" ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လို့မရနိုင်တဲ့ နည်းလမ်းတွေကို လက်ညိုးထိုးပြီး ပြောနေတယ် " ( NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့် နှင့် ဆက်သွယ်မေးမြန်းမှု့ )

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီး သမ္မ္မတဟောင်းဦးသိန်းစိန်၏မှတ်ချက်စကားအပါအဝင်လက် ရှိဆောင်ရွက်နေသောပြင်ဆင်ရေးလုပ်ငန်းစဉ်အပေါ် ဖွဲ့စည်း ပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းများကို ဆောလျှင်စွာ
ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးပူးပေါင်းကော်မတီကိုဖွဲ့စည်းရန် အရေးကြီးအဆိုတင်
သွင်းခဲ့သည့် NLDပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စား
လှယ်ဦးအောင်ကြည်ညွှန့်ကို ဖေဖော်ဝါရီ ၁၆ ည ၉ နာရီခန့် တွင် The Ladies News မှ ဆက်သွယ်မေးမြန်းထားမှု့ အား
ပြန်လည်ဖော်ပြအပ်ပါသည်။

မေး - ၁၆နှစ်လောက် အချိန်ယူရေးဆွဲထားတဲ့ဖွဲ့စည်းပုံကိုပြင်ဖို့ လွှတ်တော်ထဲကကိုယ်စားလှယ်တွေနဲ့ မလုံလောက်ဘူး လို့ သမ္မ္မတဟောင်းဦးသိန်းစိန်က သုံးသပ်ပြောကြားသွားပါတယ်။ ဒီသုံးသပ်ချက်ကို ဆရာအနေနဲ့ ဘယ်လိုထင်မြင်ပါ သလည်း

ဖြေ - လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မလုံလောက်ဘူးလို့ တစ်ကယ်ပြောမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုယ်ပဲ မညီညွတ်တော့ဘူးလေ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အတိအလင်းပြဌာန်းထားတာက ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင် ဖို့ဆိုရင် ဘယ်မှာပြင်ရမှာလည်းဆိုတော့ ပြည်ထောင်စုလွှတ်တော်မှာပဲပြင်ရမှာလေ။ ပြည်ထောင်စုလွှတ်တော်မှာ ၂၀ ရာခိုင်နှုန်းကနေ ဥပဒေကြမ်းတင်ပြီးတော့ပြင်ရမှာလေ။

အဲဒီတော့ ပြည်ထောင်စုလွှတ်တော်မှာ ပြည်သူလူထုက တိုက်ရိုက်ရွေးကောက်တင်မြောက်ထားတဲ့ ကိုယ်စားလှယ်တွေရှိနေတာလေ။ ဒီကိုယ်စားလှယ်တွေမှ မလုံလောက်ဘူးဆို ရင် ပြည်သူတွေရဲ့ Mandate (အများ၏ထောက်ခံမှု့ အရ ရရှိထားသည့် လုပ်ပိုင်ခွင့်/ အခွင့်အာဏာ) ရထားတဲ့ပြည်သူတွေရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်နဲ့ မလုံ လောက်ဘူးလို့ပြောဖို့ရာ ဘယ်လိုဥပဒေ အခြေခံအချက်အ
လက်ပေါ်မှာပြောသလည်းဆိုတာပဲ မေးခွန်းပြန်ထုတ်ရ
တော့မှာပေါ့။

မေး - ဖွဲ့စည်းပုံကို ပြင်မယ်ဆိုရင် ဖွဲ့စည်းပုံရေးဆွဲစဉ်က
ပါဝင်ခဲ့တဲ့ အစုအဖွဲ့ရှစ်ဖွဲ့ကို ပြန်ပြီးတော့ဖိတ်ကြားရမယ်လို့ လည်း သမ္မ္မတဟောင်းဦးသိန်းစိန်က ပြောတယ်ခင်ဗျ။
ဒီပြောကြားချက်အပေါ်မှာရော ဘယ်လိုထင်မြင်ပါသလည်း
ခင်ဗျ။

ဖြေ - အဲဒါလည်းပဲ တစ်ကယ်တော့ အင်မတန်မှယုတ္တိကင်းတဲ့ အနေအထားမျိုးလို့ပြောရမှာပဲဗျ။ ဘာဖြစ်လို့လည်းဆိုတော့ ညောင်နှစ်ပင်ကာလတုန်းက အဲဒီအဖွဲ့ ရှစ်ဖွဲ့တွေနဲ့သူ
တို့ခေါ်တဲ့အခါတုန်းက ပြည်သူလူထုက တရားဝင်ရွေးကောက်တင်မြောက်ထားတဲ့ ကိုယ်စားလှယ်တွေမရှိသေးဘူးလေ။ လွှတ်တော်ဆိုတာလည်းမပေါ်သေးဘူးလေ။ မပေါ်သေးတဲ့အတွက် လွှတ်တော်ရဲ့ အင်မတန်မှ ပြည်သူလူထုကရွေးကောက်တင်မြှောက်ထားတဲ့ ဒီမိုကရေစီရဲ့အနှစ်သာရတွေ
ကိန်းအောင်းရာဖြစ်တဲ့ လွှတ်တော်မရှိသေးတဲ့အတွက်
ကြောင့်မို့လို့ သူတို့ ဘာသာသူတို့ ကိုယ်စားလှယ်တွေခေါ်
ပြီး လုပ်ခဲ့ရတာလေ။

အဲဒီကာလအခြေအနေနဲ့ အခုကာလအခြေအနေက အများ
ကြီးကွာခြားသွားပြီလေ။ အခုဟာက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကို တရားဝင်ပဲ တကယ့်ဒီမိုကရေစီရဲ့ အနှစ်သာရတစ်ခု
ဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်ကြီးလည်းပေါ်ပေါက်နေပြီ
လေ။ ဟိုတုန်းကအခြေအနေနဲ့ ဒီအခြေအနေနဲ့ ဘယ်လို
လုပ်ပြီးတော့ အပ်စပ်လို့ရတော့မှာလည်း။

နောက်တစ်ခုက ဟိုတုန်းကအဖွဲ့တွေက လူတွေကရော ဒီအချိန်မှာ အကုန်လုံးရှိတော့မှာလား။ သူတို့ကိုပြန်ခေါ်ဖို့ဆိုတဲ့
ဥစ္စာ။ သူတို့လုပ်ထားလို့ သူတို့ပြန်လုပ်ရမယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပေးမထားဘူးလေ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အရင်ညောင်နှစ်ပင်က ရေးဆွဲတဲ့သူတွေနဲ့မှ ပြန်ပြင်မှ
ပြင်လို့ရမယ်လို့ ပြဌာန်းထားတာ ဘယ်နားမှာရှိလို့တုန်းလို့
မေးခွန်းထုတ်ရမှာပေါ့။

မေး - သမ္မတဟောင်းဦးသိန်းစိန်ရဲ့ ပြောကြားချက်တွေဟာ မပြင်ဆင်ရေးဘက်ကို တစ်ဖက်လှည့်နဲ့ အလေးပေးပြောနေသလိုဖြစ်နေလို့ ဝေဖန်နေတာတွေလည်းရှိတယ်။ ဆရာက
ရော ဘယ်လိုထင်ပါသလည်းခင်ဗျ

ဖြေ - ပြောတာတော့ ကျွန်တော်တို့က ပြင်ဆင်သင့်တယ်။
ပြင်ဆင်တဲ့အခါမှာ ပြင်ဆင်ရမှာကိုလိုလားပါတယ်လို့တော့သူတို့ပြောတယ်လေ။ ဒါပေမယ့် ပြင်ဆင်လို့မရနိုင်တဲ့ နည်းလမ်းတွေကို လက်ညိုးထိုးပြောနေတဲ့အခါကျတော့ "ယုန်နဲ့ လိပ်အမွှေးနဲ့ ဆေးဖေါ်ပေးပါ" လို့ ခိုင်းနေတာနဲ့ အတူတူဖြစ် နေတာပေါ့။

မေး - ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီဖွဲ့စည်းဖို့ ဘာ
ကြောင့်ကြန့်ကြာနေတာလည်းခင်ဗျ

ဖြေ - ကျွန်တော်တင်တဲ့အဆိုက အဖြေရှင်းရှင်းလေးပဲ။ အဓိ က တင်လိုက်တဲ့ရည်ရွယ်ချက်က သုံးခုရှိတယ်။ တစ်ခုက ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူလူထုတွေရဲ့ ဆန္ဒအရ
ရော လက်ရှိ ရှိတဲ့နိုင်ငံရေးအခြေအနေရရော အနာဂတ်ကိုသွားပါမယ်လို့ သန္နိဌာန်ချထားတဲ့ အနာဂတ်နိုင်ငံတော်အတွက်ရော ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်သင့် ပြင်ဆင်
ထိုက်တဲ့အချက်တွေရှိနေတာ သေချာနေတယ်။ အဲဒါတွေ အတွက် ဒါကတော့ ပြင်ဆင်ဖို့လိုတယ်ဆိုတဲ့အချက်က နံပါတ်တစ်အချက်ဗျ။

နံပါတ်နှစ်အချက်က အဲဒီလိုဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်တဲ့အခါမှာ ကျွန်တော်တို့ NLD အနေနဲ့ လုပ်မယ်ဆိုလို့ရှိရင် NLD မှာ ၆၀ရာခိုင်နှုန်းနီးပါးကိုယ်စားလှယ်ရှိတယ်။ ကျွန်တော်တို့ထဲက ၂၀ရာခိုင်နှုန်းနဲ့ ဥပဒေကြမ်းကို ကိုယ့်ဘာကိုယ်
တင်လိုက်ရင်လွယ်လွယ်လေးပဲရတာပေါ့။ ဥပဒေကြမ်းတစ် ခုကို ပေါ်ပေါက်အောင်လုပ်တဲ့နေရာမှာတင်ကိုပဲ ကျွန်တော် ဘာသာကျွန်တော်တို့ပိုင်းဖြတ်ပြီးတော့ ကိုယ့်မှာလူရှိလို့
ကိုယ့် ၂၀ရာခိုင်နှုန်းနဲ့တင်ပြီး ကိုယ်ကစပြီးလုပ်မယ်ဆိုတဲ့ ပုံစံမျိုးအစား ရိုးရိုးရှင်းရှင်းလေးရည်ရွယ်တာက လွှတ်တော်ရဲ့အခန်းကဏ္ဍကို ထိထိရောက်ရောက်ဖြစ်စေချင်တယ်။

လွှတ်တော်ထဲမှာ ဥပဒေကြမ်းတင်ပြီးတော့ ပြင်ဆင်တဲ့အခါမှာ လွှတ်တော်ထဲမှာ စတင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးဥပဒေကိုပင်လျှင် လွှတ်တော်ကိုမတင်ခင်ကတည်းကိုက အဲဒီဥပဒေကြမ်းကိုပြုစုတဲ့နေရာမှာ လွှတ်တော်ထဲမှာရှိတဲ့နိုင်ငံရေးပါတီတွေအားလုံး တပ်မတော်သားကိုယ်စား
လှယ်တွေလည်း အားလုံးပါဝင်ပြီးတဲ့အခါကျတော့ ကျွန်တော်တို့ညှိညှိနှိုင်းနှိုင်းနဲ့အားလုံးပူးပေါင်းပါဝင်နိုင်အောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့က တင်တာ။
အဲဒီလိုမတင်ဘဲနဲ့ ဥပဒေကြမ်းတစ်ခု ကိုယ့်ဘာကိုယ် ပြုစုပြီးတင်ရင် လွယ်လွယ်လေးတင်လို့ရတယ်ဆိုတဲ့နည်းလမ်းက အားလုံးသိတဲ့အတိုင်းပဲလေ။
ဒါပေမယ့် ဥပဒေကြမ်းတစ်ခုကို စပြီးတော့ ပြင်ဆင်ကတည်းကိုက လွှတ်တော်ထဲမရောက်ခင် လွှတ်တော်ကိုတင်မယ့် ဥပဒေကြမ်းပြုစုတဲ့အခါမှာကတည်းကိုကပဲ အားလုံးပူးပေါင်းပါဝင်နိုင်အောင် တစ်ဦးတည်းအနိုင်ရတဲ့ပါတီအပါအဝင်ပေါ့။ လွှတ်တော်မှာရှိတဲ့နိုင်ငံရေးပါတီ ၁၄ခု ဒါတွေနဲ့ ညှိညှိနှိုင်း
နှိုင်းနဲ့ နိုင်ငံအတွက်ပူးပေါင်းပြီးဆောင်ရွက်လို့ရအောင်ဆိုပြီး ပူးပေါင်းကော်မတီကိုဖွဲ့စည်းခိုင်းတာ။လွှတ်တော်ကိုတင်တာ အရေးကြီးအဆိုတင်တာလေ။ ရည်ရွယ်ချက်က အဲဒါပါပဲ။

မေး - ပူးပေါင်းကော်မတီဖွဲ့စည်းဖို့ အရေးကြီးအဆိုတင်တာနဲ့ ပတ်သက်ပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးလို့ကန့်ကွက်တယ်။ဆရာ တို့ဘက်ကလည်း လုပ်ထုံးလုပ်နည်းအတိုင်းဆောင်ရွက်တာ
ဖြစ်တယ်လို့ ပြန်လည်ချေပတယ်ပေါ့။ အဲဒီအငြင်းပွားမှုကို
ဘယ်လိုအဖြေရှာဖို့ ဆရာတို့စဉ်းစားလည်းခင်ဗျ။

ဖြေ - အငြင်းပွားမှုနှစ်ခုကို ဘယ်လိုမျိုးနဲ့အဖြေရှာမလည်းဆိုတာ အထူးအဖြေရှာစရာကိုမလိုဘူးလေ။ ကျွန်တော်တို့တင် ပြထားတာက အခုအရေးကြီးအဆိုတင်တယ်ဆိုတာလည်းပဲ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေနဲ့ တင်တယ်။အဲလို တင်တာကလည်း ခုနကပြောတဲ့ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တင်တယ်။

ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို စောလျှင်စွာဆောင်ရွက်နိုင်ဖို့ရာ ပွင့်လင်းမြင်သာစွာဆောင်ရွက်နိုင်ဖို့ရာ အ
တွက် စနစ်တကျလည်းဆောင်ရွက်နိုင်ဖို့ရာအတွက် ပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့စည်းဖို့တင်တာ။ ပြည်ထောင်စုလွှတ်တော်ဥပဒေအရရော နည်းဥပဒေနဲ့အညီရော တင်လိုက်တာ။

တင်လိုက်ပြီးတဲ့အတွက် ဒီအဆိုက အောင်မြင်ပြီးပြီ။ အောင်
မြင်သွားပြီးသားဖြစ်တဲ့အတွက် လွှတ်တော်ကနေပြီးအဆုံးအဖြတ်ပြုပြီးသားကိစ္စရပ်ကို ဘယ်ဟာကတော့မဖြစ်ပါဘူး။ ဘယ်ဟာကတော့မလုပ်ပါဘူးဆိုပြီး ငြင်းဆိုပိုင်ခွင့်ကို တစ် ကယ်တော့မရှိတော့ဘူးလေ။

အခုဒီလိုဆောင်ရွက်တယ်ဆိုတာ ခုနကျွန်တော်ပြောသလိုပဲ။ ဖွဲ့စည်းပုံအခြေခံကိုပြင်ဆင်ဖို့ ဥပဒေကြမ်းအနေနဲ့ တင်
တာမဟုတ်ဘဲနဲ့ ဥပဒေကြမ်းကိုပြုစုနိုင်ဖို့ရာအတွက်တင် ထားတာ။

ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းတုန်းကလုပ်ခဲ့တယ်။ပြီးခဲ့တဲ့
လွှတ်တော်သက်တမ်းတုန်းကတော့ ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ပြီးလုပ်တဲ့အခါမှာ ပထမဦးဆုံး ၁၀၉ဦးပါတဲ့ လေ့လာသုံးသပ်ရေးကော်မတီဖွဲ့တယ်။ အဲဒီကော်မတီကနေ အစီ
ရင်ခံစာတင်ပြီးတဲ့အခါကြတော့မှ အကောင်အထည်ဖေါ်ဆောင်ရေးကော်မတီ ၃၂ဦးပြန်ဖွဲ့တယ်။ အဲဒီကနေပြီးလွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက်မူကြမ်းတွေတင်ပြီး ဆက်ဆောင်ရွက်ခဲ့တာလေ။

ဒီကာလနဲ့ ဒီအတိုင်းအတာမှာကျတော့ လွှတ်တော်ထဲမှာရှိ
တဲ့၁၄ပါတီအပါအဝင် အားလုံးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို နှစ်ကာလတွေအတွင်းမှာ လေ့လာသုံးသပ်ခဲ့ပြီးသားရှိနေကြမှာပဲလေ။ ဒါကြောင့် အထူးလေ့လာသုံးသပ်နေစရာမလိုတော့ဘဲနဲ့ လေ့လာသုံးသပ်ထားပြီးသား အခြေအနေ ကနေပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်နိုင်ရေးကိုစောလျင်စွာအကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ဖို့အတွက် ကော်မတီတစ်ရပ်အနေနဲ့ ဖွဲ့စည်းပေးဖို့ ပြောတာဗျာ။ အဲဒီအဆိုက
လည်းအောင်မြင်ပြီးသားဗျာ။

အဲဒီမှာ ရာခိုင်နှုန်းကိုတွက်တဲ့အခါကျတော့ကျွန်တော်တို့က နည်းနည်းလေးပဲနိုင်တဲ့ပါတီတွေ ၁၀ယောက်နဲ့အောက်နိုင် တဲ့ပါတီတွေ ကျတော့လည်းပဲ ရှိတဲ့လူတွေအကုန်လုံးပေါ်မှာမူတည်ပြီးတော့ ခွဲတမ်းအတိုင်းခွဲမယ်ဆိုရင် သူတို့ တွေရစရာတောင်မရှိတော့ဘူးလေ။

ကျွန်တော်တို့က ဘာတွက်တာလည်းဆိုတော့ အနည်းစုပဲ
နိုင်တဲ့နိုင်ငံရေးပါတီတွေ တိုင်းရင်းသားလူမျိုးစုပါတီတွေအကုန်လုံးကိုတော့ဖြင့် အားလုံးပါဝင်ရအောင် တစ်ယောက်စီပါ။ ပါတော့ ၄၅ယောက်ထဲမှာ အဲဒီလူတွေကို နှုတ်လိုက်ရတာပေါ့ဗျာ။ အဲဒီတော့ ၆၀ရာခိုင်နှုန်းနီးပါး အနိုင်ရထားတဲ့ NLD ၊ ၂၅ရာခိုင်နှုန်းပါတဲ့တပ်မတော်၊ ၇ ရာခိုင်နှုန်းလောက် ရှိတဲ့ ပြည်ခိုင်ဖြိုး၊ ဒီပါတီတွေကိုအချိုးချပြီးတွက်ပေးတာလေ။ ဘယ်သူက ဘယ်လောက်ပါရမယ်ဆိုတဲ့ပုံစံမျိုးကို သွားလုပ်
လို့မရဘူးလေ။ တွက်ချက်မှုကတော့အဲလိုနည်းနဲ့တွက်ချက် ပြီး ကျွန်တော်တို့က ဖွဲ့စည်းပေးထားတာပါ။

အောင်ရဲနောင် - The Ladies News

COMMENTS

Name

art,1,article,1357,cartoon variety,23,crime,70,culture,1,documentary,9,Entertainment,9,health,36,history,2,international,8823,interview,230,knowledge,9,Live,8,LocalNews,18130,news,2842,opinion,795,photos,203,poem,117,satires,40,song,12,speech,13,sports,196,statement,59,technic,59,translate,36,video,1077,voice,76,
ltr
item
dawnmanhon: " ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လို့မရနိုင်တဲ့ နည်းလမ်းတွေကို လက်ညိုးထိုးပြီး ပြောနေတယ် " ( NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့် နှင့် ဆက်သွယ်မေးမြန်းမှု့ )
" ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လို့မရနိုင်တဲ့ နည်းလမ်းတွေကို လက်ညိုးထိုးပြီး ပြောနေတယ် " ( NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့် နှင့် ဆက်သွယ်မေးမြန်းမှု့ )
https://1.bp.blogspot.com/-alS3tWNV120/XGjTCDrKKEI/AAAAAAAAfmE/L8dGyv4bAQUZxA2bOd4cS6Dq_6JCuP8zwCLcBGAs/s400/q1.jpg
https://1.bp.blogspot.com/-alS3tWNV120/XGjTCDrKKEI/AAAAAAAAfmE/L8dGyv4bAQUZxA2bOd4cS6Dq_6JCuP8zwCLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2019/02/nld_17.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2019/02/nld_17.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy