မြန်မာနိုင်ငံအတွက် Country Code ကို လာမည့်နှစ် အတွင်း ရရှိနိုင်ရန် ပြင်ဆင်နေ

ဒီဇင်​ဘာ ၈
ဝေဝေဖြိုး

ပြည်ပနိုင်ငံများကဲ့သို့ မြန်မာနိုင်ငံတွင်​လည်း country code ရရှိစေရန် ပြင်​ဆင်​ဆောင်​ရွက်​နေကြောင်း မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဒေါက်တာအောင်သိန်း က ပြောသည်။

" country code ဆိုတာ ဘားကုဒ်ကိုပြောတာပါ ။ အထူးသဖြင့် ကုန်တိုက်ကြီးတွေ မှာ ပစ္စည်းတွေ ရောင်းတဲ့အခါမှာ product ကုဒ်ကို ရိုက်ထည့်စရာမလိုပဲ ဘားကုဒ် စနစ်ကျင့် သုံးကြပါတယ် ။ နိုင်ငံတော်တော်များများမှာ သူ့နိုင်ငံရဲ့ country ကုဒ် ရှိနေကြပြီ ။ ကျွန်တော်တို့ နိုင်ငံမှာ လည်း ကိုယ်နိုင်ငံရဲ့ country ကုဒ် ရဖို့ ကြိုးစားနေပါတယ်"ဟု ၎င်းကပြောသည်​။

မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများ အသင်း ၊ စားသောက်ကုန်ထုတ်လုပ်သူများအသင်း နှင့် မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်းတို့ ပူးပေါင်း၍ မြန်မာနိုင်ငံအတွက် country code လုပ်ဆောင်နိုင်စေရန် ကြိုးပမ်းနေခြင်းဖြစ်သည်​ဟုဆိုသည်​။

ယင်းကဲ့သို့ country code ပြုလုပ်နိုင်ရန်အတွက် ဆွစ်​ဇာလန်နိုင်ငံရှိ GS1 International အဖွဲ့ ၌ မြန်မာမှ GS1 မြန်မာအဖွဲ့ကို ထူထောင်၍ အဖွဲ့ဝင်ဖြစ်ရန် လိုအပ်မည်ဟုဆိုသည်။

" GS1 International ဆိုတာရှိတယ် ။ ဆွစ်​ဇာလန်နိုင်ငံ မှာရှိတဲ့ အဖွဲ့အစည်းကို တင်ပြရမယ် ။ သူတို့က ပေးတာ ဘားကုဒ်ကို ကိုယ့်ဟာကိုယ်လုပ်လို့မရဘူး ။ ကိုယ့်ဟာကိုယ်ပေးရင် ထပ်ကုန်မှာပေါ့ ။ နိုင်ငံတစ်နိုင်ငံကို country ကုဒ် တစ်ခု ပြီးရင် Product တစ်ခု ဘားကုဒ်တစ်ခု ဒီလို မထပ်မှလည်း ကုန်တိုက်က တပြေးညီ စနစ်နဲ့ သွားလို့ရမှာပါ ။ ဒီလို ကျွန်တော်တို့ က GS1 အဖွဲ့ကို ဖွဲ့ပြီး GS1 International ရဲ့ member ဖြစ်ဖို့ လျှောက်ထားဖို့လိုပါပြီ ။ အဲ့ဒါကြီးရမှ လုပ်လို့ရမယ်။GS1 Myanmar ဆိုတဲ့ အဖွဲ့ ကရရင် country ကုဒ်က ကိုယ့်နိုင်ငံအတွက် သတ်သတ် မှတ်မှတ်ရမယ် ။"ဟု ဒေါက်တာအောင်သိန်း ကပြောသည်။

ထိုသို့ အဖွဲ့အစည်းထူထောင်နိုင်ရန် နှင့် ယင်းစနစ်နှင့်အညီ လုပ်ဆောင်နိုင်ရန်အတွက် လုပ်ဆောင်ရမည့်​ ကိစ္စများစွာရှိပြီး ယခုအခါ လိုအပ်ချက်နှင့်အညီ ပြင်ဆင်သည့်အပိုင်းကို ပြင်ဆင်ထားနိုင်ပြီ ဖြစ်ကြောင်းသိရသည်။

ဆွစ်​ဇာလန်​ဘက်မှ ဘုတ်ထိုင်ပြီး ခွင့်ပြုချက်ကျပါက ရရှိနိုင်မည်ဖြစ်ပြီး လာမည့်နှစ်အတွင်း ရရှိနိုင်ဖွယ်ရှိ သည်ဟု ခန့်မှန်းထားကြောင်းသိရသည်။

http://www.fifthwavenews.com/fwn/34800

COMMENTS

Name

art,1,article,1357,cartoon variety,23,crime,70,culture,1,documentary,9,Entertainment,9,health,36,history,2,international,8821,interview,230,knowledge,9,Live,8,LocalNews,18129,news,2842,opinion,795,photos,203,poem,117,satires,40,song,12,speech,13,sports,196,statement,59,technic,59,translate,36,video,1077,voice,76,
ltr
item
dawnmanhon: မြန်မာနိုင်ငံအတွက် Country Code ကို လာမည့်နှစ် အတွင်း ရရှိနိုင်ရန် ပြင်ဆင်နေ
မြန်မာနိုင်ငံအတွက် Country Code ကို လာမည့်နှစ် အတွင်း ရရှိနိုင်ရန် ပြင်ဆင်နေ
http://3.bp.blogspot.com/-tTtVJthFoz0/TldFnQtgedI/AAAAAAAAFso/mHNtgRopHVo/s1600/Product%2Bbar%2BCode%2B-%2BTells%2Byou%2Bwhere%2Bit%2Bmade-701026.jpg
http://3.bp.blogspot.com/-tTtVJthFoz0/TldFnQtgedI/AAAAAAAAFso/mHNtgRopHVo/s72-c/Product%2Bbar%2BCode%2B-%2BTells%2Byou%2Bwhere%2Bit%2Bmade-701026.jpg
dawnmanhon
http://www.dawnmanhon.com/2018/12/country-code.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/12/country-code.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy