တရုတ်ရဲ့ Chang'e-4 အာကာသယာဉ် လအမှောင်ခြမ်းကို ပထမဆုံး ဆင်းသက်နိုင်

လရဲ့ အမှောင်ဘက်အခြမ်းကို တရုတ် အာကာသယာဉ်ငယ်က ဓာတ်ပုံရိုက်ယူခဲ့

လကမ္ဘာရဲ့ အမှောင်ဘက် အခြမ်းကို ပထမဆုံး အကြိမ်အဖြစ် တရုတ် စက်ရုပ် အာကာသယာဉ်ငယ် အောင်မြင်စွာ ဆင်းသက် နိုင်ခဲ့ တယ်လို့ တရုတ်နိုင်ငံက ပြောကြားပါတယ်။

တရုတ်နိုင်ငံ ဒေသစံတော်ချိန် မနက် ၂ နာရီ ၂၆ မိနစ် အချိန်မှာ လူလိုက်ပါခြင်း မရှိတဲ့ တရုတ် အာကာသယာဉ် Chang'e-4 ဟာ လရဲ့ တောင်ဝင်ရိုးစွန်းပိုင်းက ချိုင့်ဝှမ်းပေါ်ကို ဆင်းနိုင် ခဲ့တာလို့ တရုတ် မီဒီယာက ထုတ်ဖော် ပြောကြား ပါတယ်။
အင်္ဂါဂြိုဟ် ပေါ်ကို လူတွေရောက်ဖို့ နီးစပ်ပြီလား

စူးစမ်း လေ့လာမှုတွေ မလုပ်ရသေးတဲ့ လရဲ့ အဲဒီနေရာပိုင်းမှာ ဘူမိဗေဒ ဆိုင်ရာ လေ့လာမှုတွေ လုပ်ဖို့နဲ့ ဇီဝ စမ်းသပ်မှုတွေ လုပ်ဖို့ ဒီ အာကာသ ယာဉ်ငယ် ပေါ်မှာ ပစ္စည်းကိရိယာ တွေ ပါပါတယ်။

တရုတ်တို့ရဲ့ အခုလို ဆင်းသက်နိုင်မှုဟာ အာကာသ စူးစမ်းလေ့လာရေး အတွက် သမိုင်း မှတ်တိုင် တခု အဖြစ် တွေ့မြင်ရပါတယ်။



မကြာသေးခင် နှစ်တွေ အတွင်း လကမ္ဘာဆီ စူးစမ်းလေ့လာရေး အာကာသယာဉ်ငယ် အတော်များများ လွှတ်တင်ခဲ့တာ ဖြစ်ပေမယ့် အများစုက လ ကို လှည့်ပတ် နေတာ၊ ဒါမှမဟုတ် ဖြတ်ပျံတာမျိုး ကိုသာ လုပ်ဆောင်ခဲ့ ကြတာ ဖြစ်ပါတယ်။

လူလိုက်ပါတဲ့ လကမ္ဘာပေါ် နောက်ဆုံး ဆင်းသက်နိုင်မှု ကတော့ ၁၉၇၂ ခုနှစ်က အပိုလို ၁၇ အာကာသယာဉ်ဖြစ်ပါတယ်။

Chang'e-4 အာကာသယာဉ်ငယ် ဟာ လကမ္ဘာပေါ် ဆင်းပြီးနောက် ပထမဆုံး ပေးပို့လာတဲ့ ရုပ်ပုံတွေကို တရုတ် နိုင်ငံ မီဒီယာ ကနေ ထုတ်ဖော်ပြသခဲ့ပါတယ်။

ဒီအာကာသယာဉ်နဲ့ မြေကမ္ဘာ အကြား တိုက်ရိုက် ဆက်သွယ်မှုတွေ မဖြစ်နိုင်တာကြောင့် အဲဒီက ရုပ်ပုံတွေနဲ့ ဒေတာ အချက်အလက်တွေ ကို တခြား ဂြိုဟ်တု ကနေ တဆင့် ကမ္ဘာဆီ ထပ်ဆင့် ပို့ဆောင်မှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။

လကမ္ဘာပေါ်ဆင်းသက်မှုက ဘယ်လောက် အရေးပါ ပါလဲ။

အရင် လကမ္ဘာ ပေါ် ဆင်းကြတဲ့ ယာဉ်တွေဟာ ကမ္ဘာနဲ့ မျက်နှာချင်းဆိုင် ဘက်အခြမ်း ကိုသာ ဆင်းခဲ့ကြတာပါ။ ဒါပေမယ့် အခု ဆင်းသက်မှု ကတော့ ကမ္ဘာ နဲ့ မျက်နှာချင်းဆိုင်မဟုတ်ဘဲ တခြား အမှောင်ဘက် အခြမ်းကို ဆင်းတာ ဖြစ်ပြီး ဒါက ပထမဆုံး လည်း ဖြစ်သလို အဲဒီဘက်ကို စူစမ်းလေ့လာမှုတွေ မလုပ်ရသေးပါ။

အာကာသ စူးစမ်းလေ့လာကြတဲ့ တခြား နိုင်ငံကြီးတွေ မလုပ်သေးတာကို တရုတ်တို့က ရအောင် ဆောင်ရွက်တာ ဒါပထမဆုံး ဖြစ်တယ်လို့ ကယ်လီဖိုးနီးယား နည်းပညာ တက္ကသိုလ်က နက္ခတ္တဗေဒပညာရှင် Ye Quanzhi က ပြောပါတယ်။
ဓာတ်ပုံ မူပိုင် EPA/CNSA
အမှောင်ဘက်အခြမ်းကို ကမ္ဘာကနေ မမြင်ရပါ

Chang'e-4 အာကာသယာဉ်ငယ်ကို တရုတ်နိုင်ငံ ရှီချန်းအာကာသယာဉ် လွှတ်တင်ရေး စခန်းကနေ ၂ဝ၁၈ ဒီဇင်ဘာလ ၇ ရက်နေ့က လွှတ်တင်ခဲ့တာပါ။ လပတ်လမ်းထဲကိုတော့ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ရောက်ရှိခဲ့တာပါ။

ဒီယာဉ်ကနေ လေ့လာစူးစမ်းမှုတွေ လုပ်ဖို့ ရည်ရွယ်ထားတာ ကတော့ လရဲ့ တောင်ဝင်ရိုးစွန်း ဘက်မှာရှိတဲ့ Von Kármán လို့ခေါ်တဲ့ ချိုင့်ကြီးကို စူးစမ်း လေ့လာဖို့ ဖြစ်ပါတယ်။

“ဒီချို့င့်ကြီးဟာ အချင်းအားဖြင့် ၁၅၅ဝ မိုင် ရှိပြီး အနက်က က ၈ မိုင်ကျော်လောက် ရှိတယ်။ ဒါဟာ နေစကြဝဠာ အတွင်း ကြီးမားတဲ့ ထိခိုက်မှုကြောင့် ဖြစ်လာတဲ့ အကြီးဆုံးသော ချိုင့်ဝှမ်း တခု ဖြစ်ပါတယ်။ နောက်ပြီး လပေါ်က အကျယ်ဆုံး အနက်ဆုံး နဲ့ ရှေးအကျဆုံး ချိုင့်ဝှမ်းဖြစ်တယ်”လို့ ဗြိတိန် လန်ဒန် တက္ကသိုလ် ကောလိပ်က ပါမောက္ခ အန်ဒရူး ကုတ်စ် က ပြောပါတယ်။

 ကမ္ဘာ့ကမြင်ရတဲ့ အခြမ်း ( လက်ဝဲ) နဲ့ မမြင်ရတဲ့အခြမ်း (လက်ယာ) တို့မှာ အဓိက ကွာခြားချက်တွေ ရှိနေပါတယ်

အပိုလို ၁၁ အာကာသယာဉ် အတွင်းပိုင်းကို ထိတွေ့နိုင်မယ်

https://www.bbc.com/burmese/world-46747662

COMMENTS

Name

art,1,article,1356,cartoon variety,23,crime,70,culture,1,documentary,9,Entertainment,9,health,36,history,2,international,8815,interview,230,knowledge,9,Live,8,LocalNews,18110,news,2842,opinion,794,photos,203,poem,117,satires,40,song,12,speech,13,sports,196,statement,59,technic,59,translate,36,video,1077,voice,76,
ltr
item
dawnmanhon: တရုတ်ရဲ့ Chang'e-4 အာကာသယာဉ် လအမှောင်ခြမ်းကို ပထမဆုံး ဆင်းသက်နိုင်
တရုတ်ရဲ့ Chang'e-4 အာကာသယာဉ် လအမှောင်ခြမ်းကို ပထမဆုံး ဆင်းသက်နိုင်
https://ichef.bbci.co.uk/news/624/cpsprodpb/D722/production/_105047055_051422158-1.jpg
dawnmanhon
http://www.dawnmanhon.com/2019/01/change-4.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2019/01/change-4.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy