မြစ်ဆုံစီမံကိန်းစာချုပ်ပါ အချက်အလက်များကို လက်ရှိအချိန်တွင်ချပြပါက တိုင်းပြည်အတွက် အကျိုးမရှိနိုင်ဟု NLD ဆို

မြစ်ဆုံစီမံကိန်းစာချုပ်ပါ အချက်အလက်များကို လက်ရှိအချိန်တွင်ချပြမည်ဆိုပါက တိုင်းပြည်နှင့်လူမျိုးအတွက် အကျိုးမရှိနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က News Watch သို့ ပြောသည်။

''ချပြတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ကို အမြဲတမ်းတွက်ရပါတယ်။ ကျွန်တော်တို့ချပြမယ်လို့ ပြောတဲ့အချိန်က ဒီစာချုပ်မှာ ဘာတွေပါမှန်း အတိအကျ မသိသေးတဲ့အချိန် သဘောထားကိုပြောတာပါ။ တကယ်သိလာတဲ့အချိန်မှာ သူ့ရဲ့ နောက်ဆက်တွဲအကျိုးတွေကို တွက်ရပါတယ်။ နိုင်ငံအတွက် အကျိုးမရှိနိုင်ဘူးဆိုရင် ထိန်းသိမ်းရတဲ့သဘောရှိပါတယ်။ ဘာပဲပြောပြော ကျွန်တော်တို့ပါတီအတွက် ထိန်းသိမ်းထားတာ မဟုတ်ပါဘူး။ နိုင်ငံနဲ့လူမျိုးအကျိုးအတွက် အခုလောလောဆယ်မှာ မပြနိုင်သော်လည်း ပွင့်လင်းလာတာနဲ့အမျှ ပြည်သူလူထုကို သိခွင့်ရမှာပါ'' ဟု ၎င်းက ပြောသည်။

တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှု၌ ရင်ဆိုင်နေရသည့်အခက်အခဲတခုမှာ ၇ နှစ်ကြာရပ်ဆိုင်းထားသော မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းဖြစ်ပြီး ထိုမြစ်ဆုံစီမံကိန်းပြဿနာမဖြေရှင်းဘဲ အကြာကြီး အချိန်ဆွဲမည်ဆိုပါက တရုတ်ကုမ္ပဏီများ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရန် ယုံကြည်စိတ်ကို ဆိုးရွားစွာထိခိုက်စေနိုင်ကြောင်း တရုတ်သံအမတ် Mr. Hong Liang က ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းက သွားရောက်ခဲ့သည့် ကချင်ပြည်နယ်ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။ ယင်းနောက်ပိုင်းတွင် မြစ်ဆုံကိစ္စမှာ တကျော့ပြန်လည် လာကာ ကန့်ကွက်မှုများ၊ ဝေဖန်မှုများ၊ လုပ်သင့်၊ မလုပ်သင့် သုံးသပ်ချက်များ ထွက်ပေါ်ခဲ့သည်။

ထိုသို့ တရုတ်-မြန်မာနှစ်နိုင်ငံ သဘောတူထားသည့် မြစ်ဆုံဆည်စီမံကိန်းနှင့်ပတ်သက်၍ ရွေးချယ်စရာ အခြားနည်းလမ်းများကို စဉ်းစားသွားမည်ဟူ၍ နေပြည်တော်၌ ဇန်နဝါရီလ ၂၉ ရက်ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌဝန်ကြီးဦးသောင်းထွန်းက ပြောကြားထား သည်။

ဆည်တည်ဆောက်မည့်နေရာသည် ငလျင်ကြောရှိနေသည့်အပြင်၊ မိုးရေခံ ရပ်ဝန်းအကျယ်အဝန်းဟာ စင်ကာပူနိုင်ငံ ၏ ၂ ဆလောက်ရှိနေသည့်အတွက် ကျေးရွာအမြောက်အမြား ရွှေ့ပြောင်းရမည်ဖြစ်၍ ဆည်၏အရွယ်အစားကို လျှော့ချခြင်း(သို့မဟုတ်) ဆည်တည်ဆောက်မည့် နေရာကိုရွှေ့ခြင်း (သို့မဟုတ်) တရုတ်ကုမ္ပဏီအား ယင်းစီမံကိန်းအစား အခြားစီမံကိန်းတခုဖြင့် အစားထိုးပေးခြင်းစသည့် ရွေးချယ်နည်းလမ်းများဖြင့် အဖြေတခုရရှိရေး စဉ်းစားနေကြောင်း ဝန်ကြီးဦးသောင်းထွန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

''လုပ်မယ်၊ မလုပ်ဘူးဆိုတာက လုပ်ငန်းကြီးတွေမှာ ပြောလို့မရဘူး။ ဒါက အဖြူ၊ အမည်းဖြစ်နေတယ်။ ကြားထဲမှာ ရွေးချယ်စရာနည်းလမ်းတွေ ရှိနေပါတယ်။ အခုပဲ ရွေးချယ်စရာနည်းလမ်းတွေကို ပြည် ထောင်စုဝန်ကြီးက ချပြပြီ။ အဲဒီမှာပြည်သူ တွေရဲ့အသံတွေ တတ်သိနားလည်တဲ့ ပညာရှင်တွေရဲ့ အသံတွေ၊ ဒေသခံတွေရဲ့ အသံတွေ သူတို့ရဲ့အသံတွေကိုနားထောင် ပြီးတော့မှ နိုင်ငံရဲ့ရေရှည်အကျိုးစီးပွားအတွက် ဆုံးဖြတ်ရမှာပါ။ လုပ်ငန်းကြီးတွေမှာတော့ ဘယ်တော့မှရွေးချယ်စရာ ၂ ခုတည်းရှိတာမျိုး မဟုတ်ပါဘူး။ အများ ကြီးရှိပါတယ်။ ကျွန်တော်တို့ ကြည့်ရမယ်။ သူတို့ဘာကိုလိုလားတယ်။ ဘာကိုစိုးရိမ် နေသလဲ။ အဲဒါတွေကြည့်ပြီးတော့မှ ဘုံ သဘောထားတခုရအောင် ရှာရမှာပါ''ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

အဆိုပါမြစ်ဆုံစီမံကိန်း စာချုပ်ပါအသေးစိတ်အချက်အလက်များကို ပါတီ၏ ဒုတိယဥက္ကဋ္ဌ(၂)ဖြစ်သူ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အပါအဝင် NLD-CEC အဖွဲ့ဝင်များ ဖတ်ရှုရခြင်း မရှိသေးကြောင်းသိရပြီး နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် စသည့်အစိုးရထိပ်ပိုင်းတာဝန်ရှိသူများ ဖတ်ရှုသိရှိပြီးဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

မြစ်ဆုံစီမံကိန်းကို ယခင်အစိုးရလက်ထက်က ယာယီရပ်ဆိုင်းခဲ့ပြီးနောက် လက်ရှိ NLD အစိုးရလက်ထက်တွင် ဧရာဝတီ-မြစ်ဆုံ၊ မြစ်ညာ၊ မြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေးကော်မရှင်ကို အဖွဲ့ဝင် ၂ဝ ဦးဖြင့် ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်က ဖွဲ့စည်းခဲ့သည်။ ထိုကော်မရှင်ဖွဲ့စည်းပြီး နောက် ၃ လ အကြာတွင် လေ့လာစိစစ်သုံးသပ်မှု ပထမအစီရင်ခံစာကို နိုင်ငံတော်သမ္မတထံသို့ တင်ပြခဲ့ကြောင်းသိရသည်။ ယင်းသို့တင်ပြပြီးနောက်ပိုင်း မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ ယနေ့ချိန်အထိ တစုံတရာထူးခြားမှုအခြေအနေ မရှိသေးကြောင်း တွေ့ရသည်။

လင်းလင်းအောင်
News Watch

COMMENTS

Name

art,1,article,1357,cartoon variety,23,crime,70,culture,1,documentary,9,Entertainment,9,health,36,history,2,international,8823,interview,230,knowledge,9,Live,8,LocalNews,18130,news,2842,opinion,795,photos,203,poem,117,satires,40,song,12,speech,13,sports,196,statement,59,technic,59,translate,36,video,1077,voice,76,
ltr
item
dawnmanhon: မြစ်ဆုံစီမံကိန်းစာချုပ်ပါ အချက်အလက်များကို လက်ရှိအချိန်တွင်ချပြပါက တိုင်းပြည်အတွက် အကျိုးမရှိနိုင်ဟု NLD ဆို
မြစ်ဆုံစီမံကိန်းစာချုပ်ပါ အချက်အလက်များကို လက်ရှိအချိန်တွင်ချပြပါက တိုင်းပြည်အတွက် အကျိုးမရှိနိုင်ဟု NLD ဆို
https://3.bp.blogspot.com/-Xi2x69Nb6ks/XFZZvwOGzNI/AAAAAAAAfgc/Bu56f2ppoLwkUmjU7R2oNE5WnTGW1X8JgCLcBGAs/s640/q1.jpg
https://3.bp.blogspot.com/-Xi2x69Nb6ks/XFZZvwOGzNI/AAAAAAAAfgc/Bu56f2ppoLwkUmjU7R2oNE5WnTGW1X8JgCLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2019/02/nld.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2019/02/nld.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy