"ဖျက်မြင်း"

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မီတီသည် အဖွဲ့ဝင် ၄၅ ဦး ပါ ရမယ့် ကော်မီတီ ဖြစ်ပြီး အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်မှ ၂၂ ဦး စီ နဲ့ ဥက္ကထ တဦး ပါဝင်မှာ ဖြစ်ပါတယ်။ ယခင် ဦးသိန်းစိန် လက်ထက်မှာ အလားတူ ကော်မီတီ မျိုး ၁၀၉ ဦးနဲ့ ဖွဲ့စည်းခဲ့ပေမယ့် လူများ ပွဲမစည်ဆိုသလို ဘာမှ ရေရေရာရာ မရှိပဲ ပြီးစီးသွားခဲ့ပါတယ်။

ယခု ပါဝင်ရမယ့် အရည်အတွက် ကို လွှတ်တော် ကိုယ်စားလှယ် ၃၀ လောက်တောင် ဖြစ်ဖြစ်မြည် အရွေးခံခဲ့ရတဲ့ ကြံ့ခိုင်ရေး က လွှတ်တော် ကိုယ်စားလှယ် အများစု အနိုင်ရထားတဲ့ ပါတီကြီး နဲ့ တန်းတူ ရမှာ ဖြစ်တယ်လို့ တောင်းဆိုလာပါတယ်။ လက်ရှိ ကော်မီတီ မှာ NLD က နေရာ နှစ်ဆယ် ရရှိမှာ ဖြစ်ပြီး USDP က နှစ်နေရာ နဲ့ အခြားပါတီ အားလုံးထဲက လူနှစ်ဦးထက် ပိုပြီး စေလွှတ်ခွင့်ရှိမှာ မဟုတ်ပါဖူး။

လက်ရှိ လွှတ်တော်မှာ NLD က လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၅၉% ရရှိထားပြီး စစ်တပ်ကိုယ်စားလှယ် ၂၅%၊ တိုင်းရင်းသား ပါတီများ အားလုံးက ၁၁% နဲ့ USDP က ၅% သာ ရရှိထားပါတယ်။

၅% သာ ရရှိထားတဲ့ ပါတီက အဆိုပါ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အား ဥပဒေနှင့် မညီဟု ဆိုကာ လွှတ်တော်ထဲတွင် ကန့်ကွက်ခဲ့ကြသူများ ဖြစ်နေကြသည့်အပြင် ယခုလည်း ၅၉% ရတဲ့ ပါတီ နဲ့ တန်းတူ လူအရည်အတွက် ထည့်ရမယ် ဆိုတာကို မဖြစ်နိုင်တာ ပြောလာမှုကို ဖျက်မြင်း လုပ်တာ မဟုတ်လို့ အခြား ဘာများ ကင်ပွန်းတပ်၍ ရနိုင်ပေဦးမည်နည်း။

Self-respect ဆိုသည်ကား ၎င်းတို့၏ အဘိဓာန်တွင် မည်သည့်အခါမျှ ရှိခဲ့ပုံလည်း မရပေ။

ထို့အတွက် ပထမအကြိမ် အစည်းအဝေး က သောင်မတင်ရေမကျနဲ့ ပြီးစီးသွားပြီး ဖေဖေါ်ဝါရီ ၁၅ ရက်နေ့ကို ထပ်မံ ရွှေ့ဆိုင်းလိုက်ရပါတယ်။

စစ်တပ်က ယခင် မတ်တတ်ရပ်ကန့်ကွက်ခဲ့ကြပေမယ့် လွှတ်တော် တခုစီအတွက် ကိုယ်စားလှယ် တဦးစီနဲ့ လေ့လာသူ နှစ်ဦး ပေါင်း လေးဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ပြည်သူများ ကတော့ ၎င်းတို့ ၏ နောင်လာမည့် မျိုးဆက်များ ရဲ့ အနာဂါတ်အား ကောင်းစွာ အဆုံးအဖြတ် ပေးမည့်အပြင် တိုင်းပြည်အတွက် ငြိမ်းချမ်းရေး အသီးအပွင့်များ ခံစားနိုင်ရန် အဆိုပါ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အား ၎င်းတို့ ယုံကြည်စိတ်ချစွာ တင်မြှောက်ထားကြသူများသာ စီမံခန့်ခွဲနေတာ ကို မြင်လိုကြပါတယ်။

တကယ်တမ်း တွင် နှစ်ပေါင်းများစွာ ကိုယ်ကျိုးရှာ အုပ်ချုပ်ခဲ့ကြတဲ့ လူများ ကို ဖယ်ရှားနိုင်ရေးတွင်လည်း ထောင်ကျ အနစ်နာခံ အနှိပ်စက်ခံ ဘ၀ ဖြင့် တိုက်ပွဲဝင်ပေးခဲ့ကြသူများ က NLD သာ ပင် ဖြစ်၍ ၎င်းတို့ အပေါ်သာ ယုံကြည်လိုကြသည်မှာလည်း အဆန်းတကြယ်တော့ မဟုတ်ပြန်ပေ။

သို့သော် ဒီမိုကရေစီ သဘောအရ ရွေးချယ်ခံ ပါတီများလည်း ကိုယ်စားလှယ်အဖြစ် ပါဝင်ဆွေးနွေးတာကို လက်ခံရမှာ ဖြစ်ပေမယ့် တဖက်က ကြည့်ပြန်ရင်လည်း မိမိတို့ အကျိုးစီးပွားကို မည်သည့်အခါမျှ ဦးထိပ်မပန်ဆင် ခဲ့သူများ၊ မိမိတို့ လိုလားချက်များကို ကန့်ကွက်ခဲ့ကြသူများ တ၀က်နီးပါး ပြန်လည် ပါဝင်လာကြမည့် အရေး အား မည်သို့ ရှု့စိမ့်နိုင်ကြပေမည်နည်း။

သို့အတွက် NLD အနေဖြင့် ပြည်သူများ ၏ အကျိုး အတွက် နောက်ထပ်တိုက်ပွဲကြီး တခု ဆင်နွှဲရန် အခွင့်ကြုံလာရပြန်ပြီဟု နှလုံးသွင်းကာ မိမိတို့ လုပ်စရာ ရှိသည်များ ကို ရဲရဲကြီး ဆက်လုပ်သွားဖို့ တိုက်တွန်းလိုက်ရပါတယ်။

ယခု တိုက်ပွဲကြီး အတွက်လည်း ပြည်သူများက နောက်တကြိမ် ထပ်မံ ၀ိုင်းရံပေးကြဖို့ ၀န်လေးကြမည်လည်း မဟုတ်ပေ။

Hla Soewai

COMMENTS

Name

art,1,article,1357,cartoon variety,23,crime,70,culture,1,documentary,9,Entertainment,9,health,36,history,2,international,8823,interview,230,knowledge,9,Live,8,LocalNews,18130,news,2842,opinion,795,photos,203,poem,117,satires,40,song,12,speech,13,sports,196,statement,59,technic,59,translate,36,video,1077,voice,76,
ltr
item
dawnmanhon: "ဖျက်မြင်း"
"ဖျက်မြင်း"
https://2.bp.blogspot.com/-HLSuGz8HH-g/XF-57seAfAI/AAAAAAAAfjE/xwtWnWYzM1AZGLoxsg9xyKxgsd6smOKsgCLcBGAs/s320/q1.jpg
https://2.bp.blogspot.com/-HLSuGz8HH-g/XF-57seAfAI/AAAAAAAAfjE/xwtWnWYzM1AZGLoxsg9xyKxgsd6smOKsgCLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2019/02/blog-post_22.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2019/02/blog-post_22.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy