အကျိုးမရှိသောချေးငွေများကို ခေတ်အဆက်ဆက်အစိုးရများမှ ရယူခဲ့သောကြောင့် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း(၇၀၀) ပြန်ဆပ်နေရဟုဆို

အကျိုးမရှိသောချေးငွေများကို ခေတ်အဆက်ဆက် အစိုးရများမှ ရယူခဲ့သောကြောင့် လက်ရှိ တွင် မြန်မာနိုင်ငံမှ အတိုးအရင်း ပြန်ဆပ်နေရသော ပြည်ပချေးငွေပမာဏမှာ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း(၇၀၀)ရှိနေကြောင်း ပုလဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ခင်စန်းလှိုင်က ဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော(၂၀၁၇-၂၀၁၈)ခုဘဏ္ဍာ ရေးနှစ် အစိုးရ၏ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာနှင့် ၎င်းအစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၁၀/၂၀၁၈)နှင့်ပတ်သက်၍ ဆွေးနွေးစဉ် ဒေါ်ခင်စန်းလှိုင်က ယင်းသို့ ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ချေးငွေနှင့်ဆောင်ရွက်သော လုပ်ငန်းစီမံကိန်းများ၏ အကျိုးပြုမှုကို လေ့လာကြည့်သည့်အခါ ထင်ထင်ရှားရှား လက်ညှိုးထိုးပြစရာ မရှိသည်ကို ဝမ်းနည်းဖွယ်တွေ့ရမည် ဖြစ်ကြောင်း၊ ထို့ပြင်စက်မှု ဝန်ကြီးဌာန အောက်ရှိ စက်ရုံ၊အလုပ်ရုံများ၊ ဥပမာအားဖြင့် မြင်းခြံသံမဏိစက်ရုံ၊ သာဂရစက်မှုဇုန် စသည့်စီမံကိန်းများအပြင် သမဝါယမချေးငွေများမှာ တိုင်းပြည်အတွက် အကြွေးဝန်ပိခြင်းသာ အဖတ်တင်သည့် လုပ်ငန်းစီမံကိန်းများ ဖြစ်နေသည်ကို သင်ခန်းစာမယူချင်၍ မရသည့်ကိစ္စရပ်များအဖြစ် မီးမောင်းထိုးပြနေသည်ကို တွေ့ရမည်ဟုလည်း ဒေါ်ခင်စန်းလှိုင်က ပြောကြားခဲ့သည်။

အဆိုပါပြည်ပချေးငွေ ပြန်ဆပ်နေရသည့် ကန်ဒေါ်လာသန်း (၇၀၀)ထဲတွင် တရုတ်နိုင်ငံကို အတိုးအရင်း ပြန်ဆပ်နေရသည့် ပမာဏမှာ ကန်ဒေါ်လာ သန်း(၅၅၀)ခန့်ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၈၀ ရာခိုင်နှုန်းရှိကြောင်းလည်း ၎င်းကဆိုသည်။

"(၁၉၈၈-၈၉)ကနေ(၂၀၁၀-၁၁) ဘဏ္ဍာရေးနှစ်ထိ ရယူခဲ့တဲ့ ချေးငွေတွေ အနက် ပေးဆပ်ရန်ကျန်ရှိတဲ့ ချေးငွေ(၉၇)ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံချေးငွေဖြစ်တယ်ဆိုတာ လေ့လာတွေ့ရှိရပါတယ်။ ဒါ့အပြင် (၃၁.၃.၂၀၁၈)ရက်နေ့အထိ ကျွန်မတို့နိုင်ငံရဲ့ ပေးဆပ် ရန်အများဆုံး ကျန်ရှိနေတဲ့ ချေးငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း (၄၀၀၀) ကျော်ဟာလည်း တရုတ်နိုင်ငံကို အများဆုံးပြန်လည် ပေးဆပ်ရမယ့်ချေးငွေတွေ ဖြစ်နေပါတယ်။ ဘယ်လို ချေးငွေတွေ ဖြစ်တယ်ဆိုတာနဲ့ အတိုးနှုန်းကို ရှင်းလင်းပေးစေချင်ပါတယ်။” ဟုလည်း ဒေါ်ခင်စန်းလှိုင်က ပြောကြားခဲ့သည်။

လက်ရှိအတိုးအရင်း ပြန်လည်ပေးဆပ်ရာတွင် နှစ်စဉ် ဒေါ်လာသန်း(၇၀၀) ပေးဆပ်နေရသည့်အထဲတွင် တရုတ်နိုင်ငံကို ပြန်ဆပ်ရသည့် ဒေါ်လာသန်းပေါင်း (၅၅၀)ဖြစ်နေသည့်ကို ကြည့်ခြင်းအားဖြင့် တရုတ်နိုင်ငံ ချေးငွေများနှင့် ပတ်သက်၍ အပူတပြင်း အဖြေရှာဆောင်ရွက်သင့်ပြီ ဆိုသည်ကို အထူးပြောရန် မလိုကြောင်းလည်း ဒေါ်ခင်စန်းလှိုင်က ပြောကြားခဲ့သည်။

The Ladies News

COMMENTS

Name

art,1,article,1356,cartoon variety,23,crime,70,culture,1,documentary,9,Entertainment,9,health,36,history,2,international,8815,interview,230,knowledge,9,Live,8,LocalNews,18110,news,2842,opinion,794,photos,203,poem,117,satires,40,song,12,speech,13,sports,196,statement,59,technic,59,translate,36,video,1077,voice,76,
ltr
item
dawnmanhon: အကျိုးမရှိသောချေးငွေများကို ခေတ်အဆက်ဆက်အစိုးရများမှ ရယူခဲ့သောကြောင့် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း(၇၀၀) ပြန်ဆပ်နေရဟုဆို
အကျိုးမရှိသောချေးငွေများကို ခေတ်အဆက်ဆက်အစိုးရများမှ ရယူခဲ့သောကြောင့် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း(၇၀၀) ပြန်ဆပ်နေရဟုဆို
https://1.bp.blogspot.com/-8uJX83eOqNY/XBprdXYf9eI/AAAAAAAAfYs/uHsDUNbV8LAm50LawcxK805pBg4HnxtNACLcBGAs/s320/Q1.jpg
https://1.bp.blogspot.com/-8uJX83eOqNY/XBprdXYf9eI/AAAAAAAAfYs/uHsDUNbV8LAm50LawcxK805pBg4HnxtNACLcBGAs/s72-c/Q1.jpg
dawnmanhon
http://www.dawnmanhon.com/2018/12/blog-post_469.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/12/blog-post_469.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy