ဟွာဝေး အမျိုးသမီးကို ကနေဒါက ဖမ်းဆီးပြီးနောက် ကနေဒါနိုင်ငံသား ၂ ဦးကို တရုတ်က ဖမ်းဆီး

၂၀၁၃ ခုနှစ် မြောက်ကိုရီးယား ခရီးစဉ်အတွင်း မစ္စတာ စပေဗာနဲ့ ကင်ဂျုံအွန်း တွေ့ဆုံ
နိုင်ငံတော် လုံခြုံရေးကို ထိခိုက်အောင် လုပ်နေတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ တရုတ်အစိုးရရဲ့ စုံစမ်း စစ်ဆေး ခံနေရသူ နောက် ကနေဒါ နိုင်ငံသားတစ်ဦးကို အဆက်အသွယ် ရဖို့ ကြိုးစားနေတယ်လို့ ကနေဒါ အစိုးရက ပြောပါတယ်။

ကနေဒါ သံတမန်ဟောင်း မိုက်ကယ် ကော့ဗ်ရစ် အဖမ်းခံရအပြီး ချက်ချင်း ဆိုသလိုပဲ ကနေဒါ စီးပွားရေး လုပ်ငန်းရှင် မိုက်ကယ် စပေဗာ ပျောက်ဆုံးနေတယ် ဆိုတဲ့ သတင်း ထွက်ပေါ်လာတာပါ။

မစ္စတာ စပေဗာကို တရုတ်နိုင်ငံ လုံခြုံရေးကို ထိခိုက်စေမယ့် လှုပ်ရှားမှုတွေမှာ ပါဝင် ပတ်သက်နေတယ် ဆိုတဲ့ မသင်္ကာမှုနဲ့ စုံစမ်း စစ်ဆေးနေတယ်လို့ တရုတ်အစိုးရ သတင်းမီဒီယာတွေက ကြာသပတေးနေ့မှာ အတည်ပြု ပြောပါတယ်။
မိုက်ကယ် ကော့ဗ်ရစ် ဟာ ပဋိပက္ခ လျှော့ချရေး လေ့လာတဲ့ အကြံပေးအဖွဲ့တခုမှာ အလုပ်လုပ်နေ
သံတမန်ဟောင်း မိုက်ကယ် ကော့ဗ်ရစ် ဟာ လောလောဆယ် ICG နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နိုင်ငံတကာအကြံပေးအဖွဲ့မှာ လုပ်ကိုင်နေသူ ဖြစ်ပြီး သူ့ရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်နေတယ်လို့ အဲဒီ အဖွဲ့က ပြောပါတယ်။
၂၀၁၃ ခုနှစ်က ဘတ်စ်ကက်ဘောသမားဟောင်း ရော့ဒ်မန်းရဲ့ မြောက်ကိုရီးယား ခရီးစဉ်ကို မိုက်ကယ် စပေဗာ စီစဉ်ပေးခဲ့
မိုက်ကယ် စပေဗာ ဟာ မြောက်ကိုရီးယားနဲ့ တရုတ် နယ်စပ် ဒန်ဒေါင်း ပြည်နယ်မှာ အခြေစိုက်တဲ့ စီးပွားရေး လုပ်ငန်းရှင် တဦး ဖြစ်ပြီး မြောက်ကိုရီးယား အစိုးရနဲ့ အကြီးအကျယ် ဆက်နွယ် ပတ်သက်မှု ရှိသူ ဖြစ်ပါတယ်။

သူဟာ မြောက်ကိုရီးယားနိုင်ငံကို မကြာခဏ သွားရောက်လေ့ ရှိသူ ဖြစ်ပြီး အထူးသဖြင့် ၂၀၁၃ ခုနှစ်တုန်းက နာမည်ကြီး အမေရိကန် NBA ဘတ်စ်ကက်ဘော ကစားသမားဟောင်း ဒန်းနစ်စ် ရော့ဒ်မန်း မြောက်ကိုရီးယားနိုင်ငံကို သွားရောက် လည်ပတ်ဖို့ စီစဉ်ပေးသူအဖြစ် အများက သိကြပါတယ်။

ဘတ်စ်ကက်ဘော ကစားသမားဟောင်း ဒန်းနစ်စ် ရော့ဒ်မန်းဟာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ် ဂျုန်းအွန်းနဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးသူ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့တုန်းက မစ္စတာ စပေဗာက တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကို သွားတော့မယ်လို့ သူ့ရဲ့ တွစ်တာ လူမှုကွန်ရက်ပေါ်မှာ နောက်ဆုံး ရေးသွားခဲ့ပေမယ့် စီစဉ်ထားသလို တနင်္လာနေ့မှာ ရောက်မလာခဲ့ပါဘူး။

အမေရိကန် အစိုးရရဲ့ ပန်ကြားချက်နဲ့ ဟွာဝေး တရုတ် ဆက်သွယ်ရေး ကုမ္ပဏီ လုပ်ငန်းရှင် အမျိုးသမီး မန် ဝန်ဂျိုးကို ကနေဒါ အစိုးရက ဖမ်းဆီးခဲ့ပြီးကတည်းက တရုတ်နဲ့ ကနေဒါ နိုင်ငံအကြား တင်းမာမှုတွေ ကြီးထွားလာနေတာပါ။
 ပြစ်မှု ထင်ရှားရင် အမေရိကန် အကျဉ်းထောင်မှာ အနှစ် ၃၀ လောက် မန် ဝန်ဂျူး အကျဉ်းကျခံရဘွယ်ရှိ
မန် ဝန်ဂျိုးဟာ ဟွာဝေး ကုမ္ပဏီရဲ့ စီးပွားရေးလုပ်ငန်းတွေကနေတဆင့် အီရန်အပေါ် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတာပါ။

လောလောဆယ် သူ့ကို ကနေဒါ ဒေါ်လာ ၁၀သန်း အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပေမယ့် အမေရိကန်နိုင်ငံထံ လွှဲပြောင်း ခံရဖွယ် ရှိနေဆဲ ဖြစ်ပါတယ်။

တကယ်လို့ ပြစ်မှု ထင်ရှားမယ် ဆိုရင် အမေရိကန်နိုင်ငံမှာ အနှစ် ၃၀ လောက် အကျဉ်းကျ ခံရဖွယ် ရှိနေပါတယ်။

မန် ဝန်ဂျိုးက သူ့အပေါ် စွပ်စွဲချက်တွေကို ငြင်းဆိုထားသလို တရုတ်အစိုးရ ကလည်း မန် ဝန်ဂျိုးကို ပြန်လွှတ်မပေးဘူး ဆိုရင် ကနေဒါအစိုးရက ပြန်လွှတ်မပေးဘူး ဆိုရင် အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

BBC Burmese
https://www.bbc.com/burmese

COMMENTS

Name

art,1,article,1356,cartoon variety,23,crime,70,culture,1,documentary,9,Entertainment,9,health,36,history,2,international,8815,interview,230,knowledge,9,Live,8,LocalNews,18110,news,2842,opinion,794,photos,203,poem,117,satires,40,song,12,speech,13,sports,196,statement,59,technic,59,translate,36,video,1077,voice,76,
ltr
item
dawnmanhon: ဟွာဝေး အမျိုးသမီးကို ကနေဒါက ဖမ်းဆီးပြီးနောက် ကနေဒါနိုင်ငံသား ၂ ဦးကို တရုတ်က ဖမ်းဆီး
ဟွာဝေး အမျိုးသမီးကို ကနေဒါက ဖမ်းဆီးပြီးနောက် ကနေဒါနိုင်ငံသား ၂ ဦးကို တရုတ်က ဖမ်းဆီး
https://4.bp.blogspot.com/-fYO8lKR1EUU/XBJY-YyhrNI/AAAAAAACDdY/1n1L0LJBZJAyE-LMT-hf4yGqTk9FW3smACLcBGAs/s400/12.jpg
https://4.bp.blogspot.com/-fYO8lKR1EUU/XBJY-YyhrNI/AAAAAAACDdY/1n1L0LJBZJAyE-LMT-hf4yGqTk9FW3smACLcBGAs/s72-c/12.jpg
dawnmanhon
http://www.dawnmanhon.com/2018/12/blog-post_563.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/12/blog-post_563.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy