ပြင်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင်နှစ်ဦးကို ပုဒ်မ ၁၇ (၁)(၂) နဲ့ အမှုဖွင့်

၂၀၁၉၊ ဇန်နဝါရီ ၁၄ ရက်နေ့က ပြန်လည်လွတ်မြောက်လာသူ ၁၃ ဦးနဲ့ ဒေသခံတွေကို တွေ့ရစဉ် ၂၀၁၉၊ ဇန်နဝါရီ ၁၄ ရက်နေ့က ပြန်လည်လွတ်မြောက်လာသူ ၁၃ ဦးနဲ့ ဒေသခံတွေကို တွေ့ရစဉ်
Photo: Mg Kyaw Zan
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အမှတ်(၃)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ပြင်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်နဲ့ အဲဒီရွာသား ဦးမောင်ကျော်ဝင်းကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ-၁၇(၁)(၂) နဲ့ ဘူးသီးတောင်မြို့နယ်တရားရုံးမှာ ဒီနေ့အမှုဖွင့်လိုက်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံ က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ လူ ၁၅ ဦးအထဲက ၁၃ ဦးကို မနေ့က ည ၇ နာရီလောက်မှာ ပြန်လွှတ်ပေးလိုက်ပြီး ကျန် ၂ ဦးကို ဒီနေ့ အမှုဖွင့်လိုက်တာ ဖြစ်ပါတယ်။

အလားတူ ဘူးသီးတောင်မြို့နယ်အတွင်းက ကားလမ်းမအနီးမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့က ပေါက်ကွဲမှုဖြစ် ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ ဖမ်းဆီးထားတဲ့ သရက်ပြင်ကျေးရွာသားတစ်ဦးကိုလည်း မတရားအသင်းဆက်သွယ်မှု ပုဒ်မ-၁၇(၁)(၂)နဲ့ အမှုဖွင့်လိုက်ပြီး ဘူးသီးတောင်အကျဉ်းထောင်ကို ပို့ဆောင်လိုက်တယ်လို့သိရပါတယ်။

မနေ့ကပြန်လည်လွတ်မြောက်လာသူ ၁၃ ဦးကို မေးမြန်းကြည့်ချက်အရ ရက္ခိုင့်တပ်မတော် AA နဲ့ ပတ်သက်မှု ရှိ၊ မရှိ နဲ့ စားနပ်ရိက္ခာတွေပို့ဆောင်ပေးတာ ရှိ၊ မရှိ စတာတွေကို အဓိကစစ်ဆေးခံခဲ့ရတာဖြစ်တယ်လို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံကပြောပါတယ်။

မနေ့ကပြန်လည်လွတ်မြောက်လာသူ ၁၃ ဦးဟာ ပြင်ချောင်းကျေးရွာသား ၇ ဦး၊ ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာက ၂ ဦး၊ နေပူခံကျေးရွာက ၁ ဦးနဲ့ လမ်းသွားလမ်းလာ ၃ ဦးတို့ဖြစ်ကြပါတယ်။

ဒီအတွင်း ရသေ့တောင်မြို့နယ် ကြိမ်သာကျေးရွာအနီးမှာ မနေ့ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း တပ်မတော်က ခေါ်ယူသွားတဲ့ ရွာခံ နှစ်ဦးဟာ ဒီနေ့ညနေပိုင်းအချိန်အထိ အိမ်ပြန်မရောက်သေးသလို သူတို့ရဲ့လက်ကိုင်ဖုန်း ကိုလည်း ပိတ်ထားတယ်လို့ မိသားစုဝင်တွေက RFA ကိုပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။
https://www.rfa.org/burmese/news/detained-13villagers-free-01142019230349.html

COMMENTS

Name

art,1,article,1349,cartoon variety,23,crime,70,culture,1,documentary,9,Entertainment,9,health,36,history,2,international,8787,interview,229,knowledge,9,Live,8,LocalNews,18007,news,2842,opinion,792,photos,203,poem,117,satires,40,song,12,speech,13,sports,196,statement,59,technic,59,translate,36,video,1076,voice,76,
ltr
item
dawnmanhon: ပြင်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင်နှစ်ဦးကို ပုဒ်မ ၁၇ (၁)(၂) နဲ့ အမှုဖွင့်
ပြင်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင်နှစ်ဦးကို ပုဒ်မ ၁၇ (၁)(၂) နဲ့ အမှုဖွင့်
https://www.rfa.org/burmese/news/detained-13villagers-free-01142019230349.html/13villagers-free-622.jpg/image
dawnmanhon
http://www.dawnmanhon.com/2019/01/blog-post_90.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2019/01/blog-post_90.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy