အင်ဒိုနီးရှား အိမ်ဖော်အမျိုးသမီးတဦးကို သုံးလကြာ နှိပ်စက်ခဲ့တဲ့ စင်္ကာပူအိမ်ရှင်မတဦးကို တရားရုံးက ထောင်ဒဏ်သုံးလနဲ့ ငွေဒဏ်တွေ ချမှတ်လိုက်ပါတယ်။
အသက် ၆ဝ ကျော် အိမ်ရှင်တရုတ်အမျိုးသမီးဟာ အိမ်ဖော်အမျိုးသမီးကို ကန်ကျောက်ရိုက်နှက်ခဲ့တဲ့အပြင် အချိန်ပြည့် ကြိမ်းမောင်းဆဲဆိုခဲ့တယ်လို့ အစိုးရရှေ့နေက ပြောပါတယ်။ ဒါ့ပြင် အိမ်ဖော်လုပ်ပေးခဲ့တဲ့ လေးလအတွင်း လုပ်ခအဖြစ် စင်္ကာပူဒေါ်လာ ၄ဝ သာ ရခဲ့တယ်လို့လည်း ပြောပါတယ်။
နှိပ်စက်ခံရတဲ့ အိမ်ဖော်အမျိုးသမီးဟာ တခြားသူတွေနဲ့ စကားပြောခွင့်မရတဲ့အပြင်၊ လက်ကိုင်ဖုန်းလည်း အသုံးပြုခွင့်မရတဲ့အတွက် တဘက်ခန်းက အိမ်ဖော်မိန်းခလေးကို စာရေးပြီး အကူအညီတောင်းခဲ့ရာကနေ ရဲတပ်ဖွဲ့က သွားရောက်ကယ်ဆယ်ခဲ့တာ ဖြစ်ပါတယ်။
ဒီအမှုမှာ နှိပ်စက်သူအိမ်ရှင်ကို ထောင်ဒဏ်အပြင် နစ်နာကြေး စင်္ကာပူဒေါ်လာ ၄၅ဝဝ ပေးဖို့လည်း တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
COMMENTS