ပျက်ကျ အီသီယိုပီးယား လေယာဉ်ရဲ့ Black Box တွေ ရှာတွေ့

Ethiopia နိုင်ငံ Addis Ababa မြို့ Bishoftu ဒါမှမဟုတ် Debre Zeit ဒေသ အနီးရှိ Ethiopia လေကြောင်းလိုင်း ပျက်ကျမှုမှာ ကယ်ဆယ်ရေးသမားများ အကူညီပေးနေပုံ (မတ်၊ ၁၁၊ ၂၀၁၉)
တနင်္ဂနွေနေ့က ပျက်ကျခဲ့တဲ့ Ethiopian လေကြောင်းလိုင်းက လေယာဉ်ပျံသန်းမှု မှတ်တမ်းတင် Black box ၂ ခုလုံးကို ပြန်တွေ့တယ်လို့ လေကြောင်းလိုင်းက Twitter လူမှုကွန်ယက်ပေါ်ကနေ ပြောကြားလိုက်ပါတယ်။

လေယာဉ်ပျက်ကျရာမှာ သေဆုံးခဲ့သူတွေအတွက် အောက်မေ့ အမှတ်တရနေ့အဖြစ် ဒီကနေ့ Ethiopia မှာ သတ်မှတ်ထားပါတယ်။ Addis Ababa မြို့တော်ကနေ Kenya နိုင်ငံ Nairobi မြို့တော်ကိုအသွား ပျံတက်ပြီး ၆ မိနစ်အကြာမှာပဲ Boeing ကုမ္ပဏီလုပ် 737 MAX-8 အမျိုးအစား လေယာဉ်ပျက်ကျခဲ့လို့ လေယာဉ်ပေါ် ပါသွားသူ ၁၅၇ ယောက်လုံး သေဆုံးခဲ့တာပါ။

ကုလသမဂ္ဂရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရုံးချုပ်ရှိရာ Nairobi မြို့တော်မှာ ဒီကနေ့စတင်တဲ့ နှစ်ပတ်လည်အစည်ဝေးပွဲအသွား သေဆုံးသူ ၂၀ ထက်မနည်း လေယာဉ်ပေါ်မှာ ပါသွားပါတယ်။ ကုလသမဂ္ဂအလံကို တိုင်ဝက်လွှင့်ထူထားသလို စည်းဝေးပွဲအစမှာ သေဆုံးခဲ့သူ ကုလသမဂ္ဂ ဝန်ထမ်းတွေအတွက် ၁ မိနစ်ငြိမ်သက် ဆုတောင်းခဲ့ကြပါတယ်။

လေယာဉ်ပျက်ကျခဲ့တဲ့အတွက် Boeing ကုမ္ပဏီထုတ် 737-Max 8 အမျိုးအစား လေယာဉ်တွေ ပျံသန်းမှုကို Ethiopian လေကြောင်းလိုင်း အပါအဝင် လေကြောင်းလိုင်း တချို့က ရပ်နားထားပါတယ်။ လေယာဉ်ချို့ယွင်းမှုကြောင့် လေယာဉ်ပျက်ကျတယ်လို့ ဆိုလိုတာ မဟုတ်ပေမဲ့ လုံခြုံရေးအတွက် 737-Max 8 လေယာဉ်တွေပျံသန်းမှုကို နားထားမယ်လို့ လေကြောင်းလိုင်းတာဝန်ရှိသူက ပြောပါတယ်။

Ethiopia နိုင်ငံ တာဝန်ရှိသူတွေနဲ့အတူ စုံစမ်းစစ်ဆေးဖို့ Boeing ကုမ္ပဏီက ကျွမ်းကျင်သူတဖွဲ့ကို လေယာဉ်ပျက်ကျရာ နေရာကို စေလွှတ်ထားပါတယ်။ Ethiopian လေကြောင်းလိုင်းဟာ လုံခြုံစိတ်ချရတဲ့ လေကြောင်းလိုင်းတခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ် ပြုခံထားရတာပါ။

Boeing ထုတ် ဂျက်လေယာဥ်အသစ်ဖြစ်တဲ့ 737 MAX-8 လေယာဉ်ကို Ethiopian လေကြောင်းလိုင်းက ပြီးခဲ့တဲ့နှစ် November လကမှ ရရှိထားတာဖြစ်ပါတယ်။ Ethiopian လေယာဉ် ပျက်ကျခဲ့ပြီးနောက် တရုတ်နိုင်ငံကလည်း Boeing 737-Max 8 လေယာဉ် ပျံသန်းမှုတွေကို ရပ်နားထားပါတယ်။

Air China၊ China Eastern နဲ့၊ China Southern လေကြောင်းလိုင်းတွေက 737-Max 8 အမျိုးအစား Boeing လေယာဉ်ပေါင်း ၉၀ ကျော်ကို အသုံးပြု ပြေးဆွဲနေတာ ဖြစ်ပါတယ်။ Caribbean ကျွန်းပေါ်က Cayman လေကြောင်းလိုင်းကလည်း အလားတူ Boeing 737-Max 8 လေယာဉ်တွေ ပျံသန်းမှုကို ရပ်နားထားပါတယ်။

၂၀၁၈ အောက်တိုဘာလတုန်းက Java ပင်လယ်ထဲကို ပျက်ကျခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံက Lion လေကြောင်းလိုင်း လေယာဉ်ကလည်း အလားတူ Boeing 737-MAX 8 အမျိုးအစားဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
https://burmese.voanews.com

COMMENTS

Name

art,1,article,1357,cartoon variety,23,crime,70,culture,1,documentary,9,Entertainment,9,health,36,history,2,international,8819,interview,230,knowledge,9,Live,8,LocalNews,18130,news,2842,opinion,795,photos,203,poem,117,satires,40,song,12,speech,13,sports,196,statement,59,technic,59,translate,36,video,1077,voice,76,
ltr
item
dawnmanhon: ပျက်ကျ အီသီယိုပီးယား လေယာဉ်ရဲ့ Black Box တွေ ရှာတွေ့
ပျက်ကျ အီသီယိုပီးယား လေယာဉ်ရဲ့ Black Box တွေ ရှာတွေ့
https://3.bp.blogspot.com/-790KVcoOvw0/XIaX4wC5D2I/AAAAAAACFbo/IPSQ20KA_3sj3F-9iQ6tUd_1dP8DpoRIgCLcBGAs/s400/2.jpg
https://3.bp.blogspot.com/-790KVcoOvw0/XIaX4wC5D2I/AAAAAAACFbo/IPSQ20KA_3sj3F-9iQ6tUd_1dP8DpoRIgCLcBGAs/s72-c/2.jpg
dawnmanhon
http://www.dawnmanhon.com/2019/03/black-box.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2019/03/black-box.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy