ကြောင်း၊ ညွှန့်ပေါင်း ဖွဲ့သည်ဆိုသည်မှာ မည်သည့် ၀န်ကြီးနေရာ၊ မည်သည့် တာဝန်ကို ယူမည်ဆိုသည်ကို ညှိနှိုင်းရခြင်း ဖြစ်ကြောင်းနှင့် လက်ရှိ အခြေအနေတွင် တပ်မတော်သည် ညှိနှိုင်းစရာ မလိုဘဲ ၀န်ကြီးသုံးနေရာကို အလိုအလျောက် ရရှိပြီးသားဖြစ်သည်ဟု ဆိုသည်။

`ကျွန်တော်တို့ ဥက္ကဋ္ဌပြောထားတာ ရှိပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အခု အစိုးရအဖွဲ့မှာ ပါတဲ့ တပ်မတော်ကိုယ်စားပြုတဲ့ ၀န်ကြီးသုံးဦးတို့နဲ့ သူတို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်ပါတယ်။ သူတို့ကလည်း အင်မတန်ကိုဖေါ်ရွေပြီး ခင်မင်စရာကောင်းပါတယ်။ ဒါ ကျွန်တော်တို့ ပြောထားပြီးပါပြီ။ ဒီအစိုးရအဖွဲ့ထဲမှာ ရင်းရင်းနှီးနှီးနဲ့ ပူးပေါင်းလုပ်နေတယ် ဆိုတာ ပေါ်လွင်ပြီးသားပါ။ သူတို့ ဘာကိုထပ်ပြီးတော့ လိုက်လျောစေချင်တယ် ဆိုတာကတော့ သူတို့ စကားထဲမှာ မရှင်းပါဘူး` ဟု ဒေါက်တာမျိုးညွှန့်က ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပြဋ္ဌာန်းချက်အရ ဥပဒေပြုရေး ကဏ္ဍတွင် တပ်မတော်သား ၂၅ ရာနှုန်းပါဝင်ပြီး၊ အုပ်ချုပ်ရေးကဏ္ဍတွင်လည်း ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန မှ ပြည်ထောင်စုဝန်ကြီးများကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းပြီး နိုင်ငံတော်သမ္မတမှ ခန့်အပ်ရသည်။

အောင်ရဲနောင်
The Ladies News
http://www.theladiesnewsjournal.com/news/mon-2018-11-19-0849/11501?fbclid=IwAR2AqKM_m2B9NzViEofb_brdtv9upq0gagdpt2LubMRifZFnL3P6EeidlUA

COMMENTS

Name

art,1,article,1344,cartoon variety,22,crime,70,culture,1,documentary,9,Entertainment,9,health,36,history,2,international,8679,interview,224,knowledge,9,Live,8,LocalNews,17729,news,2842,opinion,781,photos,203,poem,117,satires,39,song,12,speech,12,sports,194,statement,59,technic,59,translate,34,video,1074,voice,76,
ltr
item
dawnmanhon: NLD အစိုးရအနေဖြင့် တပ်မတော်အပေါ် ရှုမြင်ပုံပြောင်းလဲပြီး ညွန့်ပေါင်းအစိုးရအနေဖြင့် ဆက်ဆံပါက ပြုပြင်ပြောင်းလဲရေး ပိုမိုမြန်ဆန်မည်ဟု ဦးရဲထွဋ်ပြော
NLD အစိုးရအနေဖြင့် တပ်မတော်အပေါ် ရှုမြင်ပုံပြောင်းလဲပြီး ညွန့်ပေါင်းအစိုးရအနေဖြင့် ဆက်ဆံပါက ပြုပြင်ပြောင်းလဲရေး ပိုမိုမြန်ဆန်မည်ဟု ဦးရဲထွဋ်ပြော
https://2.bp.blogspot.com/-IcYMpdB91ik/W_LZWctRPYI/AAAAAAAAfWE/auOxv9QqZ7k9fT6lCxR8gZngNA7rCwAfACLcBGAs/s400/q1.jpg
https://2.bp.blogspot.com/-IcYMpdB91ik/W_LZWctRPYI/AAAAAAAAfWE/auOxv9QqZ7k9fT6lCxR8gZngNA7rCwAfACLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2018/11/nld_22.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/11/nld_22.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy