ဖျာပုံမြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးမင်းဆွေနှင့် ( The Ladies News သီးသန့် အင်တာဗျူး )

အဓမ္မပြုကျင့်သည်ဟု စွပ်စွဲခြင်းခံထားရသည့်
ဖျာပုံမြို့ နယ် NLD ပါတီဥက္ကဋ္ဌဦးမင်းဆွေကို
The Ladies News က ယနေ့ ( မတ် ၆ )တွင်
သီးသန့် တွေ့ ဆုံမေးမြန်းထားပါ သည်။

နိုင်ငံသား၏ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုအကာကွယ်ပေးရေး ဥပဒေပုဒ် မ ၁၀/၁၂ ဖြင့် အဓမ္မပြုကျင့်သည်ဟု စွပ်စွဲထားသော မအေးမြတ်သူအား ဖျာပုံမြို့နယ်တရားရုံး၌ ဦးမင်းဆွေက တရားစွဲဆိုထား သည့်ရုံးချိန်းအပြီးတွင် သီးသန့် တွေ့ ဆုံ
မေးမြန်းထားခြင်း ဖြစ်ပါသည်။

မေး - ပထမဦးဆုံးအနေနဲ့ ဒီနေ့ရုံးချိန်း
အခြေအနေကို ပြောပြပေးပါ ခင်ဗျ။

မေး - ကျွန်တော်တို့ကတော့ ဒီဟာနဲ့ပတ်သက်ပြီးပထမဆုံး တင်တာတော့ ဆေးရုံမှာ ကျွန်တော်နာမည်ကို ထည့်တဲ့ အ တွက် ကန့်ကွက်လွှာတင်တယ်။နောက်ရဲစခန်းမှာအမှုဖွင့်တဲ့ စာတင်တယ်။ သတင်းစာရှင်းလင်းပွဲနဲ့ပတ်သက်ပြီးတင်တဲ့ အခါ Eleven မှာ သူတို့ နှစ်ယောက်ရယ် ၊ ဘုန်းကြီးရယ် သတင်းစာရှင်းလင်းပွဲလုပ်တဲ့ဟာ တင်တဲ့အခါကျတော့ သူ တို့ဘက်ကရှေ့နေက ကန့်ကွက်တယ်။ အစိုးရထုတ်တဲ့ သ တင်းစာမဟုတ်တဲ့အတွက် ဒီဥစ္စာ တရားမဝင်ပါဘူးဆိုပြီး ကန့်ကွက်တယ်။ အဲဒီတော့ ဟိုဘက်ဒီဘက် လျှောက်လွှဲ ချက်ပေးပြီးတော့ ဒါကို လာမယ့် ၁၈ ရက်နေ့မှာ အမိန့်ချပါ မယ်လို့  တရားသူကြီးကပြောပြီး နားလိုက်တယ်။

မေး - ဝိတိုရိယဆေးရုံးမှာ ဆေးစစ်ချက် လုပ်ထားတယ် ဆိုတော့ ဘယ်လို ဆေးစစ်ချက်မျိုးလည့်း့

မေး - ကျွန်တော်က ခလေး ငါးယောက်မွေးပြီးတော့ အ သက် ၂၈ နှစ်မှာသားကျောဖြတ်တယ်။ သားကျောဖြတ် ပြီးကတည်းက ခလေးမရတော့ဘူး။ ၄၇ နှစ်ရှိပြီ။ ဒီဥစ္စာ ကို ဝိတိုရိယမှာ ပြန်ပြီးစစ်လိုက်တဲ့အခါကျတော့ သုတ်ပိုး တစ်ခုမှမတွေ့ဘူးဆိုတဲ့ အဖြေကိုရတယ်။ သားကျောဖြတ် ထားတယ်ဆိုတာကို အခိုင်အမာရအောင် ထပ်ပြီးတင်ပြ
ထားတယ်။

မေး - တစ်ဖက်ကလည်းစွပ်စွဲတယ်။ ဆရာ့ဘက်လည်း ငြင်းဆိုတယ်။ဒီကိစ္စကပါတီရဲ့ပုံရိပ်ကိုမထိခိုက်နိုင်ဘူးလား

ဖြေ - ပါတီရဲ့ပုံရိပ်ကိုအင်မတန်ထိခိုက်တာပေါ့။ ပါတီပုံရိပ် ကျအောင်လုပ်တာ။ ဒါဟာလုပ်ကြံပြီးတော့ စွပ်စွဲတာ။ဘာ ကြောင့်လည်းဆိုတော့ ကလေးမလေးက ၁ ရက် ၅ လမှာ အိမ်မှာအလုပ်ဝင်တယ် ။ ၄ရက် ၉ လမှာ အိမ်ကို ပြန်သွား တယ်။ အဲဒီတော့ သူလုပ်တာဟာ ၄လနဲ့ ၃ရက်ပဲရှိတယ်။ အဲလို ၄ရက် ၉လမှာ ပြန်သွားပြီး ၁၀ရက်နေ့ အာထရာ ဆောင်းရိုက်တဲ့အခါကျတော့ အဲဒီအာထရာဆောင်းဆရာ ဝန်ရဲ့တွေ့ရှိချက်က ကလေးက ဗိုက်ထဲမှာ ၆လခွဲတွေ့နေ ပြီ။ ၆လခွဲ တွေ့နေတဲ့အတွက် ကျွန်တော်ဆ်ီမှာလုပ်သွား တာ ၄လ ။ ဒါကြောင့်မို့လို့ ကျွန်တော်အိမ်ကိုလာပြီးအလုပ်
လုပ်တဲ့အချိန်မှာ ဒီကောင်မလေး ဗိုက်ထဲမှာ ခလေးက ၂လခွဲပါလာတယ်ဆိုတဲ့အဖြေဟာ ထင်ရှားသွားပြီ။ ဒါ ကြောင့် ဒါဟာ ကျွန်တော်နဲ့ ပတ်သက်တာလည်း မဟုတ် ဘူး။ သူဟာသူ ဘယ်ကဘယ်လိုရလာတဲ့ ကလေးလည်း မ သိဘူး။ဒါပေမယ့် အတင်းအဓမ္မ ကျွန်တော့်ကို ဂုဏ်သိက္ခာ ကျအောင်စွပ်စွဲတယ်။ ပါတီပုံရိပ်ကျအောင် စွပ်စွဲတယ်။

မေး - NLD ပါတီကရော ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆရာ့ကို ဘာများပြောဆိုထားတာရှိလည်း ။

ဖြေ - NLD ဗဟိုနဲ့ ပတ်သက်လို့တော့ ဘာမှ ညွှန်ကြားတာ မရှိဘူး။ ဒီနေ့အထိလည်း ပါတီနဲ့ပတ်သက်လို့ ဘာမှစစ် ဆေးတာမရှိဘူး။ ပါတီစည်းကမ်းအရ လာစစ်တာလည်း မရှိဘူး။ ဒီဟာနဲ့ပတ်သက်လို့။ ဒါပေမယ့် ပြီးခဲ့တဲ့ ဖေဖေါ်ဝါ ရီ တတိယပတ် စနေနေ့မှာ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ၂၆ မြို့နယ် ပါတီဥက္ကဋ္ဌတွေ အစည်းအဝေးလုပ်တဲ့အချိန် မှာ ဒီဥစ္စာနဲ့ ပတ်သက်ပြီး သတိထားဖို့ဆိုတာ တရားဝင် အ စည်းအဝေးမှာပြောခဲ့တယ်။ အဲဒီလိုပြောပြီးပြန်လာမှ သ တင်းစာရှင်းလင်းပွဲလုပ်တယ်ဆိုတဲ့အသံကိုကြားရတယ်။ ဒီနေ့ အထိ NLD က စစ်ဆေးတာ မရှိပါဘူး။

မေး - ၂၀၂၀ရွေးကောက်ပွဲအတွက်ဒီကိစ္စကဘယ်လောက်
အထိအကျိုးသက်ရောက်နိုင်မလည်း။

ဖြေ - ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်မှာဒီကိစ္စအားလုံးဟာ
အဖြမှန်ပေါ်သွားလိမ့်မယ်။ ပေါ်သွားပြီးတဲ့အခါမှာအားလုံး ရှင်းသွားမယ်။ ဒါပေမယ့် တို့က တစ်တိုင်းပြည်လုံး သိ အောင် သတင်းစာရှင်းလင်းပွဲလုပ်ရလိမ့်မယ်။

Photo- အောင်ရဲနောင်
The Ladies News

COMMENTS

Name

art,1,article,1357,cartoon variety,23,crime,70,culture,1,documentary,9,Entertainment,9,health,36,history,2,international,8819,interview,230,knowledge,9,Live,8,LocalNews,18130,news,2842,opinion,795,photos,203,poem,117,satires,40,song,12,speech,13,sports,196,statement,59,technic,59,translate,36,video,1077,voice,76,
ltr
item
dawnmanhon: ဖျာပုံမြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးမင်းဆွေနှင့် ( The Ladies News သီးသန့် အင်တာဗျူး )
ဖျာပုံမြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးမင်းဆွေနှင့် ( The Ladies News သီးသန့် အင်တာဗျူး )
https://3.bp.blogspot.com/-2Z_sjYho4lk/XH_oxzwrxYI/AAAAAAAAfqs/4rDSX_pB_RcxfibDOet6LCsKL--89n_LgCLcBGAs/s400/q1.jpg
https://3.bp.blogspot.com/-2Z_sjYho4lk/XH_oxzwrxYI/AAAAAAAAfqs/4rDSX_pB_RcxfibDOet6LCsKL--89n_LgCLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2019/03/nld-ladies-news.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2019/03/nld-ladies-news.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy