`စေတနာနဲ့ဝေဒနာ စီးချင်းထိုးတဲ့ပွဲ


ယနေ့ ပြည်ထောင်စုလွှတ်တော်မှာ
NLDပါတီကလွှတ်တော်အမတ်
ဦးအောင်ကြည်ညွန့်တင်သွင်းခဲ့တဲ့
အခြေခံဥပဒေပြင်ဆင်ရေးအတွက်
ပါတီစုံ ကိုယ်စားလှယ်စုံပါဝင်အကြံပြု ဆွေးနွေးမဲ့ ကနဦးကော်မတီတစ်ရပ်ဖွဲ့စည်းရေးအရေးကြီး
အဆိုကို ထောက်ခံဆွေးနွေးခြင်းနဲ့ ကန့်ကွက်ခြင်း ပြုလုပ်တဲ့နေ့ပါ ---
ယခုအဆိုဟာ အခြေခံဥပဒေကို တိုက်ရိုက်ပြင်ဆင်တော့မယ်ဆိုတဲ့အဆိုလည်း
မဟုတ်ပါဘူး ---
ပြင်ဆင်ဖို့အတွက် ဆွေးနွေးတိုင်ပင်မဲ့ကော်မတီတစ်ရပ်ကို ဦးစွာဖွဲ့စည်းမဲ့အဆိုပါ ---
အများသိရှိပြီးဖြစ်တဲ့အတိုင်း အခြေခံဥပဒေပြင်ဆင်ရေးဆွဲရေးအတွက် တပ်မတော်ကလည်း ပြည်သူ့ဆန္ဒနဲ့အညီ ပြင်ဆင်ဖို့အမြဲတန်းဆန္ဒရှိတဲ့အကြောင်း
ပြည်ထောင်စုကြံ့ခိုင်ရေးပါတီကလည်း ပြည်သူ့ဆန္ဒနဲ့အညီပြင်ဆင်ဖို့တစ်သားထဲဆန္ဒရှိတဲ့အကြောင်း ပြောဆိုထားကြပြီးဖြစ်ပါတယ် ---
ဒီအခြေခံဥပဒေပြင်ဆင်ရေးအတွက် လွှတ်တော်တွင်း တစ်သီးပုဂ္ဂလများနဲ့ အခြားတိုင်းရင်းသားပါတီများကလည်း
NLD ပါတီနည်းတူ ပြည်သူလူထုဆန္ဒနဲ့အညီ
ပြင်ဆင်ဖို့ ပူးပေါင်းပါဝင်သွားကြမယ်လို့ ထုတ်ဖေါ်ပြသထားကြပါတယ် ---
ဟုတ်ပြီ ဒါဆိုရင် အခြေခံဥပဒေပြင်ဆင်ဖို့တော့
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေ
အားလုံးဖြစ်တဲ့ NLD /တိုင်းရင်းသား/ တစ်သီးပုဂ္ဂလ/ တပ်မတော် ကိုယ်စားလှယ်အားလုံးက သဘောတူလက်ခံကြတယ်ဆိုတာ ကောက်ချက်ချအတည်ပြုလို့ရပါပြီ ---
ဒါဆိုရင် ဒါကို ဘယ်သူတွေက ဘာကြောင့်ကန့်ကွက်နေလည်းဆိုတာ ဒီနေ့လွှတ်တော်သတင်းတိုက်ရိုက်လွှင့်နေတာကို ကြည့်မိပြီး ကိုယ်ပါ တိုင်ပတ်သွားတယ် ---
ပြည်ခိုင်ဖြိုးအမတ် ဦးမောင်မြင့်နဲ့တပ်ကိုယ်စားလှယ်
်တွေဟာဒီအရေးကြီးအဆို ကော်မတီဖွဲ့ဆွေးနွေးဖို့ဟာ
၂၀၀၈ အခြေခံဥပဒေ ဘောင်ထဲကနေ
၄၃၃ ၄၃၄ ၄၃၅ စတဲ့ ဘယ်ပုဒ်မ ဘယ်ပုဒ်ထီးတွေနဲ့အညီ တင်ပြပြီးမှသာလျှင်ဖွဲ့စည်းသင့်ကြောင်း အဲ့ဒီပုဒ်မတွေနဲ့မညီတဲ့အတွက် ကန့်ကွက်တာဖြစ်တဲ့အကြောင်း နောက် ပြည်သူတွေက ဘာမှန်းမသိဘဲ မပြင်ခြင်မှန်းမသိ ပြင်ခြင်မှန်းမသိဘဲ အစောလျင် ပြင်ခြင်နေတာဟာ
သဘာဝမကျတဲ့အကြောင်း ကန့်ကွက်ဆွေးနွေးနေတာတွေ့ရတယ် ---
ဒါကို ကျန်တိုင်းရင်းသားအမတ်တွေနဲ့
NLD အမတ်တွေက
၂၀၀၈ အခြေခံဥပဒေ ပြဌါန်းထားတဲ့ အဲ့ဒီကန့်ကွက်ပုဒ်မတွေနဲ့မဆိုင်တဲ့အကြောင်း
၂၀၀၈ အခြေခံဥပဒေပုဒ်မ ၆၂ အရ ဖွဲ့စည်းတာဖြစ်တဲ့အကြောင်း တစ်ချို့အမတ်တွေကလည်း ဒီဖွဲ့စည်းပုံထဲမှာ ကော်မတီတစ်ရပ်မဖွဲ့စည်းရဘူးလို့မပါသလို လိုအပ်ပါက အခြားအဖွဲ့အစည်းများလည်းဖွဲ့စည်းဆွေးနွေးခွင့်ရှိ
ကြောင်း ပြဌါန်းထားပါကြောင်း ထို့ကြောင့် ဒီကော်မတီဖွဲ့တာဟာ ဥပဒေနဲ့အညီဖြစ်တာကြောင့်
ထောက်ခံပါကြောင်း အပြန်အလှန် စီးချင်းထိုးဆွေးနွေးကြတယ် ----
ဟုတ်ပြီ အားလုံးဟာ ဖွဲ့စည်းပုံပြင်မှာကိုတောင် လက်ခံထားပါလျှက်နဲ့ ဒီဖွဲ့စည်းပုံပြင်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်အားလုံးဆွေးနွေးကြမဲ့/ ကော်မတီဖွဲ့ဆွေးနွေးမဲ့ ဆွေးနွေးခန်းထဲဝင်မှာကို မှာကို ဟိုအပေါက်က ဝင်မဆွေးနွေးရဘူး ဒီအပေါက်က ဝင်မဆွေးနွေးရဘူးလို့ ဖြစ်မနေဘူးလား ---
အိမ်ထဲဝင်ပြီးဆွေးနွေးမှာဘဲဗျာ ဘယ်အပေါက်ဝင်ဝင်ပေါ့ ----
အရပ်စကားနဲ့ဥပဒေနဲ့အညီပြောရရင်
၂၀၀၈ ခြေဥမှာ ဒီအပေါက်ကဝင်ဆွေးနွေးမှရမယ်လို့
ဥပမာ /ရှေ့အပေါက်ကလို့သတ်မှတ်ထားပေမဲ့ ဘေးပြတင်းပေါက်နဲ့ နောက်ဖေးပေါက်ကလည်း ဝင်ဆွေးနွေးလို့ရတယ်လို့ ပါနေပြန်တယ်လေဗျာ --
ပြင်ဖို့တောင်လက်ခံထားပြီးပြီဘဲ
ပြင်ဖို့အတွက်အစည်းအဝေးလုပ်ဆွေးနွေးမှာကို ပြန်တားဆီးနေတယ်ဆိုတော့ ခင်ဗျားတို့ဖါသာမလယ်ရှုပ်ဖြစ်နေတာ သဘောပါလား ?
ဒီတော့ ဟို စိတ်မရှည်တဲ့တိုင်းရင်းသားအမတ်
်(တိုက်ပုံအနက်နဲ့)က တွယ်ပါလေရောလား ---
ဒီမယ် နာယကကြီးနဲ့လွှတ်တော်အမတ်များ တပ်မတော်သားအမတ်များကိုပြောခြင်တယ်
အခြေခံဥပဒေပြင်ဆင်ရေးဟာ ပြင်ကိုပြင်ရမယ် ဒါဟာ ပြည်သူလူထုဆန္ဒဘဲ
ပြင်ပါ့မယ်လို့လည်းခင်ဗျားတို့အားလုံး
ဝန်ခံထွက်ဆိုပြီးကြပြီ ---
ကော်မတီတစ်ရပ်ဖွဲ့စည်းတာနဲ့ငြင်းခုံမနေကြနဲ့တဲ့
အချိန်ကုန်တယ်တဲ့
လွှတ်တော်သက်တမ်းက ကုန်တော့မှာ
ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းတုန်းကလည်း မယ်မယ်ရရမပြင်နိုင်ခဲ့ဘူး ပြည်သူ့လစာစားထားပြီးရှက်စရာကောင်းနေပြီ
ကန့်ကွက်တဲ့သူကလည်း ၂၀၀၈ ခြေဥနဲ့မညီလို့ဆိုပြီး ကန့်ကွက်တယ် ထောက်ခံတဲ့သူကလည်း ၂၀၀၈ခြေဥနဲ့အညီဆိုပြီးထောက်ခံတင်ပြကြတယ် ဒီကတည်းက ဒီ ၂၀၀၈ ခြေဥကြီးဟာ အားနည်းချက်တွေထင်ရှားနေပြီး ပြင်ကိုပြင်ရမယ်ဆိုတာ ပေါ်လွင်နေတယ်
အဲ့တော့ ပြင်ရမှာကိုဝေ့မနေကြနဲ့တော့
ဒီအဆိုထဲတင် တိုင်ပတ်မနေကြပါနဲ့
ကပ်ဖဲ့ရပ်ဖဲ့လုပ်မနေကြပါနဲ့တဲ့ ဒီကော်မတီဟာလည်းအောင်မြင်စွာဖွဲ့စည်းနိုင်မယ်လို့ ကျနော်ယူဆတယ်
ခင်ဗျားတို့ကျနော်တို့အချိန်မဆိုင်းဘဲပြင်ဖို့သာ စီစဉ်စဉ်းစားထားကြပေတော့--- သမိုင်းပေးတာဝန်အဖြစ်ပါဝင်ပေးကြပေတော့တဲ့"

နောက်ဆုံး NLD အမတ်ဒေါက်တာမြဥာဏစိုးက တိုတိုတုပ်တုပ် ခပ်ပြက်ပြက်ဘဲ ဆွေးနွေးတင်ပြသွားတယ်
ဒီအဆိုနဲ့ပါတ်သတ်ပြီး တိုင်းရင်းသားအမတ်အားလုံးနဲ့
NLD ပြည်သူ့အမတ်အားလုံးက ထောက်ခံကြိုဆိုသွားကြသလို ဥပဒေနဲ့အညီလည်းအရှင်းလင်းဆုံးဆွေးနွေး
ထောက်ခံသွားပါပြီ ----
ဖွဲ့စည်းပုံပြင်ရမယ်ဆိုတာကိုလည်း သက်ဆိုင်ရာကိုယ်စားလှယ်အားလုံးဟာ အခြားနိုင်ငံများနဲ့စံထိုး၍သော်လည်းကောင်း
ပြည်တွင်းပကတိအဖြစ်အပျက်များကိုအချက်ကျကျအခြေခံ၍သော်လည်းကောင်း နောင်အနာဂါတ်အတွက်မဖြစ်မနေပြင်ဆင်ရမယ်ဆိုတဲ့အကြောင်းတွေကို အငြင်းပွါးဖွယ်မရှိ ထောက်ခံတင်ပြဆွေးနွေးသွားခဲ့ကြပါတယ် ဒါဟာသူတို့ဒေသခံတွေရဲ့ဆန္ဒအစစ်အမှန်
ဖြစ်ကြောင်းလည်းတင်ပြဆွေးနွေးသွားပါတယ်
ဒါကြောင့်ဥပဒေနဲ့အညီအတည်ပြု ဖွဲ့စည်းသွားကြရမှာဖြစ်ပါတယ်ဒီလိုဖွဲ့စည်းရခြင်းဟာလည်း
NLD ပါတီဟာ အင်အားကြီးဆိုပြီး စိတ်ကြိုက်ဖွဲ့စည်းအဖြေရှာသွားမှာ
လုံးဝမဟုတ်သလို (လုပ်လည်းမလုပ်ပါဘူး" တည်ကြည်ပြက်သားသောလေသံဖြင့်)
တိုင်းရင်းသားပေါင်းစုံ ပါတီကိုယ်စားလှယ်ပေါင်းစုံ အသေးအကြီး ``အယုတ်အမြတ်အလတ်မရွေး"
ကိုယ်စားလှယ်အားလုံး နောက်ပြီး (တပ်မတော်ကိုယ်စားလှယ်များဘက်သို့ တည့်တည့်ကြည့်ပြီး) ပြည်သူ့တပ်ကိုယ်စားလှယ်များပါ ``မဖြစ်မနေ"
``အခြေခံဥပဒေတာဝန်အရ" ပူးပေါင်းပါဝင်ပေးကြရမှာ ဖြစ်ပါတယ် "
အဲ့တော့ ပြည်ထောင်စုလွှတ်တော်တွင်းမှာ လစာယူတာဝန်ထမ်းဆောင်နေသူလွှတ်တော်
ကိုယ်စားလှယ်အားလုံးဟာ ပြည်သူလူထုနဲ့တိုင်းပြည်ရှေ့ရေးအတွက် သတ္တိရှိရှိကိုယ်စီသမိုင်းကောင်းအမွေရေးထိုး
ပေးကြပါလို့ပြောခြင်ပါတယ်ဆိုပြီး" ဥပဒေနဲ့အညီအချက်ကျကျချီတုပ်ကာ ဆွေးနွေးသွားပါလေရဲ့ -----

ဒီနေ့ဆွေးနွေးချက်တွေ တိုင်းပြည်နဲ့ပြည်သူလူထုအပေါ် စေတနာရှိသူတွေနဲ့ တိုင်းပြည်နဲ့ပြည်သူလူထုအပေါ်စေတနာမရှိသူတို့ လွှတ်တော်စည်းဝိုင်းမှာ စီးခြင်းထိုးတဲ့ပွဲကြီးပွဲကောင်းလို့ဘဲမြင်မိပါတယ် -
တိုင်းပြည်နဲ့ပြည်သူလူထုအပေါ် စေတနာရှိသယောင် သံယောင်ဟစ်ခဲ့တဲ့ ဝေဒနာသမားအဓမ္မ အတ္တသမားတွေကို
လှလှပပဆွဲထုတ်ပြသွားတယ်ဆိုရင်လည်း
မမှားပါဘူး ----
ဒီတော့ ဒီနေ့စီးခြင်းထိုးတဲ့ပွဲမှာ တိုင်းပြည်နဲ့ပြည်သူလူထုအပေါ်စေတနာရှိတဲ့ တိုင်းရင်းသားအမတ်များနဲ့
NLD ပါတီလွှတ်တော်အမတ်များက
လှလှပပ ဝင့်ဝင့်ထည်ထည် ဂုဏ်ကျက်သရေရှိရှိ အနိုင်ရအောင်ပွဲဆင် သမိုင်းရေးထိုးသွားပါကြောင်း တနည်းအားဖြင့် ပြည်သူလူထုတစ်ရပ်လုံးနီးပါးက အနိုင်ရအောင်ပွဲဆင်သွားပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည် -----

#လောကပါလ 5-2-2019

COMMENTS

Name

art,1,article,1357,cartoon variety,23,crime,70,culture,1,documentary,9,Entertainment,9,health,36,history,2,international,8823,interview,230,knowledge,9,Live,8,LocalNews,18130,news,2842,opinion,795,photos,203,poem,117,satires,40,song,12,speech,13,sports,196,statement,59,technic,59,translate,36,video,1077,voice,76,
ltr
item
dawnmanhon: `စေတနာနဲ့ဝေဒနာ စီးချင်းထိုးတဲ့ပွဲ
`စေတနာနဲ့ဝေဒနာ စီးချင်းထိုးတဲ့ပွဲ
https://4.bp.blogspot.com/-EWE8bUefhRU/XFmwypSgMuI/AAAAAAAAfiU/Y9SALqk52nYTmfrkd0peuBDoM_ukQ4aLgCLcBGAs/s320/q1.png
https://4.bp.blogspot.com/-EWE8bUefhRU/XFmwypSgMuI/AAAAAAAAfiU/Y9SALqk52nYTmfrkd0peuBDoM_ukQ4aLgCLcBGAs/s72-c/q1.png
dawnmanhon
http://www.dawnmanhon.com/2019/02/blog-post_47.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2019/02/blog-post_47.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy