ထာဝရ စစ်အာဏာရှင် စနစ် မွေးဖွားခဲ့သည့်နေ့

အချိန်ကား ၁၉၆၂ မတ်လ ၁ ရက်နေ့ ည ကိုးနာရီ ကျော်ခန့် ဖြစ်သည်။

ရွှေတိဂုံဘုရား အနောက်ဖက်မုဒ် ရှိ ပြဇာတ်ရုံ တွင် တရုတ်ပြည်သူ သမ္မတနိုင်ငံ ယဉ်ကျေးမှု ကဇာတ် အဖွဲ့မှ ဖျော်ဖြေတင်ဆက်နေသည်များကို မိန့်မိန့်ကြီး ထိုင်ကာ ကြည့်နေသူက မြန်မာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေ၀င်းပင် ဖြစ်သည်။

ထိုအချိန် တွင် ပြည်လမ်း ရှိ မြန်မာ အသံ ခန်းမကြီးမှ ပြည်ထောင်စု ၀န်ကြီးများ၊ တိုင်းရင်းသား ခေါင်းဆောင်များက ကားကြီး ကားငယ် အသွယ်သွယ် ဖြင့် မိမိတို့ အိမ်များ၊ တည်းခိုရာ အိမ်များသို့ ထွက်ခွာနေကြသည်။

သူတို့ အားလုံးက ပြီးခဲ့သည့် ငါးရက် က စတင် ဆွေးနွေးညှိနှိုင်းနေသည့် ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ပေါက်ရေး နှီးနှောဖလှယ်ပွဲ ကျင်းပနေသည့် ခန်းမမှ ထွက်လာခဲ့ကြခြင်း ဖြစ်သည်။ မနက်ဖန် မနက်စောစော လည်း ပြန်လာရဦးမည်မို့ သူတို့ အတွက် အိပ်ချိန်သာ ရှိနေသဖြင့် ဆွေးနွေးလက်စ စာရွက်စာတမ်းများ၊ ဖိုင်များ ကို အိမ်သို့ ပြန်မယူကြတော့ပဲ စားပွဲပေါ်တွင်ပင် ဒီအတိုင်းထားကာ ထွက်လာခဲ့ရခြင်း လည်း ဖြစ်သည်။

ပြပွဲကြည့်နေသော ဗိုလ်နေ၀င်း၏ စိတ်ထဲတွင်တော့ ပြပွဲသို့ စိတ်မရောက်၊ သူ ဒီည ကြံစည်မည့် ကိစ္စ အထမြောက် မမြောက်ကိုသာ တွေးပြီး ရင်လေးနေမိသည်။ မည်သူမျှ သူ့အကြံကို ရိပ်စား မမိကြရန် အခုလို ပြပွဲကို အချိန်ကုန်ခံ လာကြည့်နေရခြင်းလည်း ဖြစ်သည်။

သူ့စိတ်ထဲတွင် တနုံ့နုံ့ ဖြစ်လာနေသည်က ကြာပြီ ဖြစ်သည်။ ၀န်ကြီးချုပ် ဦးနုက ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်းမှာပင် သွင်းကုန် လုပ်ငန်း မှန်သမျှ ကို ပြည်သူပိုင် သိမ်းလိုက်ခြင်းကြောင့် စစ်တပ်၏ စီးပွားရေး ကော်ပိုရေးရှင်းကြီးများ အထိနာခဲ့ရသေးသည်။

ဒီထက် ပို၍ ဆိုးသည်က အခြေခံ ဥပဒေ ပြင်ဆင်ရေး လုပ်ငန်း ကော်မီတီ၏ တနှစ်တာ ဆွေးနွေးခဲ့သည်များက ရုပ်လုံးပေါ်လာနေပြီ ဖြစ်ပြီး ပြည်နယ် ဖွဲ့စည်းရေး၊ လွှတ်တော် အာဏာ တူညီရေး၊ ကိုယ်စားလှယ် မျှတရေး နှင့် အခွန်တော် ညီမျှစွာ သုံးစွဲရေး အစရှိသည်တို့ကို တိုင်းရင်းသား များ သဘောကျ ပြင်ဆင် ရေးဆွဲရေး ဖြစ်ပြီး ပညာရှင်များ ကော တိုင်းရင်းသား ခေါင်းဆောင်များက ပါ မျှတသည်ဟု အသံထွက်လာနေကြသောကြောင့် ဖြစ်သည်။

ဤသို့ ဒီမိုကရေစီ နည်းကျကျ ပြင်ဆင်သည်သာ အောင်မြင်သွားက မိမိတို့ တပ်များ အဖို့ မေမြို့၊ မိတ္ထှီလာ နှင့် မင်္ဂလာဒုံ တပ်စခန်းများ အတွင်းတွင်သာ ကုပ်၍ နေကြရတော့မည်ကို သူ့အနေဖြင့် မည်သို့ လက်ခံ၍ ရပေမည်နည်း။

ဒီအတွက်လည်း ဒီည အစီအစဉ်ကို အကောင်အထည် ဖေါ်မှ ဖြစ်ပေတော့မည်။ (ဗိုလ်မှုးကြီး) လှမြင့်၏ သံချပ်ကာ တပ်များ အချိန်မှီ ရောက်မှလည်း ဖြစ်မည်။

မတ်လ ၂ ရက်နေ့ မနက် နှစ်နာရီခန့်တွင် တပ်များ က စုရပ်မှနေ၍ သံချပ်ကာ ကားများ၊ ကားကြီးကားငယ်များ ဖြင့် ရန်ကုန် မြို့ထဲ ချီတက်လာကာ သမ္မတ ဦးဝင်းမောင်၊ ၀န်ကြီးချုပ် ဦးနု၊ ၀န်ကြီးများ၊ အာဏာ စွန့်ပြီးသော စော်ဘွားများ၊ တရားဝန်ကြီးချုပ် အားလုံး ကို ကြက်ကလေး ငှက်ကလေးများ လို ဖမ်းဆီးနိုင်ခဲ့ကြသည်။

သို့သော် သမ္မတဟောင်း စပ်ရွှေသိုက် အိမ်သို့ ၀င်ရောက် ရာတွင် သားငယ် ဖြစ်သူ စောမီမီ ဆိုသူက ခုခံ သဖြင့် အပြန်အလှန် ပြစ်ခတ်ကြပြီး စောမီမီ အား အသေဖမ်းဆီးနိုင်ခဲ့ပြီး အိမ်ဝင်းထဲရှိ လူပေါင်း၂၂ ယောက်ကို ပါ ဖမ်းဆီးခဲ့ရသည်။

ဖမ်းဆီးထားသူများ ကို မြန်မာ အသံ ရှိရာသို့ ပြန်ခေါ်လာပြီး ၎င်းတို့ စည်းဝေးခဲ့ရာ ခမ်းမကြီး အတွင်း ထိမ်းသိမ်းထားခဲ့သဖြင့် ပြီးခဲ့သည့် နာရီပိုင်း လောက်က ၎င်းတို့ ချန်ထားခဲ့သည့် ပြည်ထောင်စု ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ပေါက်ရေး စာရွက် စာတမ်းများ က ပန်ကာလေကြောင့် တဖျတ်ဖျတ် လွင့်နေသည်ကို အဖမ်းခံရသူများ ကြေကွဲဝမ်းနည်းစွာ စိုက်ကြည့်နေခဲ့ရသည်။

သို့သော်လည်း နောက်တနေ့ထုတ် ကမ္ဘာသတင်းစာကြီးများက သွေးထွက်သံယို မရှိသော အာဏာ သိမ်းပွဲကြီး အဖြစ် ကင်ပွန်းတပ် ရေးသားခဲ့သည်မှ လွဲ၍ ဘာမှ ထင်မြင်ချက် မပေးခဲ့ကြ။

ဦးနု ဆိုက မည်မျှ ရိုးလိုက်ပါသနည်း။ သူ့အား သွားရောက် ဖမ်းဆီးသူများ အား “မင်းတို့ ဗိုလ်နေ၀င်းကို ကောင်းကောင်း ထားရဲ့လား၊ သူကကော ခုခံ သေးလားဟု” မေးခဲ့သေးသည်။ ဦးနုက အာဏာသိမ်း အုပ်စုတွင် သူ မပါဟု ထင်ထား ရှာသည်။ ထိုသို့ ထင်အောင်လည်း ပြီးခဲ့သည့် ၁၃ လ က သူ့ထံ အာဏာ ပြန်လွှဲခဲ့ချိန်မှစ၍ တိုင်းပြည်ကို နောက်တကြိမ် အုပ်ချုပ်ဖို့ စိတ်ကုန်ဟန် ဆောင်ခဲ့သည်ကို အဟုတ် အောက်မေ့နေရှာ၍ ဖြစ်သည်။

မနက်တွင်တော့ သူ စိုးရိမ်သလို ပြည်သူ ပြည်သားများ က လမ်းပေါ် ထွက်မလာကြသည့်အပြင် ရုံးတက်မပျက်၊ ဈေးသွား မပျက် အရင် အတိုင်း ရှိခဲ့၍ သက်ပြင်းချ ကာ လုပ်စရာ ရှိတာ ဆက်လုပ်ခဲ့ရသည်။

ထို့သို့ ဖြစ်ရန်လည်း ၎င်းတို့ ကြောက်လန့်နေကြသည့် ဖက်ဒရယ်မူ ဆိုတာ ပြည်ထောင်စုကြီးမှ ခွဲထွက်အောင် လုပ်၍ တိုင်းပြည် ပြိုကွဲတော့မည် ဆိုကာ ချောက်လုံး လှိမ့်လုံးများ သုံးခဲ့ရသေးသည် မဟုတ်ပါလား၊

(ထိုသို့ ရုံးတက်မပျက် ဈေးသွား မပျက် ရှိခဲ့ကြသူများ က နောင်တချိန်တွင် သူတို့မှ မွေးဖွားလာမည့် ရင်သွေးလေးများသည် တ၀မ်းတခါး အတွက် ပင်ပန်းကြီးစွာ မငတ်ရုံတမယ် ရုန်းကန် လှုပ်ရှားကြရပေတော့မည်ကို မသိရှာခဲ့ကြပေ)။

နောက်တနေ့ တွင် သူ အပါအ၀င် စစ်ဗိုလ်ချုပ် ကိုးယောက် နှင့် အစိုးရကို အမြန်ဖွဲ့စည်းလိုက်သည်။

သူကိုယ်တိုင်က ကာကွယ်ရေး၊ ဘဏ္ဍာရေး၊ တရားစီရင်ရေး တာဝန်များကို ယူလိုက်သည်။

ထိုသို့ ယူခဲ့ခြင်းကို သူ၏ တော်လှန်ရေး ကောင်စီက မတ်လ ၉ ရက်နေ့တွင် အတည်ပြု ပေးခဲ့သဖြင့်လည်း အုပ်ချုပ်ရေး အာဏာ၊ တရားစီရင်ရေး အာဏာ နှင့် ဥပဒေပြု အာဏာများ အားလုံး သူတဦးတည်း ပိုင်ဆိုင်ခွင့် ရသွားခဲ့ပြီ ဖြစ်သည်။

ထိုမျှမကသေး တရုတ်နီ ၀န်ကြီးချုပ် ချုအင်လိုင်း ထံမှ အသိအမှတ် ပြုလွှာ အားလည်း တရုတ် သံရုံးမှ သူ့လက်ထဲ အရောက်ထဲ့ပေးခဲ့ပြီလည်း ဖြစ်သည်။ ဘာများ စိုးရိမ်စရာ ရှိဦးမည်နည်း။

ဤသို့ဖြင့် တိုင်းပြည်တွင် စစ်မှန်သော ဒီမိုကရေစီ စနစ်သည်လည်း နိဂုံးချုပ် သွားခဲ့ရသည်မှာ ယနေ့တိုင်ပင် ဖြစ်ပေတော့သည်

(ကြေးမုံ ဦးသောင်း ၏ ဘီလူးတို့ရွာ ပါ အကြောင်းအရာ များ ကို ပြန်လည် ခံစားတင်ပြသည်။)

ဓါတ်ပုံ ခရက်ဒစ် ။ ။ Original Uploader

Hla Soewai

COMMENTS

Name

art,1,article,1357,cartoon variety,23,crime,70,culture,1,documentary,9,Entertainment,9,health,36,history,2,international,8819,interview,230,knowledge,9,Live,8,LocalNews,18130,news,2842,opinion,795,photos,203,poem,117,satires,40,song,12,speech,13,sports,196,statement,59,technic,59,translate,36,video,1077,voice,76,
ltr
item
dawnmanhon: ထာဝရ စစ်အာဏာရှင် စနစ် မွေးဖွားခဲ့သည့်နေ့
ထာဝရ စစ်အာဏာရှင် စနစ် မွေးဖွားခဲ့သည့်နေ့
https://2.bp.blogspot.com/-YihnpgGtlis/XHtJV0w0iEI/AAAAAAAAfqE/CZ9tUiriauEqc3wgFnaMh9jACVDNolTZACLcBGAs/s640/q1.jpg
https://2.bp.blogspot.com/-YihnpgGtlis/XHtJV0w0iEI/AAAAAAAAfqE/CZ9tUiriauEqc3wgFnaMh9jACVDNolTZACLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2019/03/blog-post_97.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2019/03/blog-post_97.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy