ကျုပ် ကတော့ ဗျာ လက်ရှိ အစိုးရ အလုပ်တွေကို အနှောက်အယှက် ပေးနေတဲ့ အပိုဒ်တွေ အကုန် ပြင်စေချင်သဗျာ ================

အထက်ပါ စကား ကို ပြောလိုက်သူက ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူထု ဆန္ဒ ခံယူ ပွဲ သို့ တက်ရောက်လာသည့် ထောင်ပေါင်းများစွာ သော လူ ထုကြီးထဲ တယောက်အပါအ၀င် ဖြစ်သည့် အသက် ၇၃ နှစ် အရွယ် အဖိုးအို တဦး ဖြစ်သော ဦးသိန်းထွန်း ပြောလိုက်သည့်
စကားပင် ဖြစ်ပါတယ်။

ထိုကဲ့သို့ ရိုးရိုး ရှင်းရှင်း နှင့် ပြောလိုက်သော စကားသည် သူ့ရင်ထဲက ဆန္ဒကို ထုတ်ဖေါ်လိုက်ခြင်း သာ ဖြစ်သော်လည်း မြန်မာ ပြည်တွင်း နေထိုင်ကြသော တိုင်းရင်းသား လူမျိုး များ အားလုံး ကို ကိုယ်စား ပြု ပြောကြားလိုက်သည့် အလား အဓိပ္ပါယ် များစွာ ဖေါ်ဆောင်နေပါတယ်။

ယခု ဖွဲ့စည်းလိုက်တဲ့ ကော်မီတီသည်
အယ်အယ်ဒီ အတွက်လည်း မဟုတ်ဖူး၊
အစိုးရ အတွက်လည်း မဟုတ်ဖူး၊
လွှတ်တော် အမတ်တွေ အတွက်လည်း မဖြစ်ရဖူး၊
မြန်မာပြည်သူ တရပ်လုံး ရဲ့ အကျိုး အတွက်ပဲ ဖြစ်တယ်လို့ အသက် ၄၆ နှစ်ရှိ နောက်ထပ် တက်ရောက်လာသူ တဦးကလည်း ပြောသွားခဲ့ပါတယ်။

အောက်ပါ စကားများကတော့ ဧရာဝတီ သတင်းစာ မှ ပုဂ္ဂိုလ် အချို့ရဲ့ အမြင်ကို တွေ့ဆုံ မေးမြန်းခဲ့တဲ့ အထဲမှ ကောက်နှုတ်ဖေါ်ပြလိုက်ပါတယ်။

ဦးစိုင်းလိတ်
ရှမ်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပြောခွင့်ရ ပုဂ္ဂိုလ်

"ကျွန်တော်တို့က တန်းတူညီမျှ ရှိရေး နဲ့ ကိုယ်ပိုင် အုပ်ချုပ်ပိုင်ခွင့် ရမယ့် ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ထောင်ဖို့ လုပ်နေတာပဲ၊ စစ်တပ်က အဖွဲ့အစည်း တခုပဲ ရှိတယ်။ ဒီအတွက် နိုင်ငံတနိုင်ငံလုံးကို ဘယ်လိုမှ ကိုယ်စား မပြုဖူးဆိုတာ စဉ်းစားဖို့ လိုတယ်၊ အဲ့လိုမှ မစဉ်းစားရင် လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ပိုပြီး ဆိုးလာဖို့ပဲရှိတယ်၊ လောလောဆယ်တော့ စစ်တပ်က သူတို့ အဖွဲ့အစည်း အကျိုးစီးပွားပဲ ကြည့်နေတယ်လို့ ကျွန်တော် ထင်တယ်။

ဒေါ်ထုမေ
ရခိုင် ပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်

အနှစ်သာရ ဆိုတာ ဘာလဲ၊ ဖွဲ့စည်းပုံရဲ့ အနှစ်သာရ ဆိုတာ လူထု အကျိုး၊ တန်းတူညီမျှ မှု၊ တရားမျှတမှု တွေ ရှိရမှာပဲ မဟုတ်လား။ စစ်တပ် သို့မဟုတ် အဖွဲ့အစည်း တခု အတွက် အထူး အခွင့်အရေး တွေ ပေးထားတဲ့ အနှစ်သာရမျိုး မဖြစ်သင့်ဖူး၊

လက်ရှိ ဖွဲ့စည်းပုံရဲ့ အနှစ်သာရ က တိုင်းရင်းသား ပြည်သူတွေရဲ့ အခွင့်အရေး ကို အာမခံ မထားတဲ့ အပြင် နိုင်ငံတော် နဲ့ ပြည်သူတွေ အတွက် ရည်ရွယ် ရေးဆွဲထားတာမျိုးလည်း မဟုတ်ဖူး၊ “အဖွဲ့အစည်း တခုကိုသာ အထူး အခွင့်အရေး ပေးထားတာမျိုးပဲ”

ဒါကြောင့် အနှစ်သာရ ဆိုတာ ကျမတို့ ပြည်သူတွေကပဲ ပြောသင့်ပါတယ်။

ဦးမျိုးညွန့်
(အင်အယ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ်)

အနှစ်သာရ ဆိုတာ ဘာလဲ၊ ဖွဲ့စည်းပုံတခုရဲ့ အနှစ်သာရဆိုတာ လူထုကို ကိုယ်စားပြုနိုင်ရမယ်၊ အချုပ်အခြာ အာဏာဟာ လူထု ထံမှဆင်းသက်ရမယ်။

တပ်မတော် ရဲ့ နိုင်ငံရေး မှာ ဦးဆောင်မှု ပေးနေတဲ့ အခန်းကဏ္ဍကို အနှစ်သာရ လို့ ဆိုရင်တော့ ကျွန်တော်တို့ သဘောမတူဖူး။

အခုလည်း ဖွဲ့စည်းပုံကို ပြင်ရင် သူတို့ သဘောကျတဲ့ အတိုင်း ပြင်လိုပုံရပေမယ့် ကျွန်တော်တို့က ပြည်သူ တွေ ဆန္ဒရှိတဲ့ အတိုင်း ပြင်သွားမယ်”

ဦးသိန်းသန်းဦး
(ရှေ့နေ၊ မန္တလေး)

တပ်မတော်သည် တိုင်းပြည်ကို ၁၉၄၈ မှ ၁၉၆၂ အတွင်း အန္တရာယ် အမျိုးမျိုး ကြားမှ ကာကွယ်ပေးခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် နောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး လူမှုရေး၊ ပညာရေး အစရှိတဲ့ ကဏ္ဍပေါင်းစုံ မှ ချွတ်ခြုံ ကျအောင် လုပ်ခဲ့တာ နိုင်ငံရေး သမားတွေ တဦးတယောက်မှ မပါပဲ တပ်မတော်က လုပ်ခဲ့တာချည်းပဲ ဖြစ်ပါတယ်။

၂၀၁၅ နောက်ပိုင်း ကျမှ နိုင်ငံရေး သမားတွေ လက်ထဲ ပြန်ရောက်လာခဲ့ရတာပါ။ ဒါပေမယ့် လူထု ဆန္ဒရဲ့ ၂၅% ကိုတော့ လုယက်ခြင်း ခံနေရဆဲ ဖြစ်ပါတယ်။

သို့သော် ပြည်ထောင်စု ကြံခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီ မှ ခေါင်းဆောင်တဦး ဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း (ဦး) သောင်းအေး ကတော့ လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ်များ ရှိနေမှု ကို ထိမ်းသိမ်းသွားရမယ်လို့ တနင်္လာနေ့က ပြုလုပ်တဲ့ ပါတီ သတင်းစာရှင်းလင်းပွဲမှာ ဒို့တာဝန် အရေး သုံးပါးကို ရွတ်ဆိုပြရင်း ပြောကြားသွားခဲ့ပါတယ်။

ကိုးကား ။ ။ Reuters / Irrawaddy

“To be right was more honourable than to be law-abiding.”
(Henry Thoreau ၏ “On Civil Disobedience” မှ)

HSW

COMMENTS

Name

art,1,article,1357,cartoon variety,23,crime,70,culture,1,documentary,9,Entertainment,9,health,36,history,2,international,8819,interview,230,knowledge,9,Live,8,LocalNews,18130,news,2842,opinion,795,photos,203,poem,117,satires,40,song,12,speech,13,sports,196,statement,59,technic,59,translate,36,video,1077,voice,76,
ltr
item
dawnmanhon: ကျုပ် ကတော့ ဗျာ လက်ရှိ အစိုးရ အလုပ်တွေကို အနှောက်အယှက် ပေးနေတဲ့ အပိုဒ်တွေ အကုန် ပြင်စေချင်သဗျာ ================
ကျုပ် ကတော့ ဗျာ လက်ရှိ အစိုးရ အလုပ်တွေကို အနှောက်အယှက် ပေးနေတဲ့ အပိုဒ်တွေ အကုန် ပြင်စေချင်သဗျာ ================
https://4.bp.blogspot.com/-erazJXdBkd4/XHf6bbCi9vI/AAAAAAAAfpE/_7uHHMA60iomranS5vVPZtFLP2-KefvmQCLcBGAs/s640/q1.jpg
https://4.bp.blogspot.com/-erazJXdBkd4/XHf6bbCi9vI/AAAAAAAAfpE/_7uHHMA60iomranS5vVPZtFLP2-KefvmQCLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2019/03/blog-post.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2019/03/blog-post.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy