မြန်မာစစ်တပ်လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း ကန်အောက်လွှတ်တော် ဆုံးဖြတ်

မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလုံခဲ့တဲ့ လုံခြုံရေးတပ်တွေရဲ့ ရက်စက် တဲ့ နယ်မြေရှင်းလင်းမှုဟာ Genocide လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ကြောင်းနဲ့ ထောင်ကျခံနေရတဲ့ ရိုက်တာသတင်းထောက် ၂ ဦးတို့ကို ချက်ချင်း ပြန်လွှတ်ပေးရေးအတွက် တောင်းဆိုတဲ့ ဆုံးဖြတ်ချက် ကို အမေရိကန် အောက်လွှတ်တော်မှာ အင်္ဂါနေ့ ကအတည်ပြုခဲ့တာဖြစ်ပါတယ်။ ဒေါ်လှလှသန်းက အကြောင်းစုံကို ပြောပြမှာပါ။

ပြီးခဲ့တဲ့နှစ် သြဂုတ်လက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို မြန်မာလုံခြုံရေးတပ်တွေက တုံ့ပြန်တဲ့ နယ်မြေရှင်းလင်းရေးကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလုံကြတဲ့ ရိုဟင်ဂျာတွေအပေါ် ရက်စက်တဲ့ ကျူးလွန်မှုတွေဟာ Genocide လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ကြောင်းနဲ့ အင်းဒင်ကျေးရွာမှာ ရိုဟင်ဂျာ ၁၀ ဦးအသတ်ခံရမှုကို သတင်းယူခဲ့မှုနဲ့ ပတ်သက်လို့ ထောင်ကျခံနေရတဲ့ ရိုက်တာသတင်းထောက် ၂ ဦးတို့ ပြန်လွှတ်ပေးရေးအတွက် အဓိကတောင်းဆိုတဲ့ Resolution 1091 ဆုံးဖြတ်ချက် ၁၀၉၁ ကို ၁၁၅ကြိမ်မြောက် အောက်လွှတ်တော်မှာ အင်္ဂါနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ အသံနဲ့ မဲခွဲဆုံးဖြတ်အတည်ပြုခဲ့တာဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို နိုင်ငံခြားရေး ဆပ်ကော်မတီဝင်တွေဖြစ်ကြတဲ့ အိုဟိုင်းယိုးပြည်နယ်က Republican အောက်လွှတ်တော်အမတ် Steve Chabot နဲ့New York ပြည်နယ် ဒီမိုကရက် အောက်လွှတ်တော်အမတ် Eliot Engel တို့ ဦးစီးပြီး ဒီမိုကရက် တွေရော Republican အမတ်တွေရော ပူးတွဲတင်သွင်းခဲ့ကြပြီး အင်္ဂါနေ့က ဆွေးနွေးခဲ့ကြရာမှာ ကယ်လီဖိုးနီးယားပြည်နယ် အောက်လွှတ်တော်အမတ် Brad Sherman က အဆိုပြုချက်ရဲ့ အဓိကဦးတည်ချက်ကို အခုလိုရှင်းပြခဲ့ပါတယ်။

“ဒီအဆိုပြုချက်မှာ မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးစုလိုက် ရှင်းလင်းဖယ်ရှားတဲ့ လုပ်ရက်တွေနဲ့ သမိုင်းဝင်တဲ့သတင်းတွေယူမှုကြောင့် ထောင်ချခံခဲ့ရတဲ့ ရိုက်တာသတင်းထောက် ၂ ဦးရဲ့အရေးကို မီးမောင်းထိုးပြထားပါတယ်။”

အောက်လွှတ်တော်အမတ် Sherman က ဆက်ပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ် ကျခံနေရတဲ့ ရိုက်တာသတင်းထောက် ၂ ဦးတို့ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို မြန်မာအာဏာပိုင်တွေအနေနဲ့ ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

“ဒီမှာက ရလဒ်တခုပဲရှိမှာပါ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ ဒီသတင်းထောက်တွေကို လွှတ်ငြိမ်းချမ်းသာခွင့်ပေးဖို့လိုပါတယ်။ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် ရက်စက်တဲ့ ပြစ်မှုတွေ ကျူးလွန်နေတယ်ဆိုတာကိုလည်း မြန်မာအစိုးရက အသိအမှတ်ပြုဝန်ခံပြီး ရိုဟင်ဂျာတွေကိုလည်း နိုင်ငံသားခံယူခွင့် ပေးဖို့လိုပါတယ်။ ဒီအဆိုပြုချက်ကို ကန့်ကွက်မဲမရှိ ထောက်ခံခြင်းအားဖြင့် လက်ရှိ လူမျိုးတုံးသတ်ဖြတ်မှုကို အဆုံးသတ်ရမယ်။ သတင်းထောက် ၂ ဦးကို ပြန်လွှတ်ပေးရမယ်ဆိုတာ အရေးကြီးကြောင်း ပြသရာ ရောက်ပါတယ်။”

ဒီဆုံးဖြတ်ချက် တင်သွင်းသူအနေနဲ့ ပါဝင်ခဲ့တဲ့ အာရှပစိဖိတ်ဆပ်ကော်မတီ ဥက္ကဋ္ဌ Florida ပြည်နယ် Republican အောက်လွှတ်တော်အမတ် Ted Yoho က မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် ရက်စက်တဲ့လုပ်ရပ်ဟာ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်တဲ့အတွက် အမေရိကန်အစိုးရအနေနဲ့ အသိအမှတ်ပြုဖို့ အခုလို တိုက်တွန်းလိုက်ပါတယ်။

“ကုလသမဂ္ဂ က လွန်ခဲ့တဲ့ လအနည်းငယ်ကပဲ အစီရင်ခံစာ ထုတ်ပြန်ခဲ့ရာမှာ မြန်မာစစ်တပ်ကအရပ်သားတွေကို စနစ်တကျ ပစ်မှတ်ထားတိုက်ခိုက်တဲ့ လုပ်ရက်ဟာ Genocidal Intent လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်တဲ့ လုပ်ရပ်လို့ ဆိုပါတယ်။ အချက်အလက် ရှာဖွေရေးနဲ့ တခြား NGO တွေကလည်း မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေကို မှတ်တမ်းတင်ခဲ့ရာမှာ နှိပ်စက်ညှင်းပမ်းမှု ၊အဓမ္မပြုကျင့်မှု ၊အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအ၀င် အပြစ်မဲ့တဲ့ အရပ်သားတွေအပေါ် သတ်ဖြတ်မှု ၊ ရိုဟင်ဂျာကျေးရွာတွေကို မီးရှို့မှု စတဲ့အထောက်အထားတွေကို တွေ့ရပါတယ်။ ဒါကြောင့် သံသယဖြစ်စရာမရှိတာက Genocide လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်တယ်လို့ အောက်လွှတ်တော်အမတ် Yoho က ပြောခဲ့ပါတယ်။"

ဒါ့အပြင် မြန်မာနိုင်ငံမှာ သတင်းယူမှုကြောင့် သတင်ထောက်တွေဖမ်းဆီးခြင်းခံနေရပြီး အထူးသဖြင့် ရိုက်တာသတင်းထောက် ၂ ဦးတို့ကို ပြန်လွှတ်ပေးဖို့ကို အောက်လွှတ်တော်အမတ် Yoho က တိုက်တွန်းလိုက်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ နိုပ်ကွပ်မှုကို ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ PILPG ခေါ် လူထုရေးရာ နိုင်ငံတကာဥပဒေနဲ့ ပေါ်လစီအဖွဲ့ရဲ့ အစီရင်ခံမှုနဲ့ အမေရိကန်အခြေစိုက် Holocaust ပြတိုက်ရဲ့ ထုတ်ပြန်ချက်တွေကိုအခြေခံပြီး ဒီပြစ်မှုဟာ အမေရိကန်ရဲ့ ကန့်သတ်ချက်အရ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရာ မြောက်တဲ့အတွက် မြန်မာစစ်တပ်အပေါ်အရေးယူဖို့ အောက်လွှတ်တော်အမတ် တွေက တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်အစိုးရအနေနဲ့ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ရက်စက်မှုတွေကို Ethnic Cleansing လူမျိုးစုအလိုက် ဖယ်ရှားမှုလို့ သတ်မှတ်ရာကနေ Genocide လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်ပေးဖို့ New York ပြည်နယ် အောက်လွှတ်တော်အမတ် Eliot Engel က တိုက်တွန်းလိုက်ပါတယ်။

“ဒါဟာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ကျူးလွန်ခဲ့တဲ့ ရက်စက်တဲ့ လုပ်ရက်တွေကို Genocide အဖြစ် သတ်မှတ်ပါတယ်။ သမ္မတ Trump အစိုးရအနေနဲ့ မြန်မာစစ်တပ်ကို သူတို့ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် အရေးယူဖို့ တောင်းဆိုပါတယ်။ ဒါ့အပြင် အကျဉ်းကျနေတဲ့ ရိုက်တာသတင်းထောက် ၂ ဦး ပြန်လွှတ်ပေးဖို့တောင်းဆိုပါတယ်။ ဒီအဆိုပြုချက်ကို အတည်ပြုခြင်းအားဖြင့် အဖမ်းခံနေရတဲ့ သတင်းထောက်ကိုယ်စားအပြင် ပွင့်လင်းပြီး ဒီမိုကရေစီနည်းကျ မြန်မာလူ့အဖွဲ့အစည်း ပေါ်ထွန်းရေးအတွက်လည်း ထောက်ခံအားပေးသွားဖို့ရှိပါတယ်။”

ဒီအဆိုပြုချက်ကို အသံနဲ့ မဲခွဲဆုံးဖြတ်ခဲ့ပြီး အင်္ဂါနေ့က အတည်ပြုခဲ့တာဖြစ်ပါတယ်။ အလားတူပဲ အထက်လွှတ်တော်မှာလည်း မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေအပေါ် ပစ်မှတ်ထားအရေးယူဖို့ Burma Human Rights and Freedom Act of 2018 ကိုလည်း ပြန်လည်တင်သွင်းဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

ဒီအတော်အတွင်းမှာတော့ အမေရိကန်နိုင်ငံခြားရေးဌာနက အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲမှာ လက်ထောက်ပြောခွင့်ရပုဂ္ဂိုလ် Robert Palladino က မြန်မာစစ်တပ်ရဲ့ ရက်စက်တဲ့ ကျူးလွန်မှုတွေကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်ပြောဆိုခြင်းမရှိခဲ့ပဲ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုအဖြစ်သာ ဆက်လက်ပြောဆိုခဲ့ပြီး အမေရိကန်အစိုးရအနေနဲ့ အဓိကထားတာကတော့ ရခိုင်ပြည်နယ်မှာ ပြဿနာရဲ့ အခြေခံအကြောင်းအရင်းတွေကို ဖြေရှင်းပေးဖို့နဲ့ လူသားချင်းစာနာမှု အထောက်အကူတွေပေးဖို့အပြင် ရက်စက်တဲ့ လုပ်ရက်တွေကို ကျူးလွန်ခဲ့သူတွေကို အရေးယူနိုင်ဖို့ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

https://burmese.voanews.com/a/myanmar-us-genocide-/4697009.html

COMMENTS

Name

art,1,article,1356,cartoon variety,23,crime,70,culture,1,documentary,9,Entertainment,9,health,36,history,2,international,8815,interview,230,knowledge,9,Live,8,LocalNews,18110,news,2842,opinion,794,photos,203,poem,117,satires,40,song,12,speech,13,sports,196,statement,59,technic,59,translate,36,video,1077,voice,76,
ltr
item
dawnmanhon: မြန်မာစစ်တပ်လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း ကန်အောက်လွှတ်တော် ဆုံးဖြတ်
မြန်မာစစ်တပ်လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း ကန်အောက်လွှတ်တော် ဆုံးဖြတ်
https://gdb.voanews.com/B8101255-FC93-4B40-AB28-B15FF1F8EB15_w1023_r1_s.jpg
dawnmanhon
http://www.dawnmanhon.com/2018/12/blog-post_238.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/12/blog-post_238.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy