ကန် ကုမ္ပဏီတွေ နိုင်ငံခြား ပြောင်းရင် အကျိုးဆက် ကြုံတွေ့စေမယ်လို့ ဒေါ်နယ် ထရမ့် ပြော



USA Thank you Tour 2016 အဖြစ် အမေရိကန် ပြည်နယ် တွေကို ကျေးဇူး တင်ကြောင်း ခရီး လှည့်လည် ပြောကြား
အမေရိကန် ကုမ္ပဏီ တွေ အနေနဲ့ နိုင်ငံရပ်ခြား မှာ ကုမ္ပဏီ ပြောင်းရွှေ့ဖွင့်လှစ် မယ်ဆိုရင် အကျိုးဆက် တွေကို ခံစားရ လိမ့်မယ်လို့ ရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့်က သတိပေး ပြောကြား လိုက်ပါတယ်။

အင်ဒီယားနား ပြည်နယ် က လေအေး ပေးစက် တွေ ထုတ်လုပ် တဲ့ ကာရီယာ ကုမ္ပဏီ ကို အမေရိကန် နိုင်ငံမှာဘဲ ဆက်လက် ရှိနေဖို့ သွားရောက် စည်းရုံး ခဲ့ပြီး နောက်မှာ ဒေါ်နယ် ထရမ့် က အခုလို ပြောကြား လိုက်တာ ပါ။

အပြန်အလှန် အနေနဲ့ အင်ဒီယားနား ပြည်နယ် အစိုးရက ကယ်ရီယာ ကုမ္ပဏီ ကို ဒေါ်လာ ၇ သန်း အကောက်ခွန် လျော့ပေါ့ ပေးခဲ့ပြီးနောက်မှာ အမေရိကန် နိုင်ငံမှာ ဘဲ ဆက်ရှိနေဖို့ ကုမ္ပဏီ ဘက်က သဘောတူညီ ခဲ့ပါတယ်။

အင်ဒီယာနား ပြည်နယ်က အလုပ်သမား ထောင်ပေါင်း များစွာ ကိုလည်း အလုပ် အကိုင် တည်မြဲအောင် ဆောင်ရွက် ပေးခဲ့တယ်လို့ ဒေါ်နယ် ထရမ့် က ပြောကြား ခဲ့ပါတယ်။

ရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့် ဟာ ရွေးကောက်ပွဲ အောင်နိုင်ခဲ့တဲ့အတွက် USA Thank you Tour 2016 အဖြစ် အမေရိကန် ပြည်နယ် တွေကို ကျေးဇူး တင်ကြောင်း ခရီး လှည့်လည် ပြောကြား နေပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.