Line Walker -2 ရုပ်ရှင် ဇာတ်ကား ဇာတ်ဝင်ခန်းအချို့ရန်ကုန် YMCA ခန်းမတွင်ဆက်လက် ရိုက်ကူး



" မြန်မာကို ကမ္ဘာကသိဖို့ ဒီဇာတ်ကားက အရေးကြီးတယ်´´
#ဒေါက်တာသာဉာဏ်
Line Walker -2 ရုပ်ရှင်ဇာတ်ကား၏ ဇာတ်ဝင်ခန်းအချို့ကို ယနေ့နံနက် ပိုင်းက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၊ သိမ်ဖြူလမ်းအနီးရှိ ရန်ကုန် YMCA ခန်းမတွင် ရိုက်ကူးခဲ့သည်။ နံနက် ၆ နာရီ ခန့်က စတင်ပြီး ရိုက်ကူးရေးအတွက် ဇာတ်ဝင်ခန်း အပြင် အဆင်များနှင့်အတူ အက်ရှင်ဇာတ်ဝင်ခန်းအချို့ ကို ရိုက်ကူးရေးအဖွဲ့ သား များက အချိန်ယူ ရိုက်ကူးခဲ့ကြသည်။

ရန်ကုန် YMCA အထွေထွေအတွင်းရေးမှူး ဒေါက်တာသာဉာဏ်က``အခုလို ပြည်ပက ရုပ်ရှင်လာ ရိုက်ခြင်းအားဖြင့် မြန်မာကို ကမ္ဘာက သိသွားမယ်။ ကမ္ဘာက မြန်မာ ကို အမျိုးမျိုးမြင်နေကြတယ်။ အကောင်းမြင်တာရှိတယ်။ ဒွိဟသံသယတွေ ဖြစ်နေတဲ့သူ တွေရှိတယ်။ အဲဒီသတင်းတွေဟာ မြန်မာ နိုင်ငံရဲ့ ဖွံ့ဖြိုးမှုနဲ့ ပြည်ပဆက်ဆံရေးကို ထိခိုက်ပါတယ်။ မြန်မာကို ကမ္ဘာကသိဖို့ ဒီဇာတ်ကားက အရေးကြီးတယ်´´ ဟုပြောသည်။

သရုပ်ဆောင် အကယ်ဒမီ ဒေါ်မြင့်မြင့်ခိုင် က “အစ်မက ဒီဇာတ်ကားမှာ လိုအပ်တဲ့ နေရာလေးတွေမှာ ကူညီပေးရတာ။ဈေးဆိုင်ခန်းတွေကို ရဲတွေတက်လာတဲ့ အခါမှာ အစ်မတို့လည်း ကြောက်လန့်တကြား နဲ့ ရဲတွေဒီကိုဘာလို့လာကြသလဲဆိုတဲ့ အခန်းလေးပါပဲ။ နိုင်ငံခြားက လာရိုက်တဲ့အတွက် ဂုဏ်ယူမိပါ တယ်။ သူတို့အနေ နဲ့လည်း မြန်မာနိုင်ငံမှာ လာရိုက်တာကို သဘောကျပါတယ်။ ကိုယ့်နိုင်ငံနဲ့ သူတို့နိုင်ငံ နဲ့ပူးပေါင်းပြီးရိုက်တဲ့အတွက် ပညာတွေအများကြီးရတယ်။ မြန်မာနိုင်ငံဘက်မှာလည်း တော် တဲ့ ပညာရှင်တွေ အများကြီးရှိ ပါတယ်”ဟုပြော သည်။

ယင်းဇာတ်ကားတွင် ရန်ကုန် YMCA ခန်းမ၌ ပြင်ဆင် ရိုက်ကူးမှုအနေဖြင့် အမျိုးသားတစ်ဦး တိုက်ပေါ်က ပြုတ်ကျသည့် ဇာတ်ဝင်ခန်း၊ တရားခံကို ရဲတပ်ဖွဲ့က လိုက်လံနှိမ်နင်းသည့် ဇာတ်ဝင်ခန်း၊ ပေါက်ကွဲမှုဖြစ်ပွားသည့် ဇာတ်ဝင်ခန်း၊ ဈေးဆိုင် ခန်းများ စသည့် ဇာတ်ဝင်ခန်းများကို ရိုက်ကူးသွား မည်ဖြစ်ကြောင်း ဒေါက်တာ သာဉာဏ် ထံမှသိရသည်။

သရုပ်ဆောင် အောင်မြင့်မြတ်က “မြန်မာနိုင်ငံ အကြမ်းဖက်တိုက်ခိုက်ရေး အဖွဲ့က အထူးရဲအဖွဲ့ ခေါင်းဆောင်အနေနဲ့ သရုပ်ဆောင်ရတယ်။ ဟောင်ကောင်က လာတဲ့ အင်တာပိုလ် ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး လူဆိုးဖမ်းကြတယ်။ ဒီဇာတ်ကားရိုက်ရတာ ကျွန်တော်တို့အတွက် အတွေ့အကြုံတွေ အများကြီးရတယ်။ တန်ဖိုးလည်း ဖြတ်လို့ မရဘူး။ ဒီနေ့ဆိုရင်လည်း အစမ်းလေ့ကျင့်မှုက အခါခါလုပ် နေရတယ်။ နှစ်ရက်လုပ်ရ တာပါ။ ဒီနေ့က ဒုတိယနေ့ပါ။ အခုလိုပဲ ပြည်ပကလူတွေ နဲ့ရိုက်ရတဲ့အတွက် နိုင်ငံတကာမှာ ရုပ်ရှင်ရိုက်ရာမှာ အရည်အသွေးမြင့်အောင် ဘယ်လိုရိုက်ရလဲဆိုတာ သိလာတယ်။ နိုင်ငံတကာရုပ်ရှင်လောကမှာ အရည်အသွေးမြင့်အောင် ဘယ်လိုပြင် ဆင်ပြီး ရိုက်ရသလဲဆိုတဲ့ အတွေ့အကြုံတွေ အများကြီး ရတယ်”ဟုပြောသည်။

ကယန်းအနုပညာအစည်းအရုံး တာဝန်ခံ ဂျွန်ဆီဇာ(အားအိုင်)က “ကယန်း တိုင်းရင်းသားတွေ အနေနဲ့ ဒီဇာတ်ကားအတွက် လာပြီးပူးပေါင်းပါဝင်တာပါ။ ကျွန်တော် တို့ ကယန်းတိုင်းရင်းသားတွေကို ဒီဇာတ် ကားရိုက်ကူးတဲ့ တာဝန်ရှိ သူတွေက ဆက်သွယ်လာတယ်။ ယဉ်ကျေးမှုအနေနဲ့ဆိုတာထက် သူတို့က ဈေးဆိုင်ပြခန်းလေးနဲ့ လာပြီး ပူးပေါင်းပေးဖို့ ကမ်းလှမ်းလာတာပါ။ ယဉ်ကျေးမှုရယ်၊ ဆေးဆိုင်ခန်းရယ်၊ ရက်ကန်းရက်တာရယ်၊ တီးမှုတ်တာတွေပြဖို့ပေးဖို့ တစ်ခန်းရပ်ေ လာက် ပါဝင်ဖို့ ကမ်းလှမ်းလာပါတယ်။ ကယန်းအနုပညာအစည်းအရုံးက စုစုပေါင်း ကျွန်တော်တို့ လာတာ (၁၂)ယောက်ပါ။ အခုလို လာရောက်ရိုက်ကူးခြင်းအားဖြင့် ဌာနေတိုင်းရင်း သားတွေ၊ ယဉ်ကျေးမှုတွေကို ကမ္ဘာက သိသွားမယ်။ အဲဒါကို ကမ္ဘာက စိတ်ဝင်စားလာရင် ခရီးသွားလုပ်ငန်း ပိုမိုအောင်မြင်လာမယ်” ဟုပြောသည်။

Action ဇာတ်လမ်း ရိုက်ကူးရာတွင်ပစ်ခတ်မှု၊ ဖောက်ခွဲမှု၊ မော်တော်ကားများ အပြိုင် မောင်းနှင်မှု၊ ယာဉ် တိုက်မှု၊ ရဟတ်ယာဉ်ပျံသန်းမှု စသည့် ဇာတ်ဝင်ခန်း များသည့် အတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာဌာနများနှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့တို့က ၀ိုင်းဝန်းကူညီပံ့ပိုးပေးလျက်ရှိသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေး ဌာန၊ လက် ထောက်ဌာနမှူး ဦးလှမင်းက “ကျွန်တော်တို့စည်ပင်သာယာကလည်း ရိုက်ကူးနေစဉ် ကာလအတွင်း တတ်နိုင်သမျှ အဆင်ပြေအောင် ပူးပေါင်းဆောင် ရွက်ပေးနေပါတယ်။ ကျွန်တော်တို့ အနေနဲ့ ရိုက်ကွင်းရိုက်တဲ့နေရာ မရှင်းရင် ရှင်းအောင်လုပ်ပေးရတယ်။ ရိုက်ကွင်းမှာ လမ်းပိတ်တဲ့ကိစ္စတွေကို ယာဉ်ထိန်းရဲနဲ့ ပူးပေါင်းပြီးတော့ လမ်းတွေကို ရှင်းလင်း ပေးရတာရှိပါတယ်။ အဲဒါတွေကို ကျွန်တော်တို့ စီစဉ်ဆောင်ရွက်ပေးနေပါတယ်။ အခုလို လာရောက်ရိုက်ကူး တဲ့အတွက် မြန်မာနိုင်ငံရဲ့ အနေအထားကို ကမ္ဘာ့နိုင်ငံတွေက သိရှိပြီးတော့ နိုင်ငံတကာ ဧည့်သည်တွေ ပိုမိုလာရောက်လည်ပတ်ခြင်းအားဖြင့် နိုင်ငံရဲ့ ၀င်ငွေတစ်ခု တိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်”ဟုပြောသည်။

သတင်း- ဥမ္မာသန့်၊ ဇော်ကြီး၊ ဓာတ်ပုံ-ရဲထွဋ်

ZN.H 🇦🇺

COMMENTS

Name

art,1,article,1356,cartoon variety,23,crime,70,culture,1,documentary,9,Entertainment,9,health,36,history,2,international,8815,interview,230,knowledge,9,Live,8,LocalNews,18110,news,2842,opinion,794,photos,203,poem,117,satires,40,song,12,speech,13,sports,196,statement,59,technic,59,translate,36,video,1077,voice,76,
ltr
item
dawnmanhon: Line Walker -2 ရုပ်ရှင် ဇာတ်ကား ဇာတ်ဝင်ခန်းအချို့ရန်ကုန် YMCA ခန်းမတွင်ဆက်လက် ရိုက်ကူး
Line Walker -2 ရုပ်ရှင် ဇာတ်ကား ဇာတ်ဝင်ခန်းအချို့ရန်ကုန် YMCA ခန်းမတွင်ဆက်လက် ရိုက်ကူး
https://3.bp.blogspot.com/-GbTgzdrXb4o/XGwi6NN2-aI/AAAAAAAAfm8/SdIlTJxLKmo24ulQMQKaD532alI9jUSPACLcBGAs/s640/q1.jpg
https://3.bp.blogspot.com/-GbTgzdrXb4o/XGwi6NN2-aI/AAAAAAAAfm8/SdIlTJxLKmo24ulQMQKaD532alI9jUSPACLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2019/02/line-walker-2-ymca.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2019/02/line-walker-2-ymca.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy