သမ္မတရဲ့ အမိန့်ကို တရားသူကြီး တားဆီး


သမ္မတ ဒေါ်နယ်ထရမ့် ထုတ်ပြန်ထားချက်ပါ အမေရိကန်ကို အသစ်ဝင်ရောက်လာတဲ့ မွတ်ဆလင် တိုင်းပြည် တချို့က လူတွေကို နှင်ထုတ်မယ့် အစီအစဉ်ကို ဗဟို ပြည်ထောင်စု တရားသူကြီး တဦးက ယာယီ တားမြစ်လိုက်ပါတယ်။

ထရမ့်ရဲ့ မွတ်ဆလင် အများစု ရှိရာ တိုင်းပြည်တွေက ရွှေ့ပြောင်း အခြေချနေထိုင်သူတွေနဲ့ ဒုက္ခသည်တွေကို ပြည်ဝင်ခွင့် ပိတ်ပင်မှု အပေါ် ပြီးခဲ့တဲ့ စနေနေ့က အမေရိကန် ပြည်သူ့ရေးရာ လွတ်မြောက်ခွင့် အဖွဲ့ချုပ် (ACLU) က တရားရုံးတင် တရားစွဲခဲ့ပါတယ်။

အမှုကို စစ်ဆေးရာမှာ တရားသူကြီး အန်းဒေါ်နယ်လီ က သမ္မတရဲ့ အမိန့်ကြောင့် လေဆိပ်မှာ ပိတ်မိနေတဲ့ တိုင်းပြည်ထဲကို တရားဝင် ဝင်ခွင့် ပြုခဲ့တဲ့ ပြည်ဝင်ခွင့် လက်မှတ် ဗီဇာပါ ခရီးသွားတွေ သို့မဟုတ် အသိအမှတ်ပြုပြီး ဒုက္ခသည်တွေ ပြည်နှင်ဒဏ်ပေးမယ့် အစီအစဉ်ကို တားဆီးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ACLU အဖွဲ့ က ပြောပါတယ်။ တရားသူကြီးက လေဆိပ်မှာ ဖမ်းဆီးထားတဲ့ လူတွေရဲ့ နာမည်စာရင်းကို ထုတ်ပြန်ပေးဖို့လည်း အစိုးရကို အမိန့်ပေးခဲ့တယ် ဆိုပါတယ်။

အမေရိကန်က လေဆိပ်တွေနဲ့ လေယာဉ် ချိတ်ဆက် ပြောင်းလဲမှုတွေမှာ အယောက် ၂၀၀ ကနေ ၁၀၀ ကြား ရှိတဲ့ လူတွေဟာ ဖမ်းဆီးခံထားရတယ်လို့ အဲဒီအဖွဲ့က ခန့်မှန်းပါတယ်။

သမ္မတသစ်ရဲ့ လူဝင်မှု ကြီးကြပ်ရေး အပေါ် တင်းကျပ်လိုက်တဲ့ မူဝါဒတွေကို အမေရိကန် ပြည်နယ် အများအပြားရှိ လေဆိပ်တွေမှာ ရာနဲ့ချီတဲ့ ဆန္ဒပြမှု တွေ ဖြစ်ပေါ်လာအပြီးမှာ အခု တရားရုံးဆုံးဖြတ်ချက် ထွက်လာခဲ့တာပါ။

အမေရိကန် ပြည်ဝင်ခွင့် ရက် ၉၀ ပိတ်ခံထားရတဲ့ နိုင်ငံ ၇ နိုင်ငံကတော့ အီရန်၊ အီရတ်၊ လစ်ဗျား၊ ဆိုမားလီးယား၊ ဆူဒန်၊ ဆီးရီးယားနဲ့ ယီမင် နိုင်ငံတွေ ဖြစ်ပါတယ်။
BBC Burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.