တောင်သမန် ကန်ပတ်လမ်းတွင် လုယက်သတ်ဖြတ်ခံရသည့် ရတနာပုံတက္ကသိုလ်ကျောင်းသား၏ ဈာပန ပြုလုပ်


မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဆင်စွယ်ပွတ်ရပ်ကွက်၊ မဟာဂန္ဓာရုံကျောင်းတိုက်အနီး တောင်သမန် အင်း ကန်ပတ်လမ်းတာရိုးပေါ်တွင် လုယက်သတ်ဖြတ်ခံရသည့် ရတနာပုံတက္ကသိုလ်ကျောင်းသား၏ ဈာပနကို ဒီဇင်ဘာ ၂၇ ရက်၊ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

၎င်းမှာ ရတနာပုံတက္ကသိုလ်တွင် ကုန်ထုတ်ဓာတုဘာသာ စတုတ္ထနှစ်တက်ရောက်နေသည့် အသက် (၂၂) နှစ် ကိုစိုးမိုးဟိန်းဖြစ်ပြီး ၎င်း၏ နေအိမ်မှ ကသဲသုဿန်သို့ နေ့လယ် ၁း၀၀ နာရီတွင် ပို့ဆောင်သင်္ဂြိုလ်ခဲ့ကာ ဈာပန သို့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ လိုက်ပါပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

ကိုစိုးမိုးဟိန်းသည် ဒီဇင်ဘာ ၂၅ ရက်၊ ည ၇း၀၀ နာရီခန့်က သမီးရည်းစားဖြစ်သူ မခိုင်ဇင်ဝေနှင်းနှင့်အတူ ထိုင်နေစဉ် အမည်မသိ လူ ၄ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး “အကူအညီတောင်းချင်လို့ပါ”ဟု ပြောဆို၍ ပိုက်ဆံအိတ်လုယူရင်း ၎င်းတို့အနက်မှ တစ်ဦးက aပွ့ဖက်၍ ကိုစိုးမိုးဟိန်း၏ ဘယ်ဘက်ရင်ညွှန့်ကို ဓားဖြင့် ထိုးခဲ့ရာ ကိုစိုးမိုးဟိန်းမှာ တောင်သမန်အင်းအတွင်းပြုတ်ကျခဲ့သည်။

သမီးရည်းစားဖြစ်သူ မခိုင်ဇင်ဝေနှင်းက ပတ်ဝန်းကျင်အား အော်ဟစ်အကူအညီတောင်းစဉ် ၎င်းတို့အနက်မှ အ ခြားတစ်ဦးက သူမပါးစပ်အားပိတ်သဖြင့်ရုန်းကန်ရာ တာရိုးအုတ်ခုံပေါ်မှ တောင်သမန်အင်းအတွင်း ပြုတ်ကျခဲ့ ပြီး ၎င်းအုပ်စုအတွင်းမှ တစ်ဦးသည် အင်းအတွင်းသို့ဆင်း၍ ကိုစိုးမိုးဟိန်း၏ဝဲဘက်တင်ပါးဆုံအား ဓားဖြင့်ထပ်မံ ထိုးစဉ် ပတ်ဝန်းကျင်အား ထပ်မံအော်ဟစ်အကူအညီတောင်းရာ ၎င်းတို့မှာထွက်ပြေးသွားကြောင်း သိရသည်။

ပတ်ဝန်းကျင်မှပြည်သူများရောက်လာကာ ၎င်းတို့ကိုအကူအညီပေးပြီး ကိုစိုးမိုးဟိန်းကို မန္တလေးအထွေထွေရော ဂါကုဆေးရုံကြီးသို့ အချိန်မှီ ပို့ဆောင်ခဲ့သော်လည်း ကိုစိုးမိုးဟိန်းမှာ ည ၁၀း၀၀ နာရီခန့်တွင် ရရှိသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

"အခုလိုတွေဖြစ်သွားတာကတော့ တကယ်ကို စိတ်မကောင်းစရာပါပဲ။ ကျွန်တော်တို့ ရတနာပုံတက္ကသိုလ်ကနေ ကျောင်းသားတစ်ယောက်ဆုံးရှုံးသွားရပါပြီ။ လူငယ်တွေဟာ တစ်ချိန်မှာ နိုင်ငံခေါင်းဆောင်တွေဖြစ်လာမှာလို့ ပြောနေပေမယ့် ကျောင်းသားတွေရဲ့ဘဝတွေ မလုံခြုံနိုင်သရွေ့တော့ ဘာခေါင်းဆောင်မှဖြစ်လာမှာမဟုတ်ပါ ဘူး။ ဒီရတနာပုံကျောင်းပတ်ဝန်းကျင်မှာ လုံခြုံရေးကိုတိုးမြှင့်ပေးဖို့အတွက် တိုင်းအစိုးရကို အကြိမ်ကြိမ်တွေ့ဆုံ ပြီး တောင်းဆိုပေမယ့်လည်း လျစ်လျှူရှုနေခဲ့တယ်။ ဒါမဖြစ်သင့်ပါဘူး။"ဟု ရတနာပုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဥက္ကဌ ကိုကျော်သီဟရဲကျော်က ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပစ္စည်းလုယက်ပြီး ဓားဖြင့်ထိုးခဲ့သည့် အမည်မသိလူ ၄ ဦးအား အမရပူရမြို့မ ရဲစခန်းတွင် (ပ)၇၁၇/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ထားပြီး တရားခံ အမြန်ဆုံး ဖမ်းမိနိုင်ရေး စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

ထို့အပြင် မန္တလေးတိုင်းဒေသကြီးအတွင်း ဒီဇင်ဘာ ၆ ရက်၊ ညနေ ၃း၃၀ နာရီခန့်ကလည်း ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာရှိ ရတနာပုံဆိုက်ဘာစီးတီး နည်းပညာတက္ကသိုလ်မှ ဒုတိယနှစ်ကျောင်းသားတစ်ဦးမှာ မြို့သစ် မီးသတ်စခန်းအနီးတွင် ဆိုင်ကယ်လုယက်ခံရပြီး လုယက်သူတို့၏ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့ရသေးကြောင်း သိရသည်။

ရတနာပုံ နေ့စဉ်သတင်းစာ
https://www.facebook.com/yadanabonnewspaper

COMMENTS

Name

art,1,article,1357,cartoon variety,23,crime,70,culture,1,documentary,9,Entertainment,9,health,36,history,2,international,8819,interview,230,knowledge,9,Live,8,LocalNews,18130,news,2842,opinion,795,photos,203,poem,117,satires,40,song,12,speech,13,sports,196,statement,59,technic,59,translate,36,video,1077,voice,76,
ltr
item
dawnmanhon: တောင်သမန် ကန်ပတ်လမ်းတွင် လုယက်သတ်ဖြတ်ခံရသည့် ရတနာပုံတက္ကသိုလ်ကျောင်းသား၏ ဈာပန ပြုလုပ်
တောင်သမန် ကန်ပတ်လမ်းတွင် လုယက်သတ်ဖြတ်ခံရသည့် ရတနာပုံတက္ကသိုလ်ကျောင်းသား၏ ဈာပန ပြုလုပ်
https://1.bp.blogspot.com/-ZpR7CFnyDig/XCTDRHVaodI/AAAAAAACD5Q/_Uv1p90l9SgQXCrpAS-VGLVVhWuHP8LcACLcBGAs/s640/1.jpg
https://1.bp.blogspot.com/-ZpR7CFnyDig/XCTDRHVaodI/AAAAAAACD5Q/_Uv1p90l9SgQXCrpAS-VGLVVhWuHP8LcACLcBGAs/s72-c/1.jpg
dawnmanhon
http://www.dawnmanhon.com/2018/12/blog-post_210.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/12/blog-post_210.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy