ယုံကြည်အောင်ပြောသူက ဒေါ်နန္ဒမာလာ၊ သိန်းထောင်ချီဆုံးရှုံးသွားသည်က အုပ်ချုပ်မှုဒါရိုက်တာ ဦးနေမျိုးနိုင်

ရွှေကိန္နရီခရီးသွားကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးနေမျိုးနိုင်မှာ လူတယောက်ကို လွယ်လွယ်ယုံကြည်လေ့ရှိသူ မဟုတ်ပေ။ သို့သော်လည်း ယင်းမှာ ကျပ်သိန်း ၂၆ဝဝ ကျော် အလိမ်လည်ခံခဲ့ရသည်။ ထိုအချက်မှာ စိတ်ဝင်စားစရာကောင်းနေသည်။ အယုံလွယ်တတ်သူ မဟုတ်သည့် ကုမ္ပဏီ၏အုပ်ချုပ်မှုဒါရိုက်တာတဦး မည်သို့မည်ပုံ ငွေကြေးလိမ်လည်ခံရသည်ကို ၎င်းအားတွေ့ဆုံမေးမြန်းထားပါသည်။

မေး- ယောဂီဒေါ်နန္ဒမာလာကို ဘယ်လို စသိခဲ့တာလဲ။
ဖြေ- ကျွန်တော့်အနေနဲ့က ဇနီးသည်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး သူ့ရဲ့ သူငယ်ချင်းကနေ ခေါ်သွားလို့ သူ့ဆီရောက်သွားတာပေါ့။ ၂ဝ၁၇ မတ်လပိုင်းက အဲဒီကို စရောက်သွားတာ။ အဲဒီမှာ သူ့ရဲ့ ခင်ပွန်းဟောင်း လို့ပြောတဲ့ ဦးနေဝင်းနိုင်နဲ့ စတင်သိကျွမ်းခဲ့ကြတာပါ။ အဲဒီလို ရင်းနှီးပြီး တဲ့နောက်ပိုင်းတော့ တော်တော်နဲ့တော့ အဲဒီကိုမသွားဖြစ်ပါဘူး။ အဲဒီမှာပဲ သူက ကျွန်တော့်ကို ဘာလုပ်လဲ မေးတယ်။ ကျွန်တော်က စက်သုံးဆီ လုပ်တယ်၊ ခရီးသွားလုပ်ငန်းလုပ်တယ်လို့ပြောတော့ သူက စက်သုံးဆီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့မှ သူလည်း လက်ရှိလုပ်နေတာတွေရှိတယ်။ လုပ်နေတဲ့သူတွေလည်း သူ့ဆီမှာရှိတယ်ဆိုပြီး အဲဒီမှာပဲ အဲဒီလူတွေနဲ့ မိတ်ဆက်ပေးတယ်။ နောက်ဆုံးတော့ ကုမ္ပဏီကြီးတွေနဲ့ ချိတ်ဆက် ပေးတယ်။ ကျွန်တော်က အဲလိုမျိုးကြီးတွေလည်း ချိတ်ဆက်နိုင်တဲ့ အဆင့်မရှိဘူးပြောပြီး စကားဖြတ်ခဲ့ပြီးသား။ အဲလိုစကားဖြတ်ခဲ့ပြီးနောက် သူပြောတဲ့ နာမည်တွေနဲ့ သူပြောတဲ့လူတွေရဲ့ လုပ်နေတာတွေကို စုံစမ်းကြည့်တယ်။ စုံစမ်းကြည့်တော့ တကယ်လည်း လုပ်နေတယ်။ သူ့ဆီကနေ ဖုန်းနဲ့ သူပြောဆိုနေတာတွေ ရှိနေတယ်ဆိုတာ အဲဒီမှာကတည်းက တွေ့လာရတယ်ပေါ့။ ၂ လ၊ ၃ လလောက်ပါပဲ။ ပြန်ပြီး ဆက်သွယ်ဖြစ် ခဲ့တယ်။ သူ့ဆီရောက်တော့ လည်ကတုံးကော်လံတွေနဲ့ လူကြီးတွေတွေ့ တယ်။ တကယ်လည်း လူကြီးတွေပါပဲ။ နာမည် ဖော်ပြလို့မကောင်းလို့။ သူတို့နဲ့ မိတ်ဆက်ပေးတယ်။ လုပ်ငန်းချဲ့ချင်ရင်လည်း အဆင်ပြေအောင် လုပ်ပေးနိုင်တယ်ဆိုတော့ သူ့ဆီမှာခေါ်ထားတဲ့ လူတွေကလည်း စကား ပြောကြဆိုတော့ ဒီလုပ်ငန်းတွေထဲက လူတွေဖြစ်နေတယ်။ ပထမဦး ဆုံးက ယုံကြည်လောက်တဲ့ဟာလေးတွေ တခုပြီးတခု တွေ့နေရတယ် ပေါ့။ ဒါလည်း ကျွန်တော်ဝယ်မယ့်အချိန်မှာ ဈေးများနေပြီး ကျွန်တော် ရောင်းမယ့်အချိန်မှာ ဈေးနည်းနေတဲ့အခြေအနေမှာ လိုက်စပ်ပေးတာ တို့၊ ဒီလုပ်ငန်းထဲကလူကြီးတွေနဲ့ ချိတ်ပေးနိုင်တယ်ဆိုတဲ့ အဆင့်ကို ယုံအောင်လုပ်တာပေါ့။ အဲလိုလုပ်တဲ့အခါကျတော့ ကျွန်တော်တို့လည်း နည်းနည်းတော့ စိတ်ဝင်စားလာတယ်။ စိတ်ဝင်စားတဲ့အဆင့်ပဲ ရှိသေး တယ်။ ကျွန်တော်တို့ မသွားဘူး။ ဒါပေမဲ့ အကြိမ်ကြိမ်ခေါ်နေတယ်။ လာပါဦး၊ အစ်ကို့လုပ်ငန်းအကြောင်းတိုင်ပင်ဖို့ပေါ့။ ကျွန်တော်တို့ကလည်း လုပ်ငန်းလေးစလုပ်လို့ လုပ်ငန်းလေး အောင်မြင်ချင်တာကိုး။ အဲဒါက အောင်မြင်ချင်တဲ့ လောဘလို့ ပြောရမှာပေါ့။ အဆက်အစပ်လေးတွေ လိုနေတဲ့အချိန် ဒီလုပ်ငန်းကို လည်လည်ဝယ်ဝယ်ပြောနိုင်တဲ့သူတွေနဲ့ တွေ့တယ်ပေါ့။ တွေ့တဲ့အခါမှာ ဒီလုပ်ငန်းချဲ့ဖို့ ပြောလာတယ်။ ဘယ်သူ တွေတင်ထားတယ်။ မယုံရင်မေးကြည့်ဆိုတော့ အဲဒီလူတွေကလည်း တကယ်တင်တာ။ အမှန်ပြောရရင် အလိမ်ခံရတာပေါ့။ နောက်ပိုင်းကျမှ သိတာကိုး။ ပြောရရင်တော့ ဇနီးရဲ့ကျန်းမာရေး အကြောင်းပြုပြီး ရောက်သွားတာ။

မေး- ဒေါ်နန္ဒမာလာအကြောင်းကို အစက ဘယ်လိုသိထားလဲ။
ဖြေ- အဲတုန်းက ယောဂီဒေါ်နန္ဒမာလာဆိုပြီး ခရေပင်မှာ တစင်ထောင်တယ်။ အကြားအမြင်ပညာရှင်၊ ပြည်တွင်းပြည်ပ သာသနာပြု ယောဂီ ဒေါ်နန္ဒမာလာဆိုပြီးတော့ သူ့အိမ်မှာ လူတိုးမပေါက်ဘူးဗျာ။ မင်္ဂလာဒုံမှာပေါ့။ ဆိုင်းဘုတ်ကြီးတွေ အကြီးကြီးတွေထောင်ပြီးတော့မှ ရုပ်ရှင်အနုပညာရှင် အသိုင်းအဝိုင်းကတွေရော၊ ဌာနဆိုင်ရာတွေရော၊ တခါ တလေကျရင် နံနက် ၇ နာရီလောက်က သွားစောင့်ရင်တောင်မှ ညနေ ၃ နာရီ၊ ၄ နာရီမှတွေ့လို့ရတဲ့ အခြေအနေအထိ။ သူက ဆေးနဲ့ပတ် သက်ပြီးတော့လည်း အကြံဥာဏ်ပေးတယ်ဆိုတော့ ကိုယ်လည်းရောဂါ ခံစားရတဲ့သူဆိုတော့ ပျောက်လိုပျောက်ငြားပေါ့။ တကယ်တော့ ယုံကြည် လို့တော့ မဟုတ်ဘူး။ ကျွန်တော်တို့က SSC မှာ ဆေးစစ်တယ်။ SSC က ဒီအဖြေပဲ။ အာရှတော်ဝင်မှာလည်း ဒီအဖြေပဲ။ ပင်လုံသွားတော့လည်း ဒီအဖြေတမျိုးပဲ ထွက်တယ်။ ထွက်ပေမဲ့ သူ့ဆီသွားတဲ့အခါ သူက ဘာမှလုပ်စရာမလိုဘူး။ ထိုင်းမှာ သွားစစ်တော့လည်း သူပြောတဲ့ အတိုင်းဖြစ်နေတယ်။ ဒါလေးတွေက Worry ဖြစ်သွားစေတဲ့ အကြောင်းရင်းပေါ့။

သူက မင်္ဂလာဒုံမှာက ၈ဝ ပတ်လည်ခြံဝင်းကြီးနဲ့ ၂ ဝင်းတွဲကြီး နေတယ်။ တိုက်အကြီးကြီးနဲ့ တပည့်သားသမီးတွေနဲ့ နေတယ်။ လူကြီးလူကောင်းအဝင် အထွက်တွေ ရှိနေတယ်။ ကိုယ့်ကားတောင် ရပ်စရာမရှိဘူး။ အဲဒီကိုသွားရင်လည်း Booking လုပ်မထားလို့ရှိရင် တွေ့လို့မရတဲ့ အခြေအနေမျိုးတွေ ဖန်တီးထားတယ်။ တကယ်က အဲဒီလိုအခြေအနေကို ပတ်ဝန်းကျင်ကပါ ဖန်တီးထားတာ။ လူတွေက ပြောကြပါတယ်။ ဒါက အလို့ခံရတာ၊ ညံ့လို့ခံရတာ။ မှန်တာပေါ့။ ဒါအား လုံးကိုလည်း အပြစ်မပြောပါဘူး။ ဒါပေမဲ့ လူတယောက်ကို လွယ်လွယ်နဲ့ မယုံဘူး။ စီးပွားရေးလုပ်နေတာဖြစ်တဲ့အတွက် ဘာသာရေးမှိုင်းတိုက်ပြီး ယုံကြည်တဲ့အစားထဲမှာလည်း ကျွန်တော်မပါဘူး။ အယုံအကြည်မရှိရင် ဘာလို့ခံရလဲဆိုတော့ အခုနကလို ပတ်ဝန်းကျင်တွေ ဖန်တီးထားတာနဲ့ အဲဒီမှာသွားတွေ့တော့ ကျွန်တော်တို့ကို ယုတ္တိကြီးနဲ့ ပြောခဲ့တာတွေကလည်း ကျွန်တော်တို့ကို တကယ့်စက်သုံးဆီအကြောင်း ပြောမယ်ဆိုရင် စက်သုံးဆီအကြောင်းကို ပြောနိုင်မယ့်သူတွေကို ဘေးမှာထားထားတာ။ အဲဒီတော့ စက်သုံးဆီအကြောင်းကို ကျွန်တော်နားလည်သလောက်နဲ့ ပြောရင် သူတို့က ကိုယ့်ထက်ပိုပြောနိုင်တယ်။ အေး မင်းသူနဲ့ တွဲလုပ်၊ သူတို့ပြောကြည့်၊ သူနဲ့ဆက်သွယ်ပေါ့။ ဒါမျိုးလုပ်ငန်းတွေဆိုရင်လည်း သူပြောလိုက်တဲ့ လုပ်ငန်းတွေ လေ့လာလိုက်ရင် သူက ဘယ်သူက ဘာလုပ်တာလို့ပြောလို့ သွားကြည့်လိုက် အဲဒါတွေက ဟုတ်နေတယ်။

ဗုဒ္ဓဂါယာ ခရီးသွားလုပ်ငန်းတခုဆိုရင် သူတို့နဲ့ ပြဿနာကို တက်ထားတာ။ တကယ်အကြီးကြီးအဖွဲ့တွေနဲ့ပါ လုပ်ထားတယ်။ လူရ ချင်လို့ အဲဒီကိုသွားတယ်။ ကျွန်တော်တို့ ခရီးသွားလုပ်ငန်းတွေဆိုတာ ကလည်း လူရဖို့ မလွယ်ဘူး။ မလွယ်တော့ အဲဒီကိုသွားရင် သူက တထိုင်တည်းနဲ့ ဖုန်းဆက်တာ။ ကျွန်တော်တို့ရှေ့မှာ တင်ဆက်တာ။ ကျွန်တော်တို့က ဒီအခေါက်မှာတော့ လူဘယ်နှယောက် လိုတယ်။ ကျွန်တော်က လူ ၃၂ ယောက်သွားမယ်။ ၁၈ ယောက်ပဲရှိတာ၊ အခုလို နေတာကတော့ ၁၄ ယောက်လောက် လိုနေတယ်လို့ပြောရင် သူက သြော် ၁၄ ယောက်လိုတာလား၊ ရမယ်၊ ရမယ်။ ချက်ချင်းဖုန်းဆက်တယ်။ သားရေ၊ သားတော်ကြီးရေ၊ သမီးတော်ကြီးရေ အခု ဗုဒ္ဓဂါယာသွား။ နင်တို့တတွေလည်း ကံတရားက နိမ့်နေတယ်။ ကံပြုပေးတာပေါ့။ မသွားနိုင်ဘူးဆိုရင်လည်း သွားမယ့်သူတော့ ရှိတယ်။ ဘုန်းကြီးတွေ သွားဖို့ရှိတယ်။ လှူမလားဆိုပြီး ဖုန်းဆက်တယ်။ ဟိုဘက်ကလည်း လှူ မယ်ပေါ့။ တကယ်လည်း လှူတယ်။ အဲဒီ ၁၄ ယောက်က အခုတထိုင် တည်းရတယ်။ ကိုယ်က ခရီးသွားလုပ်ငန်းလုပ်တော့ ဒီနေ့လူလိုတယ် ပြော၊ ဒီနေ့ လူချက်ချင်းရတယ်။ ပတ်စ်ပို့ အုပ် ၂ဝ၊ အုပ် ၃ဝ ချက် ချင်းရောက်တာ။ ကျွန်တော်တို့ နှစ်ပေါက်အောင် ဖေ့ဘွတ်မှာ ကြေ ညာပေမဲ့ မရဘူး။ အဲဒါက နောက်ပိုင်းကျတော့ ဘယ်ဟုတ်မလဲ သူ့နား မှာက သူ့ရဲ့မကင်းရာမကင်းကြောင်းလူတွေ ဖြစ်နေတယ်။ သူ့ဆီက ရစရာရှိလို့ သူနဲ့တနည်းနည်း ပတ်သက်နေလို့ ပြောခဲ့တဲ့ လူတွေပဲ ဖြစ်နေတယ်။

ကျွန်တော်တို့ သူ့ဆီကိုသွားလိုက်ပြီဆိုရင် သူက ဦးပိုင်ကဗိုလ်ချုပ်ဆိုတာက ပါးစပ်ကမချတော့ဘူး။ ဦးပိုင်တွေ၊ ဗိုလ်ချုပ်တွေ ဟိုလူတွေတကယ်လည်း အဲဒီအသိုင်းအဝိုင်းထဲက တချို့လူတွေနာမည် တွေနဲ့ တချို့မိသားစုတွေနဲ့ကို သေချာတွေ့ဖူးပါတယ်။ ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးကြီးတွေဆီကို ဖုန်းဆက်တယ်။ ဒါကတပိုင်းပေါ့။ ဒါပေမဲ့ မျက်မြင်ကိုယ်တွေ့နဲ့ အဲဒီလူကြီးတွေက ခရီးသွားဟန်လွဲရောက်တာလည်း ဖြစ်ကောင်းဖြစ်မယ်။ သူ့အိမ်ကို အဲဒီလူကြီးတွေရောက် နေတဲ့အချိန်မှာ ကျွန်တော့်ကို တဖက်လှည့်နဲ့ ဖုန်းဆက်ခေါ်တယ်။ မင်းလာခဲ့ဦးလေ။ အရေးကြီးကိစ္စ လုပ်ငန်းနဲ့ပတ်သက်လို့ ပြောစရာရှိတယ်ဆိုတော့ သွားလိုက်တာ။ အဲဒီအချိန်မှာပဲ ဟိုဘက်က လုပ်ငန်းသဘောအရ၊ သူ့ကိုယုံကြည်မှုအရ လာမေးတဲ့သူတွေနဲ့ တွေ့တယ်ဆိုတော့ ဒါမျိုးက တခါမဟုတ်ဘူး။ ၂ ခါမဟုတ်ဘူး။ ၃ ခါမဟုတ်ဘူး။ အဲအခါကျတော့ စဉ်းစားကြည့်ပေါ့၊ ဘာကြောင့် အလိမ်ခံရလဲဆိုတာ။ သေချာစနစ်တကျ အကွက်ချစီစဉ်ပြီးတော့မှ ယုံကြည်အောင် ပတ်ဝန်းကျင်ကို လုပ်ကြံဖန် တီးပြီးတော့မှ လိမ်တာဗျ။

မေး- လိမ်လည်ခံရပုံက ဘယ်လိုမျိုးလဲ။
ဖြေ- စက်သုံးဆီလုပ်ငန်းလုပ်ချင်တယ်ဆိုတော့ ကျွန်တော့်လုပ်ငန်းက သေးသေးလေး။ လုပ်ငန်း တိုးချဲ့ချင်တယ်။ လုပ်ငန်းတိုးချဲ့ချင်တယ်ဆိုတာက ကျွန်တော်တို့မှာရှိတဲ့ လုပ်ငန်းက မလုပ်တတ်၊ မကိုင်တတ်ဆိုတော့ အရှုံးပေါ်ဖို့ဖြစ်တယ်။ အဲဒီအခါမှာ အဲဒီလုပ်ငန်းကို တိုးချဲ့နိုင်ဖို့အတွက် အဆက်အစပ်ကောင်းလေးရဖို့ လုပ်ငန်းတိုးချဲ့ဖို့ အစုချေးငွေလေးရရှိရေးကို ဆောင်ရွက်မယ်ဆိုတဲ့အခါ အဲဒါနဲ့ပတ်သက်ပြီး လိမ်သွားတာပါ။ ငွေရဲ့ပမာဏကို သိန်း ၂ဝဝဝ ကျော်လို့ပြောကြပါစို့။ အမှန်က သူတို့ပြောစကားအရဆိုရင် ၃ ဆ ချေးငွေရမယ်။ အဲဒီချေးငွေကို တနှစ်အတွင်း ပြန်ဆပ်ရမယ်။ သက်တမ်းတိုးခွင့် ရှိတယ်။ နောက် ဘဏ်တိုးပုံစံအတိုင်းပဲ ပေးရမယ်။ အဲလို ပိုက်ဆံသွင်းရမယ်ပေါ့။ သိန်း ၃ဝဝ ရချင်ရင် သိန်း ၁ဝဝ ထည့်ပေါ့။ သိန်း ၁ဝဝ ထည့်ရင် သိန်း ၃ဝဝ ထုတ်ချေးခွင့်ရမယ်ပေါ့။ သိန်း ၁ဝဝဝ ထည့်မယ်ဆိုရင် သိန်း ၃ဝဝဝ ချေးငွေရမှာပေါ့။ ဘာမှ အာမခံပေးစရာ မလိုဘူးဆိုတဲ့ ဟာလေးရှိတာ ပေါ့။ လုပ်ငန်းရဲ့ စာရွက်စာတမ်းမိတ္တူပဲ ယူတယ်။ သူတို့ရဲ့ ဆင်ကွက်က အဲလိုမျိုး။ အဲဒီစနစ်ကို ရေပက်မဝင်အောင်ပြောတာပေါ့။ အဲလိုအစီအစဉ် လေးတွေရှိတယ်ဆိုတော့ ကိုယ်တွေက လုပ်ငန်းချဲ့ချင်တဲ့ လောဘကရှိနေတယ်။ သူ့ဆီက ပိုက်ဆံရချင်တာ။ ကျွန်တော်တို့က ပိုက်ဆံဆပ်ရမှာ။ ကျွန်တော်တို့က ၃ လ တပတ်၊ ၃ လ တပတ်ကို ဆပ်ရမယ်ဆိုတဲ့ procedure လေးကလည်း မှန်နေတယ်။ ပြီးရင် လုပ်ငန်းပိုက်ဆံ ကိစ္စမပြောခင်မှာ စိတ်ဝင်စားရင်တော့ မင်းလုပ်ငန်းနဲ့ပတ်သက်တဲ့ စာရွက်လေးတွေပေးထားဆိုတော့ ကိုယ်တွေလည်း ပိုက်ဆံပေးရတာ မဟုတ်တော့ လူကြီးတွေဆီကို ပြကြည့်ချင်တယ်ဆိုတော့ ပြပေါ့ဆိုပြီး ကိုယ့်ရဲ့ ကုမ္ပဏီစာရွက်စာတမ်းတွေ ပေးလိုက်တယ်။ မေ့လောက်တဲ့ အချိန်ကျမှ မင်းကုမ္ပဏီ စာရွက်စာတမ်းတွေပြကြည့်တာ ဟိုကသဘော ကျတယ်။ ချေးမယ်လို့ဖြစ်တယ်။ အဲလိုမျိုးလေးတွေပေါ့။ တယောက် တည်းမဟုတ်ဘူး အဖွဲ့နဲ့ကိုလုပ်တာ။ ဒါက တယောက်တည်း ခေါင်း တည်လို့ ကျွန်တော်က သူ့ကိုပေးလို့ သူ့ကိုလို့ ပြောလိုက်တာ။

သူ့ကိုပေးရတယ်ဆိုတာကလည်း ဦးပိုင်ကို ဘဏ်ကနေလွှဲပေး ရတာမျိုးပေါ့။ အဲလိုပေးရမယ်ဆိုတော့ ဒါက procedure မကျဘူး။ မကျတော့ မလုပ်တော့ဘူးဆိုပြီး လုပ်တာ။ အဲဒီပေးရမယ့်လူကို ကိုယ် တိုင်တွေ့ပြီးမှ ပေးမယ်ဆိုတာမျိုးအထိလုပ်ခဲ့တာ။ အဲဒီလူကြီးတွေဆီကို သွားလိုက်တော့ အဲဒီလူကြီးတွေက မရှိဘူး။ အဲလိုဖြစ်ဖြစ်နေတော့ ကျွန်တော်တို့က ထပ်မထည့်ဘူး။ မဆိုင်တဲ့ စကားတွေပြောလာလို့ ဘရိတ်လုပ်ခဲ့တာ။ PSO ပြောလိုပြော၊ ၅ ဦး ကော်မတီပြောလိုပြော၊ အခုဦးပိုင်မှာ အပြောင်းအလဲရှိလို့ မထုတ်ရသေးဘူးပြောလိုပြော။ စကားတွေ အမျိုးမျိုးပြောတဲ့အခါကျတော့ ရပ်ပစ်လိုက် ပြီး ဒီပိုက်ဆံရရှိရေးကို တောင်းတာ။ ပြောချင်တာက တော့ သူ့ရဲ့စနစ်တကျနဲ့၊ အဖွဲ့နဲ့၊ အလံရှူးဆိုရင်လည်း အလံရှူးပြမယ့် ရုပ်တည်ကြီးနဲ့လူပေါ့။ အဲဒီလူက တကယ် အဲဒီနယ်ပယ်ထဲက လူ။ ဒါပေမဲ့ အဲဒီလူက လက်ညှိုး ထိုးပြီးတော့မှ ကား၊ အိမ်ကိုပြပြီး ရောင်း သွားသလိုမျိုး ဒါသူ့အိမ်ဆိုတာကို ကျွန်တော်တို့က ဝယ်တဲ့ ပုံစံမျိုးဖြစ်တာကို။ တကယ်တော့ အဲဒီလူကို ကျတော့ အစ်ကိုဘယ်လောက်နဲ့ လုပ်တာတုံးဆိုတဲ့ ထဲထဲဝင်ဝင်မေးလို့မရပြန်ဘူး။ သူက ဒီအကွက်ကို သိတယ်။ စက်သုံးဆီလုပ်ငန်းသမားတော့ မှန်တယ်။ ခရီးသွား လုပ်ငန်းသမားတော့ မှန်တယ်။ အမှန်တော့ သူလည်း ပိုက်ဆံကျန်လို့ လာနေတာ။

မေး- ၂ဝ၁၇ ခု ၃ လပိုင်းကစရင်းနှီးခဲ့တယ်ဆိုတော့ ဘယ်လောက်ကြာမှ အလိမ်လည်ခံရမှန်း သိတာလဲ။
ဖြေ- ၂ဝ၁၇ ခု ၃ လပိုင်းကစသိကြတယ်။ ဒီကြားထဲမှာ စာရွက်စာတမ်းပိုင်းနဲ့ လူနဲ့ကျုံးသွင်းနေတာပေါ့။ ကျွန် တော်စက်သုံးဆီလုပ်ငန်းလုပ်တယ်။ ရှုံးတယ်။ မဟုတ် ဘူး။ အဲဒါလေး မင်းဘယ်မှာ သွားရောင်း၊ ဘယ်ကို သွားစုံစမ်း၊ သူတို့က ဘယ်ဈေးနဲ့ကောက်နိုင်တယ်ပြော တယ်ပေါ့။ ဒါပေမဲ့ သူ့ရဲ့အကြောင်းကိုမေးရင် ဘာမှမ ပြောဘူး။ ၇ လပိုင်းလောက်မှာ ကုမ္ပဏီစာရွက်စာတမ်း လေးတွေပေးမိတယ်။ အဆင်ပြေတယ်ဆိုတော့လည်း ပေးမိတယ်ပေါ့။ နောက် ၉ လပိုင်းလောက်မှာကျတော့ ပိုက်ဆံသွင်းမိတာပေါ့။ ၉ လပိုင်းလောက်မှာပဲ သူ့အိမ် မှာလာတဲ့ လုပ်ငန်းရှင်တယောက်က ကျွန်တော်တို့ လည်း ခံရလို့ဆိုတော့ အဲဒီအချိန်မှာ ကျွန်တော်က ပိုက်ဆံထပ်မထည့်တော့တာ။ အဲဒါကို ရအောင်ပြန် တောင်းတဲ့အချိန်မှာ စပြဿနာတက်တာပဲ။ ကျွန်တော် က ၅ဝဝ၊ ၅ဝဝ အဲလိုမျိုးလေးတွေပေါ့။ ဒါပေမဲ့ အဲဒီ လို စမ်းနေတဲ့ အချိန်မှာပဲစကားတွေက ကမောက်ကမ ပြောလို့ ရပ်လိုက်ရတာ။ မဟုတ်ရင် ဒီထက်ပါဖို့ရှိ တယ်။ ကျွန်တော် တဦးတည်းရဲ့ ပိုက်ဆံမဟုတ်ပါဘူး။ ကျွန်တော်တို့က ကုမ္ပဏီနဲ့ဆိုတော့ ကုမ္ပဏီနဲ့ သက်ဆိုင် တဲ့ပိုက်ဆံပေါ့။

မေး- သူ့ဘက်က ဘယ်လိုမျိုး ယုံကြည်အောင် သိမ်းသွင်းခဲ့ပါသလဲ။
ဖြေ- ဘယ်လိုယုံကြည်အောင်ပြောတာလဲဆိုတော့ (၁) အချက် ဘခေုါမသကညိ ဖန်တီးထားတယ်။ (၂) အချက်ကတော့ တင်ထားတဲ့ စာချုပ်စာတမ်းတွေနဲ့ လူပေါ့။ ဥပမာဆိုပါတော့ သက်ဆိုင်တဲ့အဖွဲ့ရဲ့ဥက္ကဋ္ဌ ဆိုရင် တကယ်လည်း သူနဲ့ဆက်စပ်ပြီး တကယ်လည်း သူဆီလာတယ်ဗျာ။ ဦးပိုင်ဆိုရင် ဦးပိုင်က သိလိုက်မှာ တောင် မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီအဖွဲ့အစည်းက တာ ဝန်ရှိတဲ့ မိသားစုဆိုရင် သူတို့ဆီမှာ လာပြီးတော့ ပတ် သက်တယ်လို့ အကြမ်းဖျင်းသိတယ်။ အဲလိုရှိတော့ ကျွန် တော်တို့လည်း စီးပွားရေးလုပ်နေတော့ ပလိန်းကြီး တော့ ဘယ်ပေးမလဲ။ မထည့်တော့ဘူးဆိုတော့ သူက ငွေတွေသွင်းလိုက်ပြီတဲ့။ သွင်းလိုက်ပြီဆိုရင် သွင်းတဲ့ အကြောင်း စာရွက်စာတမ်းတွေပေး၊ အဲဒီလူနဲ့ သွား တွေ့မယ်ဆိုတော့ အဲဒီမှာ ပြဿနာစတက်တာပဲ။ ၂ဝ၁၇ ခု ၁၁ ပိုင်းလောက်ကျတော့ ကျွန်တော့်ပိုက်ဆံ ပြန်ပေးဆိုတော့ သူက အခု ဒီအပတ်အတွင်းမှာကျ တော့မှာ၊ ဦးပိုင်က ဗိုလ်မှူးကြီးတယောက်က အပြောင်း အရွှေ့ရှိလို့။ ဘယ်ဗိုလ်မှူးကြီးလဲပြော၊ အခုဦးပိုင်မှာ ကျွန်တော်ရဲ့သူငယ်ချင်းတွေရှိတယ်။ ဘယ်သူအပြောင်း အရွှေ့ပါလဲမေးတော့ အစည်းအဝေးမထိုင်ရသေးလို့ ဦးပိုင်က ပြောနိုင်တဲ့သူက တပ်အပြောင်းအရွှေ့ရှိနေ လို့ဆိုတာမျိုး အကြီးကြီးတွေပြောတာ။ ဗိုလ်မှူးချူပ်တွေ၊ ဗိုလ်ချုပ်တွေနဲ့ပြောတာ။ တကယ်လည်း အဲဒီလူ တွေနဲ့ပြောတာ တွေ့ရတယ်။ ဆက်ဆံတာက မျက်စိနဲ့ မြင်တယ်။ သူတို့ကိုယ်တိုင်က အလိမ်ခံထားရပြီး ဘာမှဟလို့မရလို့။ အခုကတော့ ကျွန်တော်တို့ လူညံ့ကြီးဖြစ်တာပေါ့လေ။ ထားပါတော့ သူတို့ရဲ့အဆင့်နဲ့ သူတို့တတွေ ဒီနေရာကိုရောက်နေပြီးတော့မှ သူတို့ကိုယ်တိုင်က ခေါင်းညိတ်ခေါင်းခါ အဲဒီအနားမှာ လက်အုပ်လေးချီလို့နေတဲ့အခါမှာ ကျွန်တော်တို့က နောက်မှရောက် တဲ့သူတွေဆိုတော့ ဘယ်လိုဖြစ်မလဲ။ မြင်ကြည့်ပါ။ ဒီလောက်တောင် အသလား၊ ဒီလောက်တောင် တုံး သလားဆိုတဲ့ မေးခွန်းကိုဖြေတာပါ။

မေး- အခုလိုမျိုး သိန်းပေါင်းထောင်ချီအလိမ်ခံရတယ်ဆို တော့ အ လို့ခံရတာ။ လောဘကြီးလို့ဖြစ်တာ အ ဆောင်ယတြာကြောင့်လားဆိုတာမျိုး လူတွေက သုံးသပ်နေမှုတွေရှိနေတယ်။ ဒီအပေါ်မှာရော ဘယ်လို မှတ်ချက်ပြုချင်လဲ။

ဖြေ- ပထမဆုံးပြောရမှာက ယုံကြည်လွယ်မှုပေါ့။ ဒါတောင် ကျွန်တော်တို့တတွေက သိပ်ပြီးယုံကြည်လွယ် တဲ့အထဲမှာတော့ မပါဘူး။ ပတ်ဝန်းကျင်ဖန်တီးထားတဲ့အခါမှာ ယုံကြည်သွားရတာပဲ။ ကျွန်တော်ဆိုရင် check လုပ်တယ်။ Recheck လုပ်တယ်။ လုပ်ငန်းလုပ်တဲ့နေရာအထိ သွားတယ်။ လုပ်ပေမဲ့ ဘာလို့ပါရသလဲဆိုရင် လောဘကြောင့်ချည်း မဟုတ်ဘူးဗျ။ လုပ်ငန်းချဲ့ချင် တာပေါ့။ လောဘလို့ပဲ ခေါင်းစဉ်တပ်လိုက်လို့ရှိရင် ခြုံပြီးတပ်လိုက်သလိုဖြစ်သွားမှာ။ အမှန်က သူ့ဆီက ပိုက်ဆံကို မလိုတမာနဲ့ရချင်တာတော့ မဟုတ်ဘူးလေ။ ကျွန်တော်တို့ ပိုက်ဆံလေး ရင်းပြီးတော့မှ အာမခံလေး ထားပြီးတော့မှ ချေးငွေလေးရချင်တာကိုး။ သူတို့ဆီက ပိုက်ဆံအလကားရမယ်ဆိုတဲ့ မျှော်လင့်ချက်မရှိဘူး။ အဆောင်တွေ ယတြာတွေကြောင့်လားဆိုတာကလည်း အဲဒါက ရာခိုင်နှုန်းနည်နည်းတော့ ပါမယ်နဲ့တူတယ်။ ဘာလို့လဲဆိုတော့ တချို့ဆိုရင် သူ့အခန်းထဲရောက် သွားရင် ပြောသမျှပေးတယ်။ အပြင်ရောက်လာရင် မပေးဘူး။ အဲဒါက လုပ်ငန်းရှင်အကြီးကြီးတွေကို ဖြစ်တာ။

ပြောသမျှပေးတယ်ဆိုတာက ဘာအလုပ်လုပ် သလဲမေးလို့ ကျွန်တော်ကတော့ ဟိုတယ်လုပ်ငန်းလုပ် တယ်ဆိုရင် မင်း ငါ့ကို သိန်း ၁ဝဝဝ လောက်ပေး ထားပါလား။ ဘယ်နှရက်အတွင်း ပြန်ရစေမယ်။ အဲဒါ ဆိုရင် သူက အဲဒီပေးတဲ့ ပိုက်ဆံအတိုင်းကို ၂ဝ ရာခိုင် နှုန်းလောက် အတိုးရော အရင်းရော တပတ်အတွင်း ပြန်ပေးတယ်။ နောက်တခါ ငါ့တပည့် လုပ်ငန်းရှင် တယောက်လိုနေလို့ သိန်း ၅ဝဝဝ လောက်ပေးလိုက် စမ်း၊ ငါအာမခံတယ်။ ၃ ခါ၊ ၄ ခါလောက်ပြောရင် ပြောတဲ့အတိုင်း ကိုယ့်ငွေပြန်ရတယ်လေ။ နောက်ဆုံး တော့ သိန်း ၇ဝဝဝ လောက်ပေးလိုက်၊ ငါအာမခံ တယ်၊ ငါကိုယ်တိုင်ပဲ လက်မှတ်ထိုးပေးလိုက်မယ်။ ငါ့ဆိုရင်ယုံတယ် မဟုတ်လား။ အဲဒီမှာ တပြားမှ ပြန် မရတော့ဘူး။ ဒါသူ့ရဲ့လုပ်ကွက်ပေါ့။ အဲတော့ အယုံ လွယ်တာလား။ အဲဒီအယုံမလွယ်ဘူးဆိုတဲ့ လူတွေနဲ့ တွေ့စေချင်တယ်။ ငါကတော့ မယုံဘူး၊ သူ့ကိုဘာလို့ ယုံရမှာလဲဆိုတဲ့ သူတွေပေါ့။

မေး- ဥပဒေကြောင်းအရ ၄၂ဝ နဲ့တရားစွဲထားပြီဆို တော့ ဒီငွေတွေက တကယ်လို့ ရနိုင်ခြေနည်းသွားပြီဆိုရင် ဘာဆက်လုပ်မလဲ၊ ဘယ်လိုဖြစ်မလဲ။
ဖြေ- ရနိုင်ခြေနည်းသွားတာမဟုတ်ဘူး။ ရမယ်လို့ကို ခေါင်းထဲမှာမထားဘူး။ တရားစွဲရတဲ့ ရည်ရွယ်ချက်က ၁။ အချက် ကျွန်တော့်ပိုက်ဆံ ပြန်ရချင်တယ်။ ၂။ အချက်ကတော့ ကျွန်တော်အပါအဝင် ကျွန်တော်ရဲ့ ရှေ့မှာ အလိမ်ခံရတဲ့သူ လူလေး၊ ငါးဆယ်ဝန်းကျင် လောက်ရှိတယ်။ သိန်းကိုသောင်းချီရှိနေတယ်။ နောက် ကို ကျွန်တော်တို့လို အလိမ်မခံရစေချင်တာ။ နောက် လိမ်နေတဲ့သူကို ဥပဒေအရ ထိုက်သင့်တဲ့ ပြစ်ဒဏ် ခံစားစေချင်တယ်။ ဒီကြားထဲမှာမှ ၁ ရာနှုန်းလောက် တောင်မရှိတဲ့ ပိုက်ဆံရနိုင်မယ်လို့ဆိုရင်လည်း ရချင် တာပေါ့။ ငွေရရှိရေးအရ တရားမကြောင်းအရ သွား နေမှာပဲ။ နောက်တခုက ကျွန်တော်လိုပဲ အလိမ်ခံရတဲ့ သူတွေကလည်း ငြိမ်ခံမနေသင့်ဘူး။ သူတို့တတွေ ရုပ်တည်ကြီးတွေနဲ့နေခဲ့လို့ သူတို့တတွေ ကျွန်တော့် ကိုမပြောခဲ့လို့၊ ကျွန်တော်ညံ့တာက ၇ဝ ရာခိုင်နှုန်း၊ ၃ဝ ရာခိုင်နှုန်းက သူတို့သာ လုပ်ငန်းရှင်ချင်း သတိပေးလို့ရှိရင်၊ မင်းမလုပ်သင့်ဘူးလို့ တိုးတိုးပြောခဲ့မယ်ဆိုရင် ကျွန်တော် ဘယ်လုပ်ဖြစ်မလဲဗျာ။

လင်းလင်းအောင်
News Watch

COMMENTS

Name

art,1,article,1349,cartoon variety,23,crime,70,culture,1,documentary,9,Entertainment,9,health,36,history,2,international,8787,interview,229,knowledge,9,Live,8,LocalNews,18007,news,2842,opinion,792,photos,203,poem,117,satires,40,song,12,speech,13,sports,196,statement,59,technic,59,translate,36,video,1076,voice,76,
ltr
item
dawnmanhon: ယုံကြည်အောင်ပြောသူက ဒေါ်နန္ဒမာလာ၊ သိန်းထောင်ချီဆုံးရှုံးသွားသည်က အုပ်ချုပ်မှုဒါရိုက်တာ ဦးနေမျိုးနိုင်
ယုံကြည်အောင်ပြောသူက ဒေါ်နန္ဒမာလာ၊ သိန်းထောင်ချီဆုံးရှုံးသွားသည်က အုပ်ချုပ်မှုဒါရိုက်တာ ဦးနေမျိုးနိုင်
https://1.bp.blogspot.com/-H3I98QSS8FA/XD9TW_LpBpI/AAAAAAAAfcg/brbaFUQYkswos2LPP1Oi9KkuFUwdKaSxgCLcBGAs/s640/q1.jpg
https://1.bp.blogspot.com/-H3I98QSS8FA/XD9TW_LpBpI/AAAAAAAAfcg/brbaFUQYkswos2LPP1Oi9KkuFUwdKaSxgCLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2019/01/blog-post_57.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2019/01/blog-post_57.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy