စစ်ကျွန်ဘ၀က အခြေခံဥပဒေကို ပြင်ဆင်ပွဲနိုင်ရမည်ဟု ဗိုလ်ကြီးဟောင်းနေမျိုးဇင် ပြော

မကွေးတိုင်းဒေသကြီး ချောက်မြို့တွင် မတ် ၁၇ ရက်က ကျင်းပပြုလုပ်သည့် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်မှု ကြိုဆိုထောက်ခံပွဲပြုလုပ်တွင် စစ်ကျွန်ဘဝက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရမည်ဟု ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ပြောကြားသည်။

“ရဲရင့်တဲ့သမိုင်းကြောင်းတွေနဲ့မြန်မာပြည်ရဲ့သမိုင်းစာမျက်နှာမှာ အထင်ကရနေရာယူခဲ့တဲ့ သခင်ဖိုးလှကြီးရုပ်ထုရှိရာ ချောက်မြို့နယ်မှ ရဲရင့်ရိုးသားနိုးကြားသော ချောက်သူချောက်သားအားလုံးကို အလွန်လေးစားစွာဂုဏ်ယူပါကြောင်း ဦးစွာပထမပြောကြားချင်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံကြီး ကိုလိုနီလက်အောက်ကလွတ်မြောက်အောင် ချောက်ရေနံမြေသပိတ်အပါအဝင် နိုင်ငံရေးနိုးကြားတက်ကြွမှုအစပြုခဲ့တဲ့ မြန်မာပြည်အလယ်ပိုင်းအညာဒေသ အရှေ့တောင်အာရှနိုင်ငံတစ်ခွင်မှာ ထင်ပေါ်ကျော်ကြားအောင်မြင်တဲ့ ကမ္ဘာ့အဆင့်ရှိတဲ့ခေါင်းဆောင်တစ်ယောက်မွေးဖွားခဲ့ရာ အညာဒေသအခြေခံလူတန်းစားတို့ရဲ့နင်းပြားဖိနှိပ်ခံဘဝတွေက လွန်မြောက်အောင်တို့တစ်တွေဘဝအနာဂတ်တွေ သာယာလှပအောင် တို့ဘာသာတို့ကြိုးစားရမယ်ဆိုတာ တစ်ကယ်ရဲရင့်တဲ့ပြသချက်တွေအစပြုခဲ့ရာ အညာဒေသချောက်မြို့နယ်က အခုလိုမျိုးစည်းလုံးစွာငြိမ်းချမ်းစွာ ညီညွတ်စွာမိမိတို့ရဲ့အနာဂတ်တွေကို သာယာလှပဖို့အရေးအကြီးဆုံးဖြစ်နေတဲ့ အခြေခံဥပဒေပြင်ဆင်မှုအခမ်းအနားမှာ ကြွရောက်လာတဲ့လူကြီးမင်းတွေရဲ့မျက်ဝန်းတွေကိုကြည့်ရခြင်းဟာ တစ်ပြည်လုံးပြည်ထောင်စုတစ်ရပ်လုံးကပြည်သူပြည်သားတွေရဲ့ရင်ထဲမှာရှိနေတဲ့ ပြင်းထန်တဲ့ဆန္ဒကိုဖော်ပြနေတာလို့ ကျွန်တော်ကယုံကြည်ပါတယ်။ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သမ္မတမဖြစ်ရေးအတွက် ဦးတည်ရေးထားတဲ့ ပုဒ်မ၅၉(စ) တစ်ကယ်ပုဒ်မ၅၉(စ)ဆိုတာမလိုပါဘူး။ ၅၉(စ)မှာ နိုင်ငံတော်ကမွေးဖွားတဲ့မိဘနှစ်ပါးရဲ့သားသမီးဖြစ်ရမယ်ဆိုကတည်းက အားလုံးပြီးပြည်စုံပြီးသားပါ။ ဘယ်ကုလား ဘယ်တရုပ် ဘယ်နိုင်ငံခြားသားမှပြည်သူရွေးချယ်ဖို့ဖြစ်လာမှာမဟုတ်ဘူး။ ပြည့်စုံပြီးသားမလိုအပဘဲနဲ့ လူထုခေါင်းဆောင်ကိုကန့်သန့်ထားတဲ့ပုဒ်မပါ။ အခုနိုင်ငံရေးရေချိန်နိုးထလာတယ်။ အခုဆိုနိုင်ငံနေရာအနှံအပြားမှာ အခြေခံဥပဒေပြင်ဆင်ရေးတောင်းဆိုပွဲတွေ အုံနဲ့အကျင်းနဲ့ အနှံအပြားဖြစ်ပေါ်လာတယ်။ ဒီအခြေအနေအအချိန်အခါ စုစည်းညီညွတ်မှုခွန်အားစွမ်းပကားကို အသုံးပြုပြီး ကျွန်တော်တို့ရဲ့ဒုတိယမြောက်လွတ်လပ်ရေးတိုက်ပွဲ ရိုင်းရိုင်းပြောရရင်တော့ ကိုယ့်လူမျိုးကိုယ်ချင်းကျွန်ပြုတဲ့ စစ်ကျွန်ပြုတဲ့လွတ်လပ်ရေးတိုက်ပွဲမပြီးသေးဘူးဆိုတာကို ခံယူရလိမ့်မယ်။ လူမျိုးတူခြင်းကျွန်ပြုတဲ့စစ်ကျွန်ဘဝကဖွဲ့စည်းပုံအခြေခံဥပဒေမပြောင်းလဲနိုင်သေးသရွေ့မလွတ်မြောက်သေးဘူးဆိုတာကို ကျွန်တော်တို့ခံယူထားရမယ်”ဟု ဗိုလ်ကြီးဟောင်းနေမျိုးဇင်မှပြောကြားသည်။

ချောက်မြို့ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ပွဲ၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဘိုကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးခင်ဝင်း၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁)ဒေါ်စန်းစန်းဝင်း၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂)ဦးစိုးဝင်းနှင့် ပြည်သူလူထု ၃၀၀၀ ကျော်တက်ရောက်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် လက်မှတ်များကောက်ယူခဲ့ကြောင်း သိရှိရသည်။

ဒီလှိုင်း(ချောက်)

News Watch

COMMENTS

Name

art,1,article,1356,cartoon variety,23,crime,70,culture,1,documentary,9,Entertainment,9,health,36,history,2,international,8815,interview,230,knowledge,9,Live,8,LocalNews,18110,news,2842,opinion,794,photos,203,poem,117,satires,40,song,12,speech,13,sports,196,statement,59,technic,59,translate,36,video,1077,voice,76,
ltr
item
dawnmanhon: စစ်ကျွန်ဘ၀က အခြေခံဥပဒေကို ပြင်ဆင်ပွဲနိုင်ရမည်ဟု ဗိုလ်ကြီးဟောင်းနေမျိုးဇင် ပြော
စစ်ကျွန်ဘ၀က အခြေခံဥပဒေကို ပြင်ဆင်ပွဲနိုင်ရမည်ဟု ဗိုလ်ကြီးဟောင်းနေမျိုးဇင် ပြော
https://1.bp.blogspot.com/-NTUNIGoIg4A/XI4R5yKIqvI/AAAAAAAAfsg/p0HHEFxqQrA16jYQ-3EAabPWsEZcM3-EACLcBGAs/s400/q1.jpg
https://1.bp.blogspot.com/-NTUNIGoIg4A/XI4R5yKIqvI/AAAAAAAAfsg/p0HHEFxqQrA16jYQ-3EAabPWsEZcM3-EACLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2019/03/blog-post_85.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2019/03/blog-post_85.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy